Part-10

160K 13.7K 669
                                    

Zawgyi

မှန်နံရံကတစ်ဆင့်အပြင်ဘက်ရှူခင်းကိုအကြောင်းပြချက်မရှိငေးနေမိသည်။မိုးသားလဲ့ပြာပြာက အင်လျားကန်ရေပြင်မှာထင်းနေ၏အုန်းပင်ရှည်ရှည်တွေကလေယူရာအတိုင်းယိမ်းနွဲ့နေကြသည်။

ဦးတေဇာအောင်အခုတလောစက်ဆီကိုပဲစိတ်ရောက်နေသည်။စက်စေ့စပ်လိုက်ပြီဆိုတဲ့သတင်းကြားပြီးကတည်းက သားပုံစံကလည်းပိုပြီးအေးစက်လာကာ အလုပ်တွေပဲဆက်တိုက်ဖိလုပ်နေတော့သည်။နားနားနေနေလုပ်ဖို့ပြောတာတောင်လက်မခံ။သူအဆင်ပြေပါသည်တဲ့။ပြီးတော့သူ့ကိုစိတ်မပူဖို့။

ဦးတေဇာအောင်ကိုယ်တိုင်လည်းစိတ်နဲ့လူနဲ့သိပ်မကပ်ချင်။အခုနောက်ပိုင်းနှလုံးတုန်တာတွေ၊အသက်ရှူကျပ်ပြီးမောတာတွေမကြာခဏဖြစ်လာသည်။သားကိုလည်းပြောမပြချင်သေး။ဖြစ်နိုင်ရင်ဒီကလေးကိုသူ့အတွက်နဲ့ဒုက္ခမများစေချင်တော့။

စက်ထွက်သွားတဲ့နေ့Heart Attackဖြစ်ပြီးကတည်းက သားကသူ့ကိုအရိပ်တစ်ကြည့်ကြည့်နေတော့သည်။သူ့မျက်နှာ နည်းနည်းမကောင်းတာနဲ့ကျန်းမာအောင်နေဖို့ပဲအမြဲပြောတော့တာဖြစ်သည်။'ဖေဖေကတော့ကျန်းမာနေမှဖြစ်မှာပေါ့'တဲ့။နောက်ပြီး'ဖေဖေ့ကို ကျွန်တော်ကပြန်ပြီးစာင့်ရှောက်နိုင်ပါပြီ'တဲ့။

သားကသူကိုယ်တိုင်ကျတော့မြိုသိပ်နိုင်လွန်းသည်။စက်ထွက်သွားပြီးကတည်းကသူဖြစ်ချင်တာတွေ၊သူလုပ်ချင်တာတွေဘာတစ်ခုမှမပြောတော့။သူဖြစ်ချင်တာရှိရင်လုပ်ကြည့်ဖို့တိုက်တွန်းပြန်တော့လည်း သူ့အတွက်ကဘာဖြစ်ဖြစ်အဆင်ပြေပါသည်ဆိုတာချည်းသာ။တခါတလေတောင်အတွန့်တက်တာမျိုးမရှိ။

သားကပြောပြစရာမလိုအောင်အလိုက်သိသည်။ကျောင်းပြီးတာနဲ့ကုမ္ပဏီမှာဝင်ကူဖို့အဆင်သင့်ဖြစ်နေခဲ့၏စင်ကာပူမှာBusinessနဲ့ပတ်သတ်သည့်MBAသင်တန်းတစ်နှစ်သွားတတ်သည်။ပြန်လာတာနဲ့ကုမ္ပဏီမှာအလုပ်တန်းဝင်သည်။အလုပ်လည်းကြိုးစားသည်။အခြေအနေတစ်ခုကြောင့်သူ့အနားမှာ အနီးကပ်အတွင်းရေးမှူးလုပ်ပေးဖို့တောင်းဆိုတော့လည်းအသာတစ်ကြည်လက်ခံခဲ့တာပင်။

သူကိုယ်တိုင်ကလည်းတစ်ခုခုဆိုသားနဲ့ပဲတိုင်ပင်စရာရှိခဲ့သည်။သားဖြစ်သူကလည်းတိုင်ပင်တဲ့အခါတိုင်း သူဖြစ်ချင်တာကိုအကုန်ဖြစ်အောင်လုပ်ပေးခဲ့တာချည်းသာ။သားကစက်ရှိနေတုန်းကတောင် စက်အပေါ်ဆိုးတာမျိုးတွေရှိတတ်သေးသည်။စက်ထွက်သွားပြီးတဲ့နောက်ပိုင်းသူ့ဆန္ဒထက်သူတပါးဆန္ဒကိုသာအရင်ဦးစားပေးတတ်သည်။သားကသိပ်ကိုဖြူစင်တဲ့ကလေးပါ။ပြီးတော့သူ့အသက်ကို ငယ်ငယ်လေးကတည်းကယ်တင်ပေးခဲ့သူ။

I Am Your Baby's Father(ငါကမင်းကလေးရဲ့အဖေ)Unde poveștirile trăiesc. Descoperă acum