စုပေက သူ့လုပ်ဆောင်ချက်ကြောင့် ပြုံးရယ်သွားခဲ့မိတယ်။ နည်းနည်းလောက်စဉ်းစားလိုက်ပြီးမှ သူမက [လက်ခံသည်] ဆိုတာကိုနှိပ်လိုက်တယ်။ ဘာကြောင့်များ ဒီကြီးမြတ်တဲ့နတ်ဘုရား [vvvv] က သူမနှင့် မိတ်ဖွဲ့ဖို့အတွက် ဒီလောက်တောင်ဇွတ်အတင်းကြီး ဖြစ်နေရတာလဲဆိုတာကို စုပေလည်း သိချင်နေခဲ့တာ ဖြစ်တယ်။

[Q] : ဟဲလို, မင်းကဘာဖြစ်လို့ငါ့ကို add ချင်ရတာလဲဆိုတာကို ငါသိလို့ရမလား?

[vvvv] : ဘာဖြစ်လို့လည်းဆိုတော့ ငါမင်းကိုလေးစားလို့လေ။

[Q] : ?

[vvvv] : တကယ်ကြီး, ငါမင်းကိုအရမ်းချစ်မိသွားတာ။ ငါမင်းရဲ့အရင်က video တွေအားလုံးကို လေ့လာပြီးပြီ, အရမ်းမိုက်တယ်ကွာ! ငါက အထူးသဖြင့် မင်းလိုမျိုးအရမ်းမိုက်တဲ့သူတွေဆိုရင် တအားသဘောကျတာ!

[vvvv] : ပြီးခဲ့တဲ့နှစ်ရက်တုန်းက ဘဏ်အတုရဲ့ လုံခြုံရေးစနစ် checkpoint ကိုချိုးဖျက်ခဲ့တုန်းက မင်းသုံးလိုက်တဲ့နည်းရဲ့စိတ်ကူးစိတ်သန်းတွေကို ဘယ်လိုရသွားတာလဲဆိုတာ ငါ့ကိုမြန်မြန်လေးပြောပြပါလား?

[Q] : ...

အကယ်၍များ တစ်ဖက်လူရဲ့နောက်စာသားကြောင့်သာ မဟုတ်ဘူးဆိုရင် သူမ ဒီလူကို နှာဗူးကောင် ဒါမှမဟုတ် သူမ ရွံ့ရှာစက်ဆုပ်သွားအောင် တမင်တကာ ကြိုးစားလုပ်ဆောင်နေသူလိုမျိုး ဆက်ဆံမိတော့မှာ။

စုပေ : "..."

အခု အစပိုင်းအခြေအနေကို ပြန်ကြည့်လိုက်ချိန်, ရက်အနည်းငယ်လောက် ခင်မင်ရင်းနှီးသွားပြီးတဲ့နောက်, စုပေက နောက်ဆုံးတော့ [vvvv] ရဲ့ style ကို ကျင့်သားရသွားခဲ့တယ်။

[Q] : အဲဒါဘာလဲ?

[vvvv] : အို, ဘေဘီရယ်, မင်းနောက်ဆုံးတော့ငါ့ကို reply ပြန်ပြီပေါ့, ငါမင်းကိုဘယ်လောက်ကြာအောင် စောင့်နေခဲ့ရသလဲဆိုတာ မင်းသိရဲ့လား? အာ, ၄၇စက္ကန့်တောင်ကွာ။

[Q] : ?

[vvvv] : မင်း အဲဒီ level ကို ပိုင်ဝေ Cloud System ကိုတုပပြီးတော့ ချိုးဖျက်လိုက်တာမလား? အဲဒီ ကတ်သီးကတ်သတ်နိုင်တဲ့ သုံးဆလုံခြုံရေးကြီးကို မင်းဘယ်လိုထိုးဖောက်လိုက်တာလဲဆိုတာ ငါ့ကို မြန်မြန်ပြောစမ်းပါ။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now