part (32)z+u

12.7K 955 24
                                    

Zawgyi

Love is...❤ part(32)

ညနေရောက်တော့ စိုင်း သူ့အိမ် မဝင်တော့ဘဲ ရှိုင်းရဲ့ အိမ်ကိုသာ တန်းလာခဲ့သည်။ အိမ်ထဲရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့ရင်ဘတ်ကို ဆောင့်ကန်လိုက်သလိုပင်။

ဟိုတစ်နေ့က တွေ့ခဲ့တဲ့ လူနဲ့ ရီမောပြီး ပြောနေသော ရှူိင်း သူနဲ့ဆို မာမာထန်ထန် ဆက်ဆံနေသလောက် ထိုလူနဲ့ ကျတော့ အပြုံးတွေဖောဖောသီသီပေးနေတာကို သူမကျေနပ်။ သူတို့တွေ စကားပြောကောင်းနေကြတာ စိုင်းဝင်လာတာကိုတောင် မသိ။

"ဦးဦး ရောက်ရာပြီရား သော်လေးက စောင့်နေရာ မုန့်တွေကောပါရား"

သော်လေးက သူ့ပေါ်ပြေးတတ်ပြီး စကားပြောမှ ဟိုနှစ်ယောက်က လှည့်ကြည့်တော့သည်။ ထိုလူကို စိုင်း အစိမ်းလိုက်ဝါးစားမတတ်ကြည့်နေသည်။ တစ်ဖက်လူကလဲ မခေ သူ့ကိုပြန်စိုက်ကြည့်လာသည်။

" ဦးဦး မုန့်ပါရားရို့ချိုနေ"

သူတို့ချင်း အကြည့် စစ်ခင်းနေတုန်း သော်လေးအသံကြားမှ စိုင်း မျက်နှာလွဲလိုက်သည်။

"ပါတာပေါ့ သော်လေးရဲ့ ဒီမှာ"
သူ့လက်ထဲမှာကိုင်ထားတဲ့ အိတ်ထဲက မုန့်တွေကိုပြလိုက်သည်။

"ရေးး ဒါမှ ဦးဦးကွ မွ"

သော်လေးကတော့ မုန့်တွေကို ဖောက်စားနေတော့သည်။ မုန့်စားနေရင်း လူကြီး သုံးယောက် က ဘာလို့ အကြာကြီး မတ်တပ်ရပ်နေကြလဲ စဉ်းစားလို့မရ။ ထို့ကြောင့် မစဉ်းစားတော့ဘဲ မုန့်ဘဲစားနေလိုက်တော့သည်။

စိုင်း ရှူိင်းကို ကြည့်လိုက်တော့ အေးတိအေးစက်ပုံစံနဲ့ ပြန်ကြည့်သည်။

" မင်္ဂလာပါ ကျွန်တော့် နမယ် ကောင်းမြတ်ပါ တွေ့ရတာဝမ်းသာပါတယ်"

"ကျွန်တော့် နမယ် စိုင်းယံသော် တွေ့ရတာ ဝမ်းသာရမယ်လို့မျှော်လင့်ပါတယ်"

လက်ဆွဲပြီး နှုတ်ဆက်ကြတော့ စိုင်းက ထိုလူလက်ကို ညစ်ပြစ်လိုက်သည်။ ထိုလူက တစ်ချက်တွန့်သွားပြီး သူ့လက်ကို ပြန်ညစ်လာသည်။

အလယ်က ရှူိင်းက ဒီတိုင်းထားရင် လက်လွှတ်ကြမယ့်လမ်း မတွေ့သောကြောင့် ကြားဖြတ်ကာ ဝင်ပြောရတော့သည်။

Love is..❤  (🚨Complete 🚨)Où les histoires vivent. Découvrez maintenant