Chapter 30

13.1K 1.9K 23
                                    


MWFV Ch 30

Invitation

Zawgyi Version

ဒီနေ့က အားလပ်ရက်ဖြစ်ပြီး စုပေရဲ့စန္ဒရားသင်ခန်းစာက ပုံမှန်ထက်နှစ်နာရီပိုကြာသွားခဲ့တယ်။ သူမ ဆရာမကလည်း စုပေက 'Moonlight' သီချင်းတစ်ပုဒ်လုံးကို ဘာအမှားအယွင်းမှမရှိပဲ ပြီးဆုံးသည်အထိ တီးခတ်နိုင်ခဲ့တာကြောင့် အရမ်းကိုအံ့အားသင့်နေခဲ့ရတယ်။ ဆရာမကျူးက ဘာမှမတတ်နိုင်တော့ပဲ သူမ ပြန်တော့မယ့်အချိန်မှာ စုပေရဲ့အရည်အချင်းကို ထပ်ခါထပ်ခါချီးကျူးနေခဲ့တယ်။

သေချာတာပေါ့, ဦးလေးဖုကလည်း စုပေချီးကျူးခြင်းခံရတာကိုကြားလိုက်ရတော့ ပျော်ရွှင်သွားခဲ့ရတယ်။ "ရှောင်ပေရဲ့ 'အဖွင့်ဖျော်ဖြေတင်ဆက်မှု' ကတော့ အံ့သြစရာလောက်စရာဖြစ်မှာတော့ သေချာပေါက်ပဲ" သူက အပြုံးလေးနဲ့ပြောလိုက်တယ်။

"ဟာသမဖြစ်ဘူးဆိုရင်ပဲ တော်ပါသေးတယ်" စုပေကလည်းပြုံးနေခဲ့တယ်။ ဒီလိုမှမဟုတ်ရင်တော့ ကျောင်းဖိုရမ်ထဲက အဲဒီ [စု-မုန်းတီးရေးတပ်ဖွဲ့] မှလူတွေရဲ့ရိုက်ချခံရတာကမှ တကယ်ကြီးကို နာကျင်ခံစားရမှာလေ။

"မဖြစ်နိုင်ပါဘူးကွယ်," ဦးလေးဖုက ပြန်လည်ချေပလိုက်တယ်။ သူက မမေးမြန်းခင် ခဏလောက်တုံ့ဆိုင်းနေပြီးမှ : "ကျောင်းရဲ့အနုပညာဖျော်ဖြေတင်ဆက်ပွဲကို သမီး ဆရာ့ကို ဖိတ်ပြီးသွားပြီလား?"

စုပေကတောင့်ခဲသွားပြီး ခေါင်းခါပြလိုက်တယ်။ သူမရဲ့စိုးရိမ်ပူပန်မှုတွေကို ဖွင့်ဟလိုက်တာက : "ဖေဖေက အရမ်းအလုပ်များတာလေ, သူ သွားဖို့အချိန်မရှိလောက်ဘူး"

ချင်ရှောက်က အရမ်းအလုပ်များသူဖြစ်တယ်။ စုပေက ဒါကို သူမမျက်စိနှင့်တပ်အပ်မြင်ခဲ့ရတာ။ ဒီတစ်ပတ် အားလပ်ရက်မှာဆိုရင်လည်း Mr.ချင်က ကုမ္ပဏီမှာအလုပ်လုပ်နေဆဲပဲလေ။

Mr.ချင်ဆီမှာ အချိန်ရှိလား မရှိဘူးလားဆိုတာကိုတော့ ဦးလေးဖုလည်း မသိလေဘူး။ သို့ပေသိ Mr.ချင်ကတော့ သူ့ကို ကျောင်းရဲ့အနုပညာဖျော်ဖြေတင်ဆက်မှုများနှင့်ပတ်သတ်ပြီး သုံးကြိမ်ထက်မက မေးမြန်းခဲ့တယ်။ ဦးလေးက သူ့နှလုံးသားထဲမှာ ကြိတ်ရယ်နေခဲ့ပေမယ့် သူ့အလုပ်ရှင်ရဲ့မျက်နှာကို ထိန်းသိမ်းပေးရန်အလို့ငှာ, သူက အလေးအနက်ထားတဲ့ဟန်နဲ့ စုပေကိုပြောလိုက်တယ် : "သမီးဖက်က တိုက်ရိုက်သွားမမေးဘူးဆိုရင် ဆရာ့ဆီမှာ အချိန်ရှိလား မရှိဘူးလားဆိုတာကို သမီးဘယ်လိုလုပ်သိနိုင်ပါ့မလဲ? နောက်ပြီး ဆရာက ဘယ်လောက်ပဲ အလုပ်များနေပါစေ, ရှောင်ချန်နဲ့တစ်ခြားသူတွေလည်း ကုမ္ပဏီမှာရှိနေကြသေးတယ် မဟုတ်လား? သမီးရဲ့ဖျော်ဖြေတင်ဆက်မှုကိုကြည့်ဖို့ နေ့တစ်ဝက်လောက်လေး အချိန်ဖဲ့ပေးရတာက သူ့အတွက် အဆင်ပြေပါတယ်ကွယ်"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now