Part-8

147K 14.3K 1.1K
                                    

Zawgyi

အရိပ်နောက်ကျောလေးကိုကြည့်ပြီး စက်စိတ်မကောင်း။နောက်ဆိုရင် သူဒီကောင်လေးကိုခဏခဏတွေ့ခွင့်ရမှာမဟုတ်တော့။လွမ်းတိုင်းလာကြည့်ခွင့်မရှိတော့။စိတ်ကောက်ရင်တောင်ချော့ဖို့အခွင့်အရေးသူ့မှာမရှိတော့။

"အရိပ်! အရိပ်ကိုကို့ကို စိတ်ကောက်နေတာမလား၊ကိုကိုတာင်းပန်ပါတယ်ကွာ၊ကိုကိုအရိပ်ကို တမင်မခေါ်ပဲနေတာမဟုတ်ပါဘူး"

အိပ်ချင်ယောင်ဆောင်နေသူကတုတ်တုတ်မှမလှုပ်။

"အရိပ်"

စက်ကအရိပ်ခြုံထားတဲ့စောင်ကိုအသာလှပ်ပြီး ဘေးမှာဝင်လှဲလိုက်သည်။မွေ့ရာပေါ်ကိုလက်ထောက်လိုက်ပြီးဘေးစောင်းအိပ်နေသူ၏ပါးဖောင်းဖောင်းလေးကို လက်ညှိုးနဲ့အသာထိကြည့်လိုက်သည်။အိပ်နေသူဆီကရှိုက်သံလေးထွက်လာ၏

"အရိပ် ငိုနေတာလား၊ကိုကိုတောင်းပန်ပါတယ်"

"အင့်! အဟင့်! ဟင့်!"

သူပြောလိုက်ကာမှ ပိုပြီးဝမ်းနည်းလာပုံရကာရှိုက်ကြီးတငင်ငိုတော့၏သူလည်းပျော်နေတာမဟုတ်ပေမယ့်ခုချိန်မှာ အရိပ်ကသူ့အတွက်ပိုအရေးကြီးသည်။ရှိုက်ကြီးတငင်ငိုနေသူ၏ ကိုယ်လုံးလေးကိုသူ့ရင်ခွင်ထဲဆွဲပွေ့လိုက်မိသည်။

ထိုအခါမှာတော့ အရိပ်ကစက်ရင်ခွင်ထဲကိုအတင်းတိုးဝှေ့ငိုတော့၏စက်ကိုယ်တိုင်လည်း အရိပ်ကိုယ်လေးကို တင်းတင်းကျပ်ကျပ်ဖက်ထားမိသည်။ဖစ်နိုင်ရင် ဒီကောင်လေးကိုသူ့ပါးစပ်ထဲထည့်ငုံသွားချင်မိသည်အထိ။

ဒီကောင်လေးငိုရင်သူမနေတတ်။ဒီကောင်လေးငိုတာကိုသူမကြည့်နိုင်။ဒီကောင်လေးနာကျင်ဝမ်းနည်းနေလျှင် သူနာကျင်ရတာထက်အများကြီးပိုနာကျင်ရသည်။စက်က ကျလာတဲ့မျက်ရည်တွေကို အရိပ်မမြင်အောင်ခိုးသုတ်ပစ်လိုက်သည်။အရိပ်ရှေ့မှာသူငိုမပြချင်ဘူး။အရိပ်ရှေ့မှာ အားနည်းတဲ့သူ မဖြစ်ချင်ဘူး။

ခဏကြာတော့ ရင်ခွင်ထဲကငိုနေသူသည် ငိုလို့ဝသွားပြီထင်၏ရှိုက်သံသဲ့သဲ့သာကြားရတော့သည်။

"အရိပ် ကိုကို့ကိုစိတ်ဆိုးနေတုန်းလားဟင်"

ထိုအခါမှ စက်ကိုမော့ကြည့်ဖော်ရသည်။မျက်နှာနုနုမှာ ငိုထားတဲ့အရှိန်ကြောင့်ရဲနေ၏မျက်လုံးဝိုင်းလေးတွေတောင်ဖောင်းချင်နေသယောင်။စက်ကအရိပ်မျက်နှာနုနုကိုဖွဖွလေးထိကိုင်လိုက်လျှင်

I Am Your Baby's Father(ငါကမင်းကလေးရဲ့အဖေ)Where stories live. Discover now