Part-28

197K 15.2K 4.6K
                                    

(Z&U)

Note:(ဒီအပိုင်းမှာMale pregnantနဲ့ပတ်သတ်ပြီးဆေးပညာကိုမှီငြမ်းထားတာမဟုတ်တဲ့အကြောင်း။စာရေးသူရဲ့စိတ်ကူးနဲ့သာရေးသားထားတဲ့အကြောင်းရိုးသားစွာဝန်ခံပါတယ်ရှင့်။)နောက်တစ်ခုက စာရေးသူအနေနဲ့ Plotအတိုင်းပဲသွားပါရစေနော်။

💥💥💥💥💥

'အန်တီတို့သားမှာကိုယ်ဝန်က8ပတ်ကျော်နေပါပြီ၊ကိုယ်ဝန်ဆောင်ကအမျိုးသားတစ်ယောက်ဖြစ်နေတဲ့အတွက်ကျွန်မတို့ဘက်ကလည်းသူ့ရဲ့ဂုဏ်သိက္ခာ၊အရှက်တရားတွေကိုထည့်တွက်ပြီး အကြိမ်ကြိမ်အခါခါစစ်ဆေးခဲ့ရတာပါ၊စင်ကာပူကပါရဂူကြီးတွေကိုယ်တိုင် အထပ်ထပ်စစ်ဆေးခဲ့တာလည်းဒီအဖြေပါပဲ'

အရိပ်စစ်ကိုပြည့်စုံကိုယ်တိုင်လိုက်ပြပေးနေတယ်ဆိုတဲ့ဒေါက်တာဒေါ်ဖြူဖြူသင်းကိုယ်တိုင်ပြောသွားခဲ့တဲ့စကားတွေ။ဒေါ်ရူပါအောင်အံ့ဩလွန်း၍ကိုယ့်နားကိုတောင်မယုံနိုင်။ရောက်ရောက်ချင်းရင်ဝကိုဆောင့်ကန်ခံလိုက်ရသလိုပင်။အဖြစ်အပျက်တွေကယုံချင်စရာမရှိ။နားရှိလို့သာကြားရတော့သည်။ဘယ်လိုဖြစ်လို့ယောင်္ကျားတစ်ယောက်ကတစ်ခြားယောင်္ကျားတစ်ယောက်ရဲ့ကိုယ်ဝန်ကိုဆောင်ထားရတာတဲ့လဲ။

'ဒီလိုCaseမျိုးကိုသဘာဝလွန်ဖြစ်ရပ်လို့တောင်ပြောရမလိုပါပဲ၊ဒါမှမဟုတ်အန်တီတို့သားကintersexလည်းဖြစ်နေနိုင်ပါတယ်၊မွေးလာကတည်းကလိင်အင်္ဂါနှစ်မျိုးပါလာတာမျိုးပေါ့၊နားလည်အောင်ပြောရရင်သူ့ခန္ဓာကိုယ်မှာယောင်္ကျားဟော်မုန်းကပိုများပြီးတော့ယောင်္ကျားတစ်ယောက်အဖြစ်ရှင်သန်ကြီးပြင်းလာတာမျိုးပါ၊ဒါကလည်းကျွန်မတို့ရဲ့ယူဆချက်သက်သက်ပါပဲ၊ဖြစ်နိုင်ချေတော့အလွန်နည်းပါတယ်'

'ဒါပေမယ့်ထူးခြားတာတစ်ခုကသူ့ဆီမှာမွေးကတည်းကသားအိမ်ပါလာတာပါပဲ၊အဲ့ဒါကြောင့်လည်းသူအခုလိုကိုယ်ဝန်ဆောင်နိုင်တာပါပဲ၊ထူးဆန်းနေမှာဆိုပေမယ့်ဒါကအမှန်ပါပဲ၊အန်တီတို့အတွက်ကံကောင်းတာလား၊ကံဆိုးတာလားဆိုတာတော့မပြောတတ်ဘူး၊ကျွန်မလည်းသားယောင်္ကျားလေးမွေးထားတဲ့မိခင်တစ်ယောက်အနေနဲ့ကိုယ်ချင်းစာပါတယ်'

'အရှင်းဆုံးပြောရရင်အန်တီတို့သားအနေနဲ့မိန်းမတစ်ယောက်နဲ့Sexကိစ္စဖြစ်ခဲ့မယ်ဆိုရင်တောင်ဒီလိုအဖြစ်မျိုးကြုံရမှာမဟုတ်ဘူး၊ဒါပေမယ့်...သူနဲ့Sexကိစ္စဖြစ်တဲ့သူကယောင်္ကျားတစ်ယောက်ဖြစ်နေတယ်၊နောက်ပြီးအဲ့ဒီယောင်္ကျားရဲ့spermကသူ့သားအိမ်လမ်းကြောင်းကိုဆက်ဆံရင်းကနေတစ်ဆင့်စိမ့်ဝင်သွားတဲ့အတွက်ကိုယ်ဝန်ရသွားတယ်လို့ပဲယူဆပါတယ်'

I Am Your Baby's Father(ငါကမင်းကလေးရဲ့အဖေ)حيث تعيش القصص. اكتشف الآن