Chapter 60

10.9K 1.9K 56
                                    

MWFV Ch 60

Dad!

Zawgyi Version

Mr.ချင်၏ နေရာတကျ စီစဉ်ညွှန်ကြားမှုနှင့်အတူ, မတော်တဆမှုကို မြင်တွေ့လိုက်ရပြီးနောက် ဖရိုဖရဲဖြစ်နေတဲ့လူအုပ်ကြီးက ချက်ချင်းဆိုသလို စီစဉ်တကျဖြစ်သွားခဲ့တယ်။ မကြာခင်မှာပဲ, ကျောင်းမှ အထူးစီစဉ်ပေးထားတဲ့ အရန်သင့်ဆေးဝန်ထမ်းတစ်ဦးက အားကစားကွင်းထဲသို့ ရောက်ရှိလာခဲ့တယ်။

"သူ့ကို မြေကြီးပေါ်မှာပဲ ဒီတိုင်းကြီး မထိုင်ခိုင်းထားနဲ့။ အရင်ဆုံး ဒီအခင်းပေါ်ကိုရွှေ့ဖို့ ငါ့ကိုကူပေးပါ" ဆေးဝန်ထမ်းက လုပ်အားပေးကျောင်းသားတစ်ဦးကို ပြောလိုက်တယ်။

"ငါကူပေးမယ်!" သူတို့ စုပေကို ရွှေ့ဖို့ပြုဖို့လုပ်ကြချိန်မှာ စုရှောင်ပေါင်တစ်ယောက် နောက်ဆုံးတော့ ရောက်ရှိလာခဲ့တယ်။ သူက လူအုပ်ကြီးကို တွန်းထိုးဝင်ရောက်လာပြီး ဆေးဝန်ထမ်းဆီကနေ သူ့အစ်မကို သယ်ဖို့လုပ်ခဲ့တယ်။

"မင်းဘာလုပ်တာလဲ?" Mr.ချင်က အေးစက်စွာ ပြောလိုက်တယ် : "ဘေးမှာပဲရပ်နေ, ပြဿနာမရှာနဲ့" ထိုသို့ပြောပြီးနောက်, သူက စုပေကို ဂရုတစိုက်ပွေ့လိုက်ပြီး အခင်းပေါ်သို့ ရွှေ့ပေးလိုက်တယ်။ Mr.ချင်က လူကြီးတစ်ယောက်ဖြစ်တယ်; အဲ့တာကြောင့် သူက အမျိုးသမီးဆေးဝန်ထမ်း၊ လုပ်အားပေးကျောင်းသား ဒါမှမဟုတ် စုရှောင်ပေါင်တို့ထက် ပိုသန်မာတယ်ဆိုတာ အသိသာကြီးပဲဖြစ်တယ်။

Mr.ချင်က စုပေအား အလွန်ပင်တည်ငြိမ်စွာနဲ့ မချီလိုက်ကာ သူတို့ဘေးကအခင်းပေါ်ကို ဂရုတစိုက်နဲ့ ချပေးလိုက်တယ်, ထို့နောက် စုပေရဲ့ဒဏ်ရာတွေကို စစ်ဆေးပေးဖို့ ဆေးဝန်ထမ်းကို အချက်ပြလိုက်တယ်။

စုပေက အရှိန်အပြည့်နဲ့ တဟုန်ထိုးပြေးနေချိန်မှာ ခလုတ်တိုက်ပြီး လဲကျသွားခဲ့တာကြောင့် ဒီချော်လဲမှုက ပေါ့ပေါ့လေးမဟုတ်လေဘူး : သူမရဲ့ လက်မောင်းနဲ့ ဒူးခေါင်းနေရာအနှံ့အပြားတွေမှာ ပွန်းပဲ့ရာတွေနဲ့ဖြစ်တယ်။ ဒါတွေက သိပ်မပြင်းထန်သော်ငြား ကြည့်ရတာ ကြောက်စရာကောင်းလှတယ်။

ဆေးဝန်ထမ်းက စုပေရဲ့ဒဏ်ရာတွေကို ပတ်တီးမစည်းပေးခင် အရင်ဆုံး ပိုးသတ်ပေးလိုက်တယ်, ပြီးနောက် မေးလိုက်တာက : "တစ်ခြားဘယ်နေရာတွေရော နာသေးလဲ?"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now