[07]

573 69 9
                                    

 __Zawgyi__

                           အပိုင်း{၀၇}

"ကဲ...ခင်ဗျား အခုသိသွားပြီဆိုတော့..ကျွန်တော့်ကို တာဝန်ယူတော့"

"..."

အခုမှအခြေအနေကို ဖြည်းဖြည်းချင်းသဘောပေါက်လာသော စောခန့်ရန်တစ်ယောက် ထိုကောင်လေး၏စကားကြောင့် ပြူးပျာသွားရတော့သည်။ အစက နားမလည်လို့ သိပ်သဘောမထားပေမယ့် နားလည်သွားသည့်အခါမှာတော့ အဲ့စကားက တော်တော်လေး ခေါင်းကိုက်စေသည်။

ဒုက္ခပဲ...ငါတော့ ကွိုင်တက်ပြီ...!

ကိုယ့်ဘက်ကအမှားဖြစ်နေသည့်အတွက် စောခန့်ရန် တစ်ဖက်ကောင်လေးရဲ့မျက်နှာကို မဝံ့မရဲလှမ်းကြည့်လိုက်မိသည်။

"ဟိုလေ..ဟို..တကယ်တော့ အဲ့ဒါက မှားသွားတာ။ ငါ..ငါမှားပြီးပို့လိုက်မိတာ။ တောင်းပန်ပါတယ်ကွာ...စိတ်ထဲမထားပါနဲ့..ဟုတ်ပြီလား"

စောခန့်ရန် တောင်းပန်တဲ့အနေနဲ့ အားနာတဲ့အပြုံး ပြုံးပြလိုက်သေးသည်။ သို့သော် သျှားစစ်ယံကတော့ မျက်မှောင်ကုတ်သထက်ကုတ်သွားတော့သည်။

"ဟမ်??.. ဒီမယ် ခင်ဗျားကြီးက အဲ့တော့ ကျွန်တော့်ကို တာဝန်မယူနိုင်ဘူးလို့ပြောချင်တာပေါ့ ဟုတ်လား?။ ဟား..ခင်ဗျားကတော်တော်ကို တာဝန်မဲ့တာပဲ..ခင်ဗျား‌ကြောင့် ကျွန်တော့်ဘဝကြီး ဘယ်လောက်ပြောင်းလဲသွားရတယ်မှတ်လဲ?။ အဲ့ဒါကို ခင်ဗျားကတော့ အမှားတစ်ခုပါဆိုပြီး ရှောင်ပြေးဖို့လုပ်တယ်ပေါ့.."

သျှားစစ်ယံ၏စကားသံက ဒေါသထွက်နေတာကြောင့် ခပ်ကျယ်ကျယ်ဖြစ်သွားခဲ့ပြီး မရှင်းလင်းသောအဓိပ္ပါယ်များကြောင့် ဘေးမှ ဖြတ်သွားဖြတ်လာလူများက စောခန့်ရန်အား ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။

ဟာ..ပြဿနာက တစ်ဖြည်းဖြည်းကြီးလာသလိုပဲ..!!Q.Q

လူအများက ဝိုင်းကြည့်နေကြတော့ စောခန့်ရန်တစ်ယောက် မျက်နှာဘယ်နားထားရမလဲမသိတော့ဘဲ ထူပူလာချေသည်။ မိမိရှေ့မှ အော်ကြီးဟစ်ကျယ်နဲ့ ပြဿနာရှာနေသော အနှီကောင်လေးအား လက်ကာပြပြီး စိတ်လျှော့ရန်ပြောရတော့၏။

Boyfriend{Completed}Where stories live. Discover now