part(6)z+u

18.9K 1.4K 5
                                    

Zawgyi

         ခရီးလဲပန်း ငိုလဲငိုထားတော့ Mikeတစ်ယောက် မှေးကနဲအိပ်ပျော်သွားသည်။လက်ခုံပေါ်ကိုကျလာတဲ့ မျက်ရည်တစ်စက်ကြောင့် Mikeနိုးသွားသည်။ မော့ကြည့်လိုက်တော့ မျက်ရည်တေဝိုင်းပြီး ကျနေသော ချစ်ရပါသော မားမား။Mike မားမားမျက်နှာပေါ်မှာမျက်ရည်များကို ယုယစွာ သုတ်ပေးနေသည်။

"သားရေ မားမားတို့ရဲ့ တံတိုင်းကြီးမရှိတော့ဘူးကွယ်"

"အင်း ဒါပေမယ့်လေ မားမားအားမငယ်ပါနဲ့ သားတစ်ယောက်လုံးရှိပါတယ် မားမားရဲ့ မားမားအေးဆေးနေ သားပါးပါးလုပ်ငန်းတွေကို သားဦးစီးမှာပါ မားမားရဲ့"

"မားမား သားကိုမနိုင်ဝန်ထမ်းခိုင်းသလို ဖြစ်နေပြီသားလေးရယ်"

Mike ခေါင်းရမ်းပြီး ပြုံးသည် ပြုံးသော်လည်း ညိုးနွမ်းသောအပြုံးဖြစ်သည်။

"မဟုတ်တာ မားမားရယ် သား ဘဝတစ်လျောက်လုံး သားလုပ်ချင်တာစိတ်ကြိုက်လုပ်ပြီးပြီး ခုတော့မားမားနဲ့ပါးပါးတည်ထောင်ခဲ့တဲ့companyကို သားဦးဆောင်ရတော့မာလေ"

"သားလေးနှူိင်းသာလွန်ရယ်"

ဆိုပြီး မားမားက နှူိင်းကိုဖက်ပြီး ငိုနေသည်။နှူိင်းသာလွန်လဲငိုခဲ့သည် သို့သော် သူ့မျက်ရည်တွေကိုသူ့မားမားမမြင်စေရ ။မြင်သွားလျှင် စိတ်ဓာတ်ကျနေသော မားမားကို ဘယ်လိုမှနှစ်သိမ့်လို့ရတော့မည်မဟုတ်ချေ။

ခနနေတော့ မားမားပြန်အိပ်ပျော်သွားတော့ စားစရာတချို့ဝယ်ရန် အပြင်ထွက်လာလိုက်သည်။ စားစရာသွားပို့ပြီး ပေါင်မုန့်နဲ့ပဲနို့တစ်ဗူးကိုင်ကာ ဆေးရုံခေါင်မိုးလေးပေါ်သို့လေးပင်သောခြေလှမ်းများဖြင့် တတ်လာခဲ့သည်။

လေတဖြူးဖြူးတိုက်နေသော ခေါင်မိုးထက်တွင် နှိုင်းသာလွန် တစ်ယောက် အတွေးတွေထဲမှာနစ်မြောနေသည်။ မျက်ရည်များကလဲ ကျလျက်ပင် တချက်တချက်ရှူိက်သံများလဲထွက်လာသည်။

သူ့တို့မိသားစုရဲ့တံတိုင်းကြီးမရှိတော့  အရာရာကိုရဲရဲဝံ့ဝံ့ကာကွယ်ပေးခဲ့သည့် ပါးပါးက ရုတ်တရက်ခွဲခွာသွားသည့်အတွက် နှူိင်းသာလွန်တစ်ယောက်ဘယ်လိုမှမဖြေဆည်နိုင်။ ဒီနေ့တော့ သူ့မျက်ရည်တွေကို စိတ်ကြိုက်ကျခွင့်ပေးလိုက်သည်။

Love is..❤  (🚨Complete 🚨)Where stories live. Discover now