YB ပြောလို့ပြီးမှ XZ က နံရံနားကနေ YB အနားသို့ တစ်လှမ်းချင်း လျှောက်လာကာ ပါးစပ်မှလည်း...

"Baby... အခြေအနေတွေက လွန်ကုန်ပြီ...
ဒါကြောင့် ကိုယ်တာဝန်ယူတယ်...
မင်းအခုဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ ကိုယ့်ကိုပြော..."

အေးအေးဆေးဆေးပဲ ပြောနေတဲ့ လူကြီးရဲ့စကားကြောင့် YB မျက်လုံးတစ်ချက်ဝင့်ကြည့်လိုက်ကာ...

"ဒီကိစ္စကိုမေ့လိုက်ကြမယ် အစပြန်မဖော်ပါနဲ့ ပြီးတော့ ကျွန်တော့်ကို Baby လို့မခေါ်နဲ့ ကျွန်တော့်နာမည်က Wang Yibo...!"

ပြောချင်ရာပြောပြီး အခန်းထဲကနေ ထ,ထွက်သွားတဲ့ Baby လေးရဲ့ကျောပြင်လေးကို XZ တွေတွေလေးငေးကာ ကျန်ခဲ့၏။

စိတ်ဆောင်ရာ ခေတ္တခနမျှ ဆွဲထားချင်တဲ့ စိတ်ကြောင့် လက်တစ်ဖက်က လေထဲသို့ အနည်းငယ်မြောက်တက်လာသော်လည်း ပြောစရာ စကားလည်းမရှိတော့သည့် အခြေအနေ...။

(**Aww... မေ့နေလိုက်တာ မင်းက မင်းပါးပါးနဲ့ တစ်ပုံစံတည်းပဲကိုး...

အဟက်..! ငါက နစ်နာသွားတာမှမဟုတ်ပဲ...

ပြီးတော့ ယောကျာ်းလေးချင်းပဲလေ....
မင်းကတောင် မေ့ဖို့ပြောတာ ငါက ဘာလို့မမေ့နိုင်ရမှာလဲ.....?**)

XZ ခပ်ချဥ်ချဥ်တွေးလိုက်ရင်း မဲ့ပြုံးတစ်ခုကို ချိတ်ဆွဲလိုက်သော်လည်း ရင်ဘက်တစ်နေရာက ဆို့တက်လာတဲ့ ခံစားချက်ကိုတော့ မငြင်းဆန်မိပါလေ...။

အခြေအနေတွေက မြန်ဆန်လွန်းခဲ့သည်။
အခုတော့ သူတို့နှစ်ယောက်က ဘာတွေဖြစ်ကုန်မှန်းပင် မခန့်မှန်းတတ်တော့...။

ဆေးမိနေတဲ့သူ့ကို စိတ်ပါသွားတာတစ်ခုတည်းနဲ့ သူ့လူပျိုရည်ရင်းခဲ့တာလား...?

ဘာတွေလဲ...?

မင်းနဲ့ မင်းပါးပါးက ငါတို့တူဝရီးနှစ်ယောက်ကို အချိန်ပြည့် ဒုက္ခပေးချင်နေကြတဲ့သူတွေပဲ...။

အဟက်..! ငါက Gay တွေကို အယုံကြည်မရှိဘူး ကောင်လေး...။

(A/N - Fic အရဖတ်ပေးကြပါ✌🏻)

ငါ အရိုးစွဲအောင် မှတ်ထားခဲ့တဲ့ သင်ခန်းစာအတိုင်း B to B Relationship တွေက အပျော်တွေပဲလေ...။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now