[05]

664 57 8
                                    

__Zawgyi__

                       အပိုင်း{၀၅}

သျှားစစ်ယံရဲ့ဘဝမှာ ဘယ်သူ့ကိုမှထုတ်မပြောဖူးတဲ့ လျှို့ဝှက်ချက်တစ်ခုရှိသည်။ "ရှိတယ်လို့သတ်မှတ်မထားသော" မိဘနှစ်ပါးအပြင် ခင်မင်ခဲ့ဖူးသော သူငယ်ချင်းများကိုပါ တစ်ခါမှထုတ်မပြောခဲ့ဖူးပေ။

အပေါ်စာကြောင်းက "ရှိတယ်လို့သတ်မှတ်မထားသော"ရဲ့အဓိပ္ပါယ်ကို အနည်းငယ်ရှင်းပြပါရစေ။ သျှားစစ်ယံ၏မိဘနှစ်ပါးစလုံး သက်ရှိထင်ရှားရှိနေပေမယ့် သျှားစစ်ယံဟာ သူ့ကိုယ်သူမိဘမဲ့တစ်ယောက်ဟု ခံယူထားသည်။ အဘယ်ကြောင့်ဆိုသော် သူက တစ်ဘဝလုံး မိဘမဲ့တစ်ယောက်လို ရှင်သန်လာခဲ့ရသည်။ သျှားစစ်ယံ လူမှန်းသိတတ်စအရွယ်ကပင် အခုအချိန်အထိ သူ၏မိဘများက သူ့အပေါ်ဂရုစိုက်ဖူးသည့် ကိစ္စသေးသေးလေးတောင်မှ သျှားစစ်ယံ၏မှတ်ဉာဏ်ထဲမှာမရှိခဲ့။

သူတို့က သျှားစစ်ယံကိုမွေးပြီး လုံးဝကိုဂရုမစိုက်ပဲ ပစ်ထားခဲ့ကြသည်။ သျှားစစ်ယံဟာ အဒေါ်တွေနဲ့ အိမ်နီးနားချင်းတွေရဲ့ ဝိုင်းဝန်းထိန်းကျောင်းပေးမှုအောက်မှာကြီးပြင်းလာခဲ့ရသည်။ အရွယ်ရောက်လာချိန်မှာတော့ သူ့ကိုလုံးဝဂရုမစိုက်ခဲ့သော မိဘနှစ်ပါးအား အဆက်အသွယ်ဖြတ်ပြီး ကိုယ့်ဘဝကိုယ်ကျောင်းပြီး တစ်ယောက်ထဲနေထိုင်ခဲ့သည်။ သူ၏မိဘနှစ်ပါးကတော့ သူ့ကိုတစ်ကြိမ်တစ်ခါလေးမှ အဆက်အသွယ်မလုပ်ခဲ့ပါပေ။ သျှားစစ်ယံ ဆယ်တန်းစာမေးပွဲအောင်ချိန်မှာတော့ သူ၏မိဘနှစ်ပါးက ကွာရှင်းခဲ့ကြပြီး အသီးသီးနောက်အိမ်ထောင်ပြုခဲ့ကြသည်။ သူတို့ပျော်ရွှင်နေကြတယ်ထင်ပါရဲ့။ သျှားစစ်ယံကတော့ ထိုသူတို့အား ဂရုမစိုက်တော့တာကြာပြီ။

ကဲပါလေ..ပြောချင်တဲ့အကြောင်းအရာအား ပြန်ကောက်ရလျှင်တော့ဖြင့်...သျှားစစ်ယံမှာ ဘယ်သူ့ကိုမှ မပြောပြဖူးတဲ့ လျှို့ဝှက်ချက်တစ်ခုရှိသည်။ အဲ့ဒါဟာ ဘာလဲဆိုတော့ သျှားစစ်ယံဟာ ဂေးတစ်ယောက်။ သူ၏စိတ်ဝင်စားမှုဟာ မိန်းကလေးတွေပေါ်မှာမရှိပဲ ခပ်ချောချောယောက်ျားလေးတွေပေါ်မှာပဲ ဖြစ်ပေါ်တယ်ဆိုတာ သတိထားမိချိန်မှာ အပေါင်းအသင်းများနဲ့ ခပ်ခွာခွာနေခဲ့သည်။ ဤအရာကို လူ့ပတ်ဝန်းကျင်ကလက်ခံမှာမဟုတ်ဘူးလို့ မှတ်ယူထားခဲ့ပြီး တစ်ယောက်ယောက်ကသိသွားမှာကို ကြောက်နေခဲ့မိသည်။

Boyfriend{Completed}Où les histoires vivent. Découvrez maintenant