part(28)z+ u

12K 934 22
                                    

Zawgyi

Love is..❤ part (28)

မနက်ခင်း နေရောငိခြည်နွေးနွေးသည် စပ်ရဲ့ မျက်နှာပေါ်သို့ ဖြာကျ ခစားလာသောအခါ ထိုလူသားလဲ နိုးလာသည်။ မျက်လုံးမဖွင့်သေးဘဲ ဘေးဘက်နေရာကို လက်ဖြင့်စမ်းလိုက်တော့ ထိုနေရာက အေးစက်နေသောကြောင့် မျက်မှောင်ကျုံမိသွားသည်။

မျက်လုံးဖွင့်ကာ အတည်ပြုလိုက်တော့ တစ်ဖက်ကခေါင်းအုံးလေးသည် ပိုင်ရှင်မဲ့နေသည်။ ခါတိုင်းဆို တူတူနိုးထနေကျ မနက်ခင်းသည် သာယာသလောက် အခုလို တစ်ယောက်ထဲဖြစ်နေတာက တကယ် အကျည်းတန်းလွန်းသည်။ ဘာကိစ္စရှိလို့ စပ် ကိုတောင်ပြောမသွားတာလဲ စဉ်းစားလို့မရ။ အတွေးများစွာနဲ့ဘဲ company သွားဖို့ ပြင်ဆင်ရတော့သည်။ အားလုံးပြင်ဆင်ပြီးတော့ မနက်စာစားရန် အောက်ဆင်းလာလိုက်သည်။

"မောနင်း မေမေ"

"မောနင်း သားစပ်"

စပ် ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ မေမေက ကော်ဖီကိုငဲ့ပေးနေသည်။

"သားလေး က မနက်အစောကြီးထဲက ထွက်သွားတယ် သားစပ် ရဲ့။ အရေးကြီးကိစ္စ ရှိတယ်လို့ ပြောတယ်ကွဲ့"

"ဟုတ် မေမေ"

*ဘယ်လောက်တောင် အရေးကြီးလို့ ကိုယ့်ကိုတောင် ပြောမသွားနိုင်ရတာလဲ*

စပ် တစ်ယောက် ဒေါသတွေထွက်နေတော့သည်။ မေမေရဲ့ မျက်နှာရိပ်ကို အကဲခတ်တော့လဲ နဂိုပုံစံအတိုင်း ပကတိ တည်ငြိမ်နေသည်။ စပ် လဲ မနက်စာ စားပြီးတော့ မေမေ့ကို နှုတ်ဆက်ကာ company ကို ထွက်လာခဲ့လ်ုက်သည်။

ဖုန်းခေါ်တာလဲ မက်ုင်သောကြောင့် စပ် တော်တော်လေးကို စိတ်ပူနေသည်။ နှိုင်းရဲ့ company ကို လိုက်သွားပြန်တော့လဲ နှိုင်း မရှိဘူးလို့သာ ပြန်ဖြေလာသည်။ ဟိုတစ်ခေါက်က လို ပြန်ပေးဆွဲသွားမှာ သူတကယ်ကြောက်ပြီး စိတ်ပူနေမိသည်။

ညနေရုံးဆင်းချိန်လောက်ရာက်တော့ နှိုင်းဆီက Message တစ်စောင်ဝင်လာသည်။

💬 ကိုကို Horizon Design & Dress ဆိုင်ကို လာခဲ့နော်💬

Message ဖတ်ပြီးပြီးချင်း အသံလေးကြားချငိလို့ ဖုန်းခေါ်သော်လည်း စက်ပိတ်သွားသည်။

Love is..❤  (🚨Complete 🚨)Where stories live. Discover now