Zawgyi
Love is..extra
[Warning++ အကြီးကြီးပေးပါတယ်နော်🚨🚨မဖတ်ရဲရင် မဖတ်ကြပါနဲ့😌..သာသာ့ရဲ့ဒါဒါလေးတွေကတော့ မဖတ်ရဲစရာအကြောင်းမရှိဘူးမလား😂 ရှမ်းပြည်က ကိစ္စကို အခဲမကျေသေးတဲ့ ဒါဒါလေးတွေကို သတိရလို့ ရေးလိုက်သည်။]ညစာစားပြီးကထဲက နှစ်ယောက်သား စာကြည့်ခန်းထဲမှာ အလုပ်တွေလုပ်နေလိုက်တာ ညဆယ့်တစ်နာရီကျော်လောက်မှ ပြီးသည်။
"အား...ဇာတ်တွေညောင်းလိုက်တာကွာ"
ဘယ်တစ်ချက် ညာတစ်ချက် ဇာတ်ချိုးလိုက်ပြီး ဇာတ်ပိုးကို လက်တစ်ဖက်နဲ့ နှိပ်ကာ ပြောလိုက်သည်။
"ကိုယ် နှိပ်ပေးရမလား ကလေး"
"ဟာ..ရတယ်..ငရဲကြီးကုန်ပါဦးမယ်"
"မကြီးပါဘူး ချစ်လို့လုပ်ပေးတာဘဲ"
"ကိုကိုလဲ မညောင်းတာကျနေတာဘဲ..ဆေးသောက်လိုက်ရင် ပျောက်တယ်"
"အင်းပါ..ကလေး အဆင်ပြေရင် ပြီးရော..ဒါနဲ့ ကလေး night out မထွက်ချင်ဘူးလား"
Night outလို့ ပြောလိုက်တာ ဆိုဖာကို လျော့တွဲတွဲ မှီထိုင်နေတဲ့ ခန္ဓာကိုယ်က ချက်ချင်းတန်းမတ်လာပြီး မျက်လုံးတွေကလဲ အရောင်လတ်လာသည်။
"သွားမယ်လေ ..အခု"
"အင်...ဇာတ်တွေနာနေတယ်ဆို "
"အခု သက်သာသွားပြီ..ဟီးဟီး"
"တတ်လဲတတ်နိုင်တယ်..အဝတ်စားသွားလဲရအောင်"
"အွန်း"
ရှပ်လက်တိုတစ်ထည်ကို ဂျာကင် အညိုရောင်ရင့်ရင့်နဲ့ထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီအနက်ကို တွဲဝတ်ကာ ဆံပင်နဲနဲပုံသွင်းပြီးတော့ အပြင်သွားရန်အတွက် ပြည့်စုံသော အနေအထား။ အဝတ်လဲပြီးလို့ ခုတင်ပေါ်မှာထိုင်ရင်း တစ်ထည်ပြီးတစ်ထည် ရွေးနေသော နှိုင်း ကို မျက်စိနှောက်အောင် ကြည့်နေရသည်။ မကြည့်ဘဲလဲ မနေနိုင်တာကို။
"ကလေး Club သွားမှာ showသွားလျှောက်မှာ မဟုတ်ဘူး ."
"နဲနဲတော့စတိုင်ထုတ်ရမယ်လေ..ဘာလဲ...ခဗျားက စိတ်မရှည်တာလား..ရတယ်လေ..သွားနှင့် နောက်ကလိုက်လာခဲ့မယ်..စောင့်နေတဲ့သူရှိမှာပေါ့"
YOU ARE READING
Love is..❤ (🚨Complete 🚨)
RandomLove is just the word until you find someone to give it a Defination..