Part-19

206K 15K 1.8K
                                    

(Z&U)

စက်အိပ်ရာနိုးနိုးချင်းသတိထားလိုက်မိတာက လေငွေ့နွေးနွေးကသူ့မေးဖျားမှာ လာရိုက်ခက်နေတယ်ဆိုတာပင်။ပြီးတော့စက်ရင်ခွင်ထဲကနွေးထွေးတဲ့အထိအတွေ့။သူထင်တာမမှားဘူးဆိုရင် ညကတစ်ညလုံးဟိုဘက်လှည့်အိပ်နေသူက မနက်လင်းတော့သူ့ရင်ခွင်ထဲရောက်နေခဲ့တာဖြစ်မည်။ဟာ့!ဘာလဲ ရင်ခွင်ထဲကလှုပ်နေတာလား။

စက်မျက်လုံးတွေကိုလုံးလုံး ဖွင့်မပစ်သေးပဲ မျက်တောင်ဖျားတွေမှေးစင်းပြီး အကဲခတ်လိုက်လျှင်။What! ဒီကောင်လေးဘယ်ကတည်းကနိုးနေတာလဲ။မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ရင်း မျက်လုံးဝိုင်းတွေကစက်မျက်နှာကိုတစ်ခုချင်းသေချာလိုက်ကြည့်နေတာဖြစ်သည်။ဒါကြောင့်နိုးလာကတည်းက တစ်ယောက်ယောက်ကကြည့်နေတဲ့ခံစားချက်ကြီးရနေတာ။မျက်လုံးတွေကိုပြန်မှိတ်ပစ်ရင်း အသက်ရှူသံကိုပုံမှန်ဖြစ်အောင် အရင်ကြိုးစားရသည်။ဘာလို့ခိုးကြည့်နေရတာလဲ။

ခဏအကြာ ရင်ခွင်ထဲကတစ်လှုပ်လှုပ်က စက်အိပ်ပျော်နေတယ်အထင်နဲ့သူ့ခါးပေါ်ကစက်လက်တွေကိုဖြည်းဖြည်းချင်းခွချနေတာဖြစ်သည်။အစောကြီးထပြီးဘာလုပ်ဖို့စိတ်ကူးနေတာလဲ။ဘာလဲဒီနေ့ရုံးတက်ဖို့များစိတ်ကူးနေတာလား။စက်မနိုးအောင်ဖြည်းဖြည်းချင်းထထိုင်ဖို့ကြိုးစားနေသူကို ခါးကနေပြန်ဆွဲကပ်ပစ်လိုက်လျှင်

"အာ့!"

စက်လည်တိုင်မှာ မျက်နှာအပ်ရင်းစက်ရင်ခွင်ထဲပြန်ရောက်လာတာဖြစ်သည်။စက်ကမျက်လုံးတွေကိုမှေးစင်းကြည့်နေရင်း

"ပြန်အိပ်"

"ဟင့်အင်း ထတော့မယ်"

"မင်း ဒီနေ့ရုံးလိုက်လို့မရသေးဘူး အရိပ်စစ်"

"ဘာလို့လဲ"

"မင်း ကောင်းကောင်းမကောင်းသေးဘူး၊အနားယူဖို့လိုသေးတယ်"

ဘာတစ်ခွန်းမှမတုန့်ပြန်ပဲ စက်ရင်ခွင်ထဲကနေရုန်းထွက်ဖို့ကြိုးစားနေသူကိုခြေထောက်နှစ်ဖက်ကမကာ ပေါင်နှစ်ဖက်ကြားထဲထိုးထည့်ပြီးခွထားလိုက်သည်။တုတ်ခိုင်တဲ့စက်ပေါင်တွေကြားထဲမှာသူ့ခြေထောက်တွေရုန်းထွက်လို့မရတော့ လွတ်နေတဲ့အပေါ်ပိုင်းလက်နှစ်ဖက်ကကစက်ရင်ဘက်ကိုတွန်းကာ ရုန်းထွက်ဖို့လုပ်ပြန်သည်။စက်ကလျှင်သည်။သူ့ကျောကနေစက်ဘက်ကိုဆွဲကပ်ပစ်လိုက်ရင်းကျစ်နေအောင်ဖက်ထားလိုက်လျှင်ဘယ်လိုမှရုန်းထွက်လို့မရတော့ စက်မျက်နှာကိုမော့ကြည့်လာပြီး

I Am Your Baby's Father(ငါကမင်းကလေးရဲ့အဖေ)Where stories live. Discover now