Part-3

157K 14.4K 695
                                    


ပြန်လာတဲ့လမ်းတစ်လျှောက်လုံး အရိပ်ကိုသူလှည့်ကြည့်မိတိုင်း ငိုမဲ့မဲ့လေးပြန်ကြည့်နေတာတွေ့ရသည်။စက်ကအရိပ်လက်လေးကိုခပ်တင်းတင်းဆုပ်ကိုင်ရင်း

"ညီလေး"

"ကိုကို ကျွန်တော့်ကိုအရိပ်လို့ပဲခေါ်လို့ရလားဟင်"

စက်ကြားကြားချင်းကြောင်သွား၏သူဘာပြောချင်တာမှန်းစက်ကတန်းသဘောမပေါက်။လေးလေးက ကားမောင်းရင်းတစ်ဟားဟားအော်ရယ်ကာ

"စက်ကြားလား၊သားက သူ့ကိုအရိပ်လို့ပဲခေါ်ပါတဲ့"

"ဘာလို့လဲ"

နားမလည်သလိုမေးလိုက်လျှင်အရိပ်က စက်ကိုမော့ကြည့်လာရင်း

"ဂေဟာကသူငယ်ချင်းတွေကိုပဲ ညီလေးလို့ခေါ်လေ"

ထိုအခါမှစက်လည်း သဘောပေါက်တော့သည်။သူ့ကိုညီလေးခေါ်တာမကြိုက်လို့စက်ကိုပြောနေတာပင်။ဂေဟာကကလေးတွေနဲ့သူ့ကိုတန်းတူမဆက်ဆံစေချင်မှန်းလည်းစက်နားလည်လိုက်သည်။

"အာ ရတယ်၊အခုကစပြီး အရိပ်လို့ပဲခေါ်ပါ့မယ်ခင်ဗျ"

ထိုအခါမှ စက်မျက်နှာကိုမော့ကြည့်ပြုံးပြလာကာ

"အင်း"

"ကိုယ့်ထက်အကြီးကိုအင်း လို့မပြောရဘူး၊ဟုတ်ကဲ့လို့ပြောရတယ်အရိပ်ရ"

"ကိုကိုက မကြိုက်လို့လားဟင်"

စက်ကိုငိုမဲ့မဲ့လေးမော့ကြည့်လာပြန်လျှင်

"မဟုတ်ပါဘူးကိုကိုကကြိုက်ပါတယ်၊အရိပ်ကြိုက်သလိုခေါ်ကွာ"

ထိုသို့ပြောလိုက်မှချက်ချင်းပြုံးလာ၏စက်တို့ကိုကြည့်ပြီးလေးလေးကတစ်ပြုံးပြုံးဖြစ်နေရှာသည်။

အိမ်ရောက်လာတော့ နေရာစိမ်းနေသူက စက်လက်ကိုလုံးဝမလွှတ်တော့။လေးလေးကခေါ်လို့လည်းမရ။မေမေက လည်းအရိပ်ကိုတစ်ချိန်လုံး အကဲခက်နေ၏စက်ကပဲအရိပ်အတွက်ပြင်ထားပေးတဲ့အိပ်ခန်းဆီခေါ်လာပေးရသည်။အရိပ်အတွက်အိပ်ခန်းကို စက်အိပ်ခန်းနဲ့ကပ်ရပ်တွင်ပြင်ပေးထားတာဖြစ်သည်။

ညနေစောင်းတော့ညစာမစားခင် အရိပ်အခြေအနေကိုအကဲခက်ရင်း အရိပ်အခန်းရှိရာဘက်ထွက်လာလိုက်သည်။အရိပ်အခန်းထဲမှာဒေါ်ကြီးရွှေပါရောက်နေတာဖြစ်သည်။ဒေါ်ကြီးရွှေဆိုတာကစက်ကို ငယ်ငယ်လေးကတည်းကထိန်းကျောင်းပေးတဲ့စက်နာနီလို့တောင်ပြောလို့ရသည်။ဒေါ်ကြီးရွှေ စက်တို့အိမ်ကိုရောက်လာခဲ့တာ စက်မမွေးခင်ကတည်းက။ဆယ်စုနှစ်တစ်ခုကိုတောင်ဖြတ်ကျော်လာခဲ့ပြီ။ မေမေ့လိုလူမျိုးကိုတောင်သည်းခံနိုင်စွမ်းရှိသူမို့ ဒေါ်ကြီးကအိမ်ကလူယုံလိုဖြစ်နေ၏အိမ်ကအလုပ်သမားတွေကိုလည်းဒေါ်ကြီးရွှေကပဲဦးစီးခိုင်းသည်။

I Am Your Baby's Father(ငါကမင်းကလေးရဲ့အဖေ)Where stories live. Discover now