[08]

554 61 12
                                    

__Zawgyi__

                        အပိုင်း{၀၈}

ပြဿနာကို ရှောင်ပြေးခြင်းသည် ဖြေရှင်းရာမရောက်ပေ။

စောခန့်ရန်ထွက်မလာမချင်း ထိုကောင်လေးက တစ်နေကုန် တံခါးကိုထုပြီး အော်ဟစ်နေမယ့်ပုံရှိသည်။ ထိုသည်ကပင် သူ့ကိုပိုပြီး အရှက်ကွဲစေသည်။

ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် စောခန့်ရန် တံခါးကို ဆတ်ခနဲဆွဲဖွင့်လိုက်သည်။ မထင်မှတ်ထားသည့်အဖြစ်အပျက်ကြောင့် တံခါးကိုမှီပြီး အသားကုန်ထုရိုက်နေသော သျှားစစ်ယံမှာ ဟန်ချက်ပျက်၍ တစ်ဖက်လူ၏ တောင့်တင်းသောရင်ခွင်ထဲသို့ အပြိုပြိုအလဲလဲ။ နှစ်ယောက်စလုံးသည် ကြောင်အနေပြီး တစ်ခဏလောက် ထိုအနေအထားအတိုင်း ဆွံ့အနေမိကြသည်။

အရင်ဆုံးသတိဝင်လာသူမှာ သျှားစစ်ယံပင်။ သျှားစစ်ယံ၏လက်နှစ်ဖက်က အမြန်ဆုံးသော အလျင်ဖြင့် တစ်ဖက်လူ၏ခါးကို ဖက်တွယ်လိုက်ပြီး ထိုသူ၏ရင်ခွင်ထဲသို့ ပို၍နှစ်မြုပ်သွားတော့သည်။

သျှားစစ်ယံ၏ တုံ့ပြန်ချက်ကြောင့် စောခန့်ရန်လည်း သတိပြန်ဝင်လာခဲ့ပြီး သူအရင်ဆုံးလုပ်လိုက်သည့်အလုပ်မှာ တံခါးပိတ်လိုက်တာပင်။

အဟမ်း...တစ်ယောက်ယောက်သာ ဒီအခြေအနေကြီးနဲ့မြင်သွားခဲ့ရင် အထင်လွဲစရာဖြစ်သွားနိုင်သည် မဟုတ်ပါလော။

ဘယ်သူမှမမြင်နိုင်တော့မှ ကော်လိုကပ်နေတဲ့ကောင်လေးကို ခွာထုတ်လည်း နောက်မကျသေးပါဘူးလေ။

အရင်ဆုံး စောခန့်ရန် ထိုကောင်လေး၏ လက်ကို ဆွဲခွာကြည့်သည်..မရ။ ပုခုံးကိုကိုင်ပြီး တွန်းထုတ်ကြည့်သည်..မရ။ တစ်ဖက်လူ၏ စူပါဂလူးလိုကပ်နိုင်စွမ်းက တကယ်ကို ဩချလောက်စရာပင်။

"ဟေ့ကောင်...ငါ့ကိုလွှတ်စမ်း"

စောခန့်ရန် အော်ဟစ်ပြီး တွန်းထုတ်နေသည်ကို အားပိုထည့်လိုက်သော်လည်း ထိုကောင်လေးက အဆုံးစွန်ထိ ကုပ်တွယ်ထားတုန်းပင်။ စောခန့်ရန်ကိုသာ လွှတ်လိုက်မိလျှင် သူ့ဘဝကြီး ပျက်ဆီးသွားတော့မည့်အလား။

"ဟင့်အင်း.. လုံးဝမလွှတ်ဘူး။ ခင်ဗျားကြီး ကျွန်တော့်ကို တာဝန်ယူပေးပါ့မယ်လို့ မပြောမချင်း ဖက်ထားမှာ။ အနည်းဆုံးတော့ ကျွန်တော် အမြတ်ထွက်တယ်"

Boyfriend{Completed}Where stories live. Discover now