part(25)z+u

11.6K 926 64
                                    

Zawgyi

Love is..❤part(25)

Flashback...

စိုင်း ကိုရီးယားကို ချက်ချင်းပင် လက်မှတ်ဖြတ်ကာ သွားလိုက်သည်။ အခုကျမှ လေယာဉ်က ပိုကြာသလို။

Lady and Gentleman Welcome To Inchen International Airport..

လေဆိပ် ရောက်တာနဲ့ Nik နေတဲ့ တိုက်ခန်းဆီကိုသွားလိုက်သည်။ သော့ခတ်ထားသောကြောင့် အနီးနားမှာရှိတဲ့ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီးစောငိ့နေလိုက်သည်။ စိတ် လေးနေသလိုကြီး ဖြစ်နေတာကို သူသဘောမကျ။

လာချထားတဲ့ကော်ဖီကိုစိုက်ကြည့်နေရင်း တွေးနေတာ တော်တော်ကြာနေပြီဖြစ်သည်။ ဆိုင်တံခါးဖွင့်သံကြားတော့ အသံလာရာကို ကြည့်လိုက်တော့..ကောင်မလေးတစ်ယောက်နဲ့ကောင်လေးတစ်ယောက် ကောင်မလေးက ကောင်လေးရဲ့လက်ကို ချိတ်ထားသည်။

ကောင်လေးကလဲ ဘေးနားကကောင်မလေးကို ချိုမြိန်သော အပြုံးများနဲ့တုန့်ပြန်နေသည်။ ထိုမြင်ကွင်းသည် တခြားလူများအတွက် ကြည့်နူးစရာမြင်ကွင်းဖြစ်သော်လည်း စိုင်း အတွက်တော့ မဟုတ်ခဲ့ပေ။

စိုင်းရဲ့အရှေ့ဘက်မှာရှိတဲ့ ထိုင်ခုံတွင် ထိုအတွဲဝင်ထိုင်သည်။ ခနကြာတော့မှ ကောင်လေးက စိုင်းကိုမြင်သွားတော့ မျက်နှာတစ်ချက်ပျက်သွားသည်။

ကောင်မလေးကို ဘာပြောလိုက်သည် မသိ။ ထိုကောင်လေးက စားပွဲမှထလာပြီး စိုင်းရဲ့စားပွဲမှာရှိတဲ့ ထိုင်ခုံကို ဝင်ထိုင်လာသည်။

<ဒါ ဘာသဘောလဲ Nik>

<အဟမ်း မြင်တဲ့အတိုင်းပါဘဲ>

<ဒီထက်ပိုပြီး ခိုင်လုံတဲ့ အကြောင်းပြချက် ပေးစေချင်တယ်>

ိစိုင်း အသံကို ထိန်းပြီး ပြောသော်လည်း ဒေါသသံက ပါနေသည်။

<ကျွန်တော် ခဗျားကိုတွဲတယ်ဆိုတာက ခဗျားရဲ့ ပုံစံ အပြုမူတွေကိုသဘောကျခဲ့တယ်။ ပြောရမယ်ဆိုရင် ကျွန်တော် ယောကျာ်းလေးတွေနဲ့ တစ်ခါမှ မတွဲဖူးလို့ စမ်းကြည့်တဲ့သဘောပါဘဲ။ ဒီကို ပြန်ရောက်တော့ ခဗျားကို ခနလေးဘဲ ရင်ခုန်ခဲ့တယ်ဆိုတာ သိလာတယ်။ ကျွန်တော် မိန်းကလေးတွေကိုဘဲ စိတ်ဝင်စားတယ်>

Love is..❤  (🚨Complete 🚨)Where stories live. Discover now