[11]

526 68 9
                                    

__Zawgyi__

                         အပိုင်း{၁၁}

စောခန့်ရန် စာသင်နေစဉ် စိတ်မနှစ်နိုင်ဘူးဖြစ်နေသည်။ ကလေးတွေကတော့ သတိမထားမိပေမယ့် စောခန့်ရန်တော်တော်လေးစိတ်ညစ်နေရတာအမှန်။ သူဘာကြောင့်စိတ်ညစ်နေသလဲ?

မနက်က သျှားစစ်ယံ သူ့ကုတင်ပေါ်ရောက်နေတာကြောင့်လား။ ဒါမှမဟုတ် အဲ့အချိန်လေးမှာ သူရင်ခုန်လာတာကြောင့်လား။ ဆင်ခြေပေးရမယ်ဆိုရင် မနက်အိပ်ရာနိုးလာတဲ့အချိန်မှာ သူစိမ်းတစ်ယောက်က ကိုယ့်ကုတင်ပေါ်ရောက်နေပြီး ကိုယ့်ကိုဖက်ထားတယ်ဆိုရင် ဘယ်သူမဆိုလန့်ပြီးတော့ နှလုံးခုန်မြန်လာမှာပဲလေ။ သို့သော် ဒါဟာဆင်ခြေတစ်ခုပင်။ သျှားစစ်ယံ သူ့ကိုဖက်ထားတယ်ဆိုတာသိလိုက်တဲ့အချိန်မှာ သူ့နှလုံးသားထဲမှာ နွေးထွေးတယ် ဆိုတဲ့အသိလေး ဝင်ရောက်လာခဲ့သည်။

အား..မင်းဘာတွေဖြစ်နေတာလဲ?? မင်း အရမ်းကိုထူးဆန်းနေပြီ!! ကိုယ့်ကိုကိုယ်ထိန်းစမ်း!!!!

စိတ်ညစ်ဖို့ကောင်းတဲ့ကိစ္စက နောက်တစ်ခုရှိသေးသည်။ သူ ကြိုက်ခဲ့မိသော အင်္ဂလိပ်စာဆရာမလေးနဲ့ မြန်မာစာဆရာတို့ချစ်နေတဲ့ ကိစ္စက သူတစ်ယောက်ကလွဲ ကျူရှင်တစ်ခုလုံးသိပါသတဲ့။ ဒါဆို အစကတည်းက သူကတစ်ဖက်သတ်ဖြစ်နေတဲ့အပြင် တော်တော်လေးကိုမွှန်နေခဲ့တာပဲ။

တော်ပါသေးရဲ့..မဟုတ်ရင် ငါတော့ စနိုက်ကောင်လုံးလုံးဖြစ်တော့မလို့...!

စာသင်ချိန်တွေအကုန်ပြီးသွားတဲ့အခါ ကျောင်းသားတွေပြန်တာကိုစောင့်ရင်း စောခန့်ရန် အပေါက်ဝမှာ ရပ်နေသည်။ ရပ်နေရင်းနဲ့ မျက်စိရှေ့ကနေ အင်္ဂလိပ်စာ ဆရာမလေးက ဖြတ်လျှောက်သွားတဲ့အချိန်မှာ စောခန့်ရန် တစ်ခုခုကိုသတိထားမိလိုက်သည်။ သူမအပေါ်မှာ ဘာခံစားချက်မှမရှိတော့ပေ။ အရင်တုန်းကဆို မတွေ့ရင်တောင် သူမကိုပဲလိုက်ရှာနေမိပြီး တစိမ့်စိမ့်ကြည့်နေခဲ့တာ။ အခုတော့လည်း အဲ့ခံစားချက်တွေက တစ်ခါမှမဖြစ်တည်ဖူးတဲ့အလား။ သူမမှာပိုင်ရှင်ရှိနေပြီးသားမို့ မေ့လိုက်တယ်ဆိုရင်တောင်မှ အသဲကွဲတဲ့ခံစားချက်တောင်ကျန်မနေ။ ခံစားချက်တွေအားလုံး ပျောက်ကွယ်သွားခဲ့တာ မြန်လွန်းလှသည်။

Boyfriend{Completed}Where stories live. Discover now