part(20) z+u

14K 985 6
                                    

Zawgyi

Love is..❤Part 20

"ငါ စုံစမ်းခိုင်းတာတွေ ရပြီလား"

" ဟုတ် ရပါပြီ သူဋ္ဌေး ဒီမှာပါ"

ဦးမိုးသောက် စပ်နဲ့နှိုင်း ကမ်းခြေမှာတူတူရိုက်ထားတဲ့ ပုံကို ကြည့်ပြီး အောင်နိုင်သူ အပြုံးဖြင့်

"အဟက် မင်းရဲ့ အားနည်းချက် ကို တွေ့ပြီ။ နောက်ဆုံးတော့ မင်းကို ဖြိုလှဲနိုင်ပြီပေါ့ စပ်ထွဋ် ခေါင်ပိုင်"

စပ်ရဲ့အားနည်းချက်ဟာ တပြိုင်နက်ထဲ အားသာချက်ဖြစ်သည် ကို ဦးမိုးသောက် မသိခဲ့ခြင်းက သူ့သေတွင်းသူ တူးနေမှန်း မသိခဲ့ပေ။

"ငါ တစ်နေရာကို သွားဖို့ရှိတယ် အဆင်သင့်ပြင်ထားပေး"

"ဟုတ်ကဲ့ သူဋ္ဌေး"
________________________________________________

စပ် တို့ ငပလီမှာ သူံးရက်လောက် နေပြီးတော့ ရန်ကုန် ကို ပြန်လာခဲ့ကြတယ်။ Nikတို့ကလဲ ပြန်ရတော့မယ်။

"ကလေး"

"ဗျာ "

"သူတို့နဲ့လိုက်သွားချင်လား ဒီက လုပ်ငန်းတွေကို ကိုယ်ဦးစီးပေးထားလို့ ရပါတယ်"

အဲ့လို ပြောလိုက်တော့ နှိုင်း တွေတွေလေး ဖြစ်သွားသည်။

စပ်လဲ နှိုင်းနဲ့ မခွဲချင်ပါ။ ဒါပေမယ့် သူ့ကြောင့်ဆိုပြီး ဝါသနာပါရာကို မစွန့်လွှတ်စေချင်။း

"ကိုကို ကျွန်တော် ဘာလုပ်သင့်လဲဟင် "

"ကိုယ်ကတော့ ကလေးသဘောတိုင်းပါဘဲကွာ"

"ကျွန်တော် ဒီအရွယ်ထိ ကျွန်တော် လုပ်ချင်တာတွေဘဲ လုပ်ခဲ့တယ်။ ပါးပါး ဆုံးတုန်းကလဲ အနားမှာ မရှိပေးနိုင်ခဲ့ဘူး။ အခု မားမားတစ်ယောက်ထဲဘဲ ကျန်တော့တယ်။ ကျွန်တော် မားမားကို စောင့်ရှောက်ရမယ်။နောင်တမရချင်ဘူး ကိုကို။ ကျွန်တော် ဒီအလုပ် ကို မလုပ်တော့လဲ ဘာမှမဖြစ်ပါဘူး။ မားမားရှိနေစဉ်တော့ မားမားဘေးမှာဘဲ နေချင်တယ်။ ပြီး တော့ ကိုကို့ ကိုလဲမခွဲနိုင်ဘူး။"

"ကလေးရယ်"
စပ် နှိုင်းကို နောက်မှသိုင်းဖက်လိုက်သည်။

"ဦးမိုးသောက် မလား"

Love is..❤  (🚨Complete 🚨)Where stories live. Discover now