ငယ်ငယ်ကတည်းကကြုံဆုံခဲ့ရတဲ့ ကိစ္စတွေကြောင့် တည်ငြိမ်ရင့်ကျက်လာခဲ့ရသူမို့...။

ရင့်ကျက်တယ်ဆိုတာ တည်ငြိမ်တာကိုပြောတာလား...?

ရင့်ကျက်တယ်ဆိုတာ ကိစ္စတစ်ခုကို ကြီးကြီးငယ်ငယ် ပျာယာမခတ်ပဲ မှန်မှန်ကန်ကန်နဲ့ စနစ်တကျ ဖြေရှင်းနိုင်တာမျိုးလို့ ကျွန်တော်ကတော့ထင်တယ်...။

ဒါက ကျွန်တော်ခံယူထားတဲ့ 'ရင့်ကျက်မှု' ပေါ့ဗျာ...။

တစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ "ခံယူချက်" ချင်းမတူညီကြဘူးလေ...။

ကိုယ့် "ခံယူချက်" သူ့ "ခံယူချက်" ကွဲပြားတာပေါ့...။

ကျွန်တော့်ကိုယ်ကျွန်တော် ရင့်ကျက်လှပြီ လို့ထင်နေပေမယ့် ကျွန်တော့် နှလုံးသား နဲ့ မျက်ရည် တွေကတော့ အခုချိန်ထိ မရင့်ကျက်နိုင်သေးတာကိုတော့ ဝန်ခံပါတယ်...။

ကျွန်တော့်နှလုံးသား နဲ့ မျက်ရည်တွေက တစ်ချို့ကိစ္စတွေမှာဆို နာကျင်စွာ နဲ့ မျက်ရည်ကျမိတယ်လေ...။

တစ်ချို့ တစ်ချို့သော ကိစ္စတွေမှာပေါ့.....။

XZ  Hotel ကို တစ်ချက်လိုက်စစ်ပြီးတာနဲ့ Bar ဘက်ပြန်လာဖို့ ဓာတ်လှေကားဆီသို့  လျှောက်လာခဲ့သည်။

XZ လည်း ဓာတ်လှေကားထဲဝင်လာတာကို မြင်တဲ့အခါ 
အတွင်းမှာ ဓာတ်လှေကားဆက်စီးမယ့် လူတွေကလဲ ခေါင်းငုံ့အရိုသေပေးကာ အလျင်အမြန်ပဲ အသီးသီးထွက်ခွာသွားကြလျက်
ဓာတ်လှေကားထဲ ဝင်လာမယ့် လူတွေကလဲ XZ ကို မြင်တော့ တစ်ခြားသောဓာတ်လှေကားဆီသို့သာ ခြေလှမ်းတို့ဦးတည်ပြီးသားဖြစ်သွားကြလေသည်။

ဓာတ်လှေကားထဲမှာ ကျွန်တော် တစ်ယောက်တည်းဖြစ်နေတာ မထူးဆန်းတော့မဟုတ်...။

ကျွန်တော့်လို Bar ပိုင်ရှင် သူဌေးတစ်ယောက်အတွက် ဒါက နေ့စဥ် ဖြစ်နေကြကိစ္စတွေပဲမို့...။

ဓာတ်လှေကားတံခါး ပိတ်ခါနီးမှ တံခါးကြား တိုးဝင်ကာ တားလာသော လက်တစ်ဖက်...။ 

ဓာတ်လှေကားတံခါးလေးကလဲ အလိုက်သိစွာ ပွင့်ဟ,လာပေမယ့် မြင်လိုက်ရသော မျက်နှာလေးကြောင့် XZ မျက်မှောင်တစ်ချက်မသိမသာကြုံ့မိ၏။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now