Chapter 55

11.9K 1.7K 26
                                    


MWFV Ch 55


Daddy Qin’s Warning


Zawgyi Version

ချင် Group, ဥက္ကဌ၏ရုံးခန်းတွင်။

ချန်တဲ့က အစီရင်ခံစာတစ်ခုကို Mr.ချင်ထံ တင်ပြနေစဉ်တွင်ဖြစ်သည်။

“ဆရာ ကျွန်တော့်ကို အရင်က စုံစမ်းစစ်‌ဆေးဖို့ ပြောထားခဲ့တဲ့ကိစ္စက ယေဘုယျအားဖြင့် Star Entertainment ကပဲဖြစ်မယ်လို့ ကောက်ချက်ချလို့ရပါတယ်။ ဒီဟာတွေကတော့ ကျွန်တော်တို့ ဟိုဟိုဒီဒီ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတစ်ချို့ပါ” ချန်တဲ့က သူ့လက်ထဲမှ စာရွက်စာတမ်းတွေကို Mr.ချင်ရဲ့စားပွဲပေါ်တင်လိုက်တယ်။

Star Entertainment ဆိုတာက စုန့် Group ၏ လက်အောက်ခံကုမ္ပဏီခွဲတစ်ခုပင်ဖြစ်‌တယ်။ အပေါ်ယံအနေနဲ့ကတော့, ဒီကုမ္ပဏီက အဓိကအားဖြင့် အနုပညာငွေကြယ်ပွင့်များကို မြေတောင်မြှောက်ပေးပြီး တာဝန်ယူစီမံပေးရုံသာမက စုန့် Group ၏ public image အချို့ကိုပါ ထိန်းသိမ်းပေးထားတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်တယ်။ သို့‌ပေသိ, တကယ်တမ်းမှာတော့ Star Entertainment က စုန့် Group ၏ ငွေမည်းခဝါချရာ နေရာပင်ဖြစ်တယ်။

အခုလောလောဆယ် သူတို့လက်ထဲမှာရှိနေတဲ့ အချက်အလက်တွေက စုန့် Group အား အပြီးတိုင် ဖျက်ဆီးပစ်နိုင်ဖို့ရာ မလုံလောက်သေးဘူး ဆိုသော်ငြား စုန့်ယန်ချန်းကို သိသိသာသာ ထိခိုက်ပျက်စီးစေဖို့ အတွက်တော့ လုံလောက်နေပြီဖြစ်တယ်။

ချင်ရှောက်က စာရွက်စာတမ်းတွေအ‌ပေါ် မျက်စိတစ်ချက်ဝေ့ကြည့်လိုက်တယ်, သူ့မျက်ဝန်းတွေက အေးစက်လို့နေတယ်။ “ဆက်စုံစမ်းထားလိုက်အုန်း။ ဒါ့ထက်ပိုဆိုးတာတွေ ရှိနေ‌နိုင်သေးတယ်”

ချန်တဲ့ : “ဟုတ်ကဲ့ပါ, ဆရာ”

...

စုန့် Group အကြောင်းနှင့်ပတ်သတ်ပြီး ပြောဆိုပြီးသွားတဲ့နောက် ချန်တဲ့တစ်ယောက် မနေ့တုန်းက သူ့သူဌေးက ဥက္ကဌလေးလင်းထံမှ [Q] လို့ခေါ်တဲ့ network security ပညာရှင်တစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို တောင်းနေတာကို သတိရသွားခဲ့တယ်။

“ဆရာ, ဆရာ မနေ့က [Q] ကို ဆက်သွယ်လိုက်သေးလား?” ချန်တဲ့က မေးလိုက်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now