"ကဲ... အဲ့တော့ ဘယ်သူလိုက်ပို့လဲ...?"

"ညက................,"

လန်ကျင်းရီဖြစ်ကြောင်းကုန်စင်ရှင်းပြတော့ YB အသာငြိမ်ပြီးတော့သာ နားထောင်နေလိုက်သည်။

"ပြီးတော့နော်... မင်း အဲ့ Bar ပိုင်ရှင်ကို ကျေးဇူးတင်ရင်တင် မဟုတ်ရင် မင်း အန်ခဲ့တဲ့အတွက် ပြန်တောင်းပန်လိုက်! ဒါပဲ!!"

ကျင်းရီအပြောကို ရိပေါ်က နှာခေါင်းတစ်ချက်ရှုတ်လိုက်ရင်း လက်နှစ်ဖက်ကိုဟန်ပါပါပိုက်ကာပြန်ငေါ့လိုက်သည်။

"လန်ကျင်းရီက ဘယ်တော့ကများ သူများကို တောင်းပန်ရတာတွေ ကျေးဇူးတင်ရတာတွေသိသွားတာလဲ?"

YB စကားကို ကျင်းရီက ဂရုမစိုက်သလိုနှင့် ​ခပ်စွာစွာပဲပြန်ချေပသည်။

"မင်းဘာသာ ဘာလုပ်လုပ် ငါ့အပူမဟုတ်ဘူး နော်..! ဒီမှာ ဆက်တည်းရင် မင်း လူတစ်ယောက်အနေနဲ့ တစ်ခုခုတော့လုပ်ရမှာပေါ့!"

"အေးပါကွာ.. ငါ Bar ပိုင်ရှင်နဲ့ စကားပြောလိုက်မယ်  မင်းတို့လည်း ပြန်ကြတော့လေ..."

ထိုအခါ တစ်ချိန်လုံး ဘေးမှာတိတ်ဆိတ်နေတဲ့ စစ်ကျွေးက အလိုက်သိစွာဖြင့်....,

"အေး အေး... မင်း တစ်ခုခုလိုရင် ဖုန်းဆက်လိုက်.. မင်း ဒီမှာတည်းတာ ဘယ်သူ့မှမပြောဘူး... ကိစ္စတွေပြီးရင် အေးအေးဆေးဆေး ပြန်ခဲ့... စိတ်ချမယ် ရိပေါ်..."

စစ်ကျွေး စကားကို ရိပေါ် ခေါင်းတစ်ချက်ငြိမ့်ပြကာ 'စိတ်ချရကြောင်း' အသံတိတ်တုံ့ပြန်လိုက်သည်။

ကျွန်တော်ပြောပါတယ် လန်စစ်ကျွေးနဲ့လန်ကျင်းရီက ညီအကိုတစ်ဝမ်းကွဲတွေသာဖြစ်တာ ကွာခြားပါတယ်လို့...။

"Ok! ကောင်းကောင်းပြန်ကြ"

နှုတ်ဆက်ပြီး အခန်းထဲကိုပြန်ဝင်လာတော့ သူပို့ခိုင်းထားတဲ့ mail တွေက အဆင်သင့်ရောက်နေလေပြီ။

YB ထို mail တွေကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်မိသည်။

သေချာပေါက် နူးနူးညံ့ညံ့အပြုံးလေးတစ်ပွင့်တော့ မဟုတ်တန်ရာ...။

ထိုအပြုံးထဲတွင် နာကျင်ခြင်းတွေ ၊ ဝမ်းခြင်းတွေ ၊ ရှက်ရွံ့ခြင်းတွေ ၊ ကလဲ့စားချေခြင်းတွေ ပါနေလိမ့်မယ်ဆိုတာကတော့ သူကိုယ်တိုင်သာသိပါလိမ့်မည်။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now