Chapter 64

10.9K 1.9K 137
                                    

MWFV Ch 64

1/16 Finals

Zawgyi Version

ရေခဲမုန့် milk tea ခွက်ကြီးတစ်ခွက် သောက်ပြီးသွားတဲ့နောက် စုပေက ခဏလောက်‌တော့ လန်းဆန်းသွားသလို ခံစားလိုက်ရပေမဲ့ ရုတ်တရက်ကြီး သူမရဲ့ဗိုက်ထဲက ထိုးအောင့်လာခဲ့တယ်။ ပထမတော့ စုပေက ဒီဟာက သာမန်အစာအိမ်အောင့်တာလို့ပဲ ထင်လိုက်ပေမဲ့ နောက်မှ သဘောပေါက်သွား‌တာက အဲဒါက အမှန်တကယ်‌တော့ သူမရဲ့ပထမဦးဆုံး ဓမ္မတာလာတဲ့အချိန် ဖြစ်နေတယ်ဆိုတာပါပဲ!

ဟိုဘက်ကမ္ဘာမှာတုန်းက စုပေက အသက်ဆယ့်ရှစ်နှစ်ပြည့်တဲ့အထိ နေထိုင်ခဲ့တာဖြစ်ပြီး ဒီအပိုင်းမှာလည်း အတွေ့အကြုံ အနည်းငယ်ရှိနေပြီးသားဖြစ်တယ်။ သို့ပေမဲ့ အဲ့ဒီအချိန်တုန်းက သူမရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက သိပ်မကောင်းလှ‌ချေ။ သူမရဲ့ပထမဦးဆုံး ဓမ္မတာလာချိန်ကလည်း သူမအသက်ဆယ့်ရှစ်နှစ်ပြည့်ခါနီးမှပဲဖြစ်တယ်။ အဲဒါကြောင့် ဒီခန္ဓာကိုယ်ဆီ ပြန်ရောက်လာပြီးတဲ့နောက် စုပေက ဒီပြဿနာကို လုံးဝကြိုမတွေးထားခဲ့မိဘူး။

မမျှော်လင့်ဘဲ, သူမ ဒီနေ့ ဓမ္မတာလာနေပြီလေ။

စုပေက နာကျင်မှုကြောင့် အိပ်ယာထက်မှာ ကွေးကွေးလေးဖြစ်နေခဲ့တယ်။ သူမကျိတ်ပြီး တွေးနေမိတာက : အခု သူမရဲ့နေထိုင်စားသောက်မှုပုံစံက အရမ်းကောင်းနေတာမို့လို့များ သူမရဲ့ 'ဆွေမျိုး' က ဒီလောက်အစောကြီး ရောက်ချလာတာလား?

---

ထိုစဉ်, စုရှောင်ပေါင်က သူ့အခန်းထဲမှာ အိုလံပစ်အဆင့် problem set တစ်ခုကို ဖြေရှင်းနေချိန်မှာ စုပေက ရုတ်တရက် သူ့ဖုန်းကိုခေါ်လာခဲ့တယ်။ ကောင်လေးက ကြောင်အသွားခဲ့တယ် : စုပေက ဘေးအခန်းမှာကို; သူက ဘာလို့ ဖုန်းကနေ သူ့ကိုခေါ်နေရတာလဲ?

စုရှောင်ပေါင်က ဖုန်းကို‌ကိုင်လိုက်တယ်။ စုပေရဲ့အသံက receiver ကနေ ချက်ချင်း ပေါ်ထွက်လာခဲ့တယ်။

"ရှောင်ပေါင်..."

ကောင်မလေးရဲ့အသံက သိပ်မူမှန်ပုံမရဘူး။ စုရှောင်ပေါင်က လန့်သွားပြီး မေးလိုက်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now