Chapter 6

11.8K 1.8K 27
                                    

MWFV Ch 6

My Dad is Qin Shao

Zawgyi Version

စုပေအတွက်တော့ ဒီဖြစ်ရပ်က အဆုံးသတ်သွားပြီဆိုပေမယ့် ကျောင်းဖက်မှာကျတော့ မပြီးနိုင်သေးဘူး။ ကျောင်းအစည်းအဝေးခန်းမထဲမှာ ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ဆရာမများစွာက စုပေကိစ္စနဲ့ပတ်သတ်ပြီး ငြင်းခုံနေကြတုန်းပဲ။

“ကျောင်းစုံစမ်းရေးလုပ်ဖို့ အချိန်ရောက်လာပြီ။ အင်တာနက်ပေါ်က စုပေရဲ့ကောလဟာလတွေက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အကျိုးသက်ရောက်မှုကတော့ တော်တော်ဆိုးဝါးတယ် ပြီးတော့ ဒီတစ်ခေါက် ကျောင်းအကဲဖြတ်အမှတ်ကိုပါ တိုက်ရိုက်ထိခိုက်လာနိုင်တယ်”

“ဒါဆို ဆရာလီ အကြံပေးချင်တာက?”

“ကျွန်တော့်အကြံကတော့ စုပေကို ခဏလောက် ကျောင်းနားခိုင်းလိုက်တာပါပဲ။ သူမသာမရှိဘူးဆိုရင် တစ်ဖက်မှာ တစ်ခြားကျောင်းသားတွေနဲ့ နောက်ထပ်သဘောထားကွဲလွဲတာတွေ ဖြစ်နိုင်ချေကိုရှောင်လို့ရမယ်။ နောက်တစ်ဖက်မှာကကျတော့ အကယ်၍များ ပညာရေးဌာနကနေ ဒီကိစ္စအကြောင်းမေးလာခဲ့သည်ရှိသော် ဒါက ကျောင်းသူတစ်ချို့ရဲ့အပြောင်အပြက်လုပ်တာပါလို့ နောက်ပြီး ကျွန်တော်တို့ကျောင်းကနေ ဒီကိစ္စမှာပါနေတဲ့ ကျောင်းသူအားလုံးကို ပြင်းပြင်းထန်ထန် ဆွေးနွေးပြီး အိမ်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်စေတယ်လို့ သူတို့ကို ပြောပြနိုင်တယ်လေ”

ဆရာလီရဲ့အကြံက ကျောင်းအုပ်ကြီးကို မျက်မှောင်ကျုံ့သွားစေတယ် : “ကျွန်တော်လက်မခံဘူး။ ဒီလိုဖြေရှင်းမှုမျိုးက ဘာမှမပြေလည်စေနိုင်ဘူး ပြီးတော့ စုပေအတွက်လည်း လုံးဝမမျှတဘူး”

“အခုချိန်က သက်ညှာမှုအကြောင်းပြောရမယ့် အချိန်မဟုတ်ဘူး။ ကျွန်တော်တို့အခုစဉ်းစားရမှာက ပညာရေးဌာနက စုံစမ်းစစ်ဆေးရေးကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကိုပဲ”

“ဆရာလီပြောတာမှန်တယ်။ ကျောင်းခဏလောက်နားလိုက်ရတာက သူမအတွက်လည်းကောင်းတာပဲလေ။ ဒီဖြစ်ရပ်မျိုးကြုံပြီးနောက်တော့ သူမကို အိမ်မှာအေးဆေးအနားယူစေတာက သင့်တော်ပါတယ်။ ဒီလိုဆိုရင် သူမစိတ်ပိုင်းဆိုင်ရာကိုလည်း ပြန်လည်ကုစားနိုင်မှာ”

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now