[03]

756 72 4
                                    

            အပိုင်း{၀၃}

_Zawgyi_

တဆစ်ဆစ်နဲ့ ကိုက်နေတဲ့ခေါင်းကိုဖိထားရင်း စောခန့်ရန် ငူငူငိုင်ငိုင်နဲ့ထိုင်နေသည်။ ဒီနေ့လည်း အတန်းချိန်မရှိသည်မို့ သူနားရက်ရထားသည်။ ဒါကြောင့်ပဲ သူမနေ့က အရက်သောက်နိုင်တာပေါ့။ မနေ့ကသောက်ထားတဲ့အရှိန်က မပြယ်သေးတာမို့ စိတ်က အပြည့်အဝကြည်မလာသေးပေ။ ဒါ့အပြင် အရှေ့မှာ ရှိနေတဲ့စားပွဲပေါ်က အရာတစ်ခုကြောင့် ခေါင်းက နှစ်ဆ ပိုကိုက်ရသည်။

ထိုအရာက ဖိတ်စာတစ်စောင်ပေ။ နည်းနည်းတိကျအောင်ပြောရရင်တော့ မင်္ဂလာ‌ဆောင်ဖိတ်စာပေါ့။ ဒီထက်တိကျအောင် ပြောရရင်တော့ စောခန့်ရန်စာသင်နေတဲ့ ကျူရှင်အိမ်က မြန်မာစာဆရာနဲ့ အင်္ဂလိပ်စာဆရာမလေး၏ မင်္ဂလာ‌ဆောင်ဖိတ်စာပင်။ အတိကျဆုံးပြောရရင်တော့ဖြင့် စောခန့်ရန်ကြိတ်ကြိုက်ရပါသော crush ၏ မင်္ဂလာ‌ဆောင်ဖိတ်စာပင်။

စောခန့်ရန်မှတ်မိသလောက် မနေ့ကပဲ သူမကို ရည်းစားစာပို့လိုက်တာ‌ပင်။ ဒီနေ့ သူမက မင်္ဂလာဆောင်ဖိတ်စာ ပြန်ပို့လိုက်သည်။

သောက်ကျိုးနည်းလှချေသည်။

ဤဖိတ်စာအား သူမကိုယ်တိုင် ခုနကမှလာပေးသွားတာပေ။ ပြုံးရွှင်နေတာမှ လောကကြီးတစ်ခုလုံးကို သူမအပိုင်စားရထားသလို။ အရက်နံ့တထောင်းထောင်းနဲ့ စောခန့်ရန်တစ်ယောက် မနက်စောစော အိမ်တံခါးဖွင့်လိုက်သည့်အချိန်မှာ ကြောင်အသွားရသည်။ သူမကိုကြည့်ရသလောက် စောခန့်ရန်က သူမကို တစ်ခါမှ ရည်းစားစာမပို့ခဲ့သလိုပင်။ မသိချင်ယောင်ဆောင်နေတာလား??။ မဟုတ်...လုံးလုံး မသိတာပေ။

သူမ စာကိုမဖတ်မိတာလား..

မမြင်မိတာလား..

ဒါမှမဟုတ် စာက သူမဆီရောက်ကိုမရောက်သွားတာလား..!!!

ရှုပ်ပွနေသည့်နေရာမှာ စောခန့်ရန် လှန်လှောပြီး ဖုန်းကိုရှာမိသည်။

တစ်ခုခုတော့ လွဲနေပြီ..!!

ဒါပေမယ့် ဘာလွဲနေတာလဲ?

စောခန့်ရန် သူ၏ဖုန်းစခရင်မ်ကို စိုက်ကြည့်နေမိသည်။ massage က သေချာပေါက် သူ့ဆီကထွက်ထားသည်။ တစ်ဖက်ကိုလည်းရောက်သွားပြီ။ စာကလည်း မှား‌မနေတာမှ စာလုံးပေါင်းတောင်မှားမနေ။

Boyfriend{Completed}Where stories live. Discover now