ထိုအကြည့်များထဲတွင် မြို့ရဲ့အလှအပကိုမမြင်နိုင်ပဲ အတိတ်ဆီသို့သာ အတွေးစတို့က ကူးလူးစေခဲ့ပြန်သည်။

"Gay... အဲ့ကောင် G*y သားတဲ့ကွ.!
အဲ့တော့ သူလဲအခြောက်ပေါ့ကွာ..
ဟား ဟား ဟား..."

(A/N - Fic အရ,သာဖတ်ပေးစေလိုပါတယ်ဗျ။ Royal နှင့် တစ်ခြား Fan တွေချစ်သော Idol ကို ထိခိုက်စေလိုခြင်း အလျဥ်းမရှိပါ။)

ကျွန်တော် မူလတန်းစ,တက်ကတည်းကဒီလိုပြောတာတွေကိုခံခဲ့ရသည်။
အခု အလယ်တန်းရောက်ပြန်တော့လဲ အပြောခံရပြန်ပြီ။

ဘာလို့ ဒီလိုတွေပြောနေကြတာလဲဆိုတာ
ကျွန်တော် တကယ်ကိုနားမလည်ဘူး။

"ငါ့မှာ မားရှိတယ်ကွ!!
ငါ့ ပါးပါးကလဲ G*y မဟုတ်ဘူး!
ငါလဲ G*y မဟုတ်ဘူးကွ!!"

ကျွန်တော် စိတ်တိုတိုနှင့် လမ်းဘေးက တုတ်တစ်ချောင်းအား ဆွဲကိုင်ကာ ဒေါသတကြီးအော်ဟစ်လိုက်တော့ ကျွန်တော့်အကြောင်းကိုသိသော ထိုသုံးကောင်မှာ တန်းနေအောင် ပြေးလေတော့သည်။

(*မင်းတို့သာ ငကြောက်တွေ*)

ခပ်ချဥ်ချဥ် တစ်ချက်တွေးလိုက်ပြီး ကျောပိုးအိတ်ကြိုးလေးကို ပုခုံးတစ်ဖက်မှာ ဘေးတစ်စောင်းလွယ်ကာ ကျောင်းသို့ ခပ်တည်တည်ပဲဆက်လျှောက်လာခဲ့သည်။

ကျွန်တော်နဲ့ တစ်မြို့ထဲနေတဲ့ 'ဝမ်ချောင်' ဆိုတဲ့ကောင်က 'သူ့မိဘတွေပြောတာကြားဖူးတယ် ဘာညာ ဘာညာ' အစချီကာ ကျွန်တော့်အကြောင်းတွေကို ထိုသို့လိုက်ဖွထားခြင်းသာဖြစ်သည်။

ဝမ်ချောင်နဲ့ ခနခနရန်ဖြစ်ရပေမယ့် နောက်တော့ 'မှန်နေလို့ နာတယ်' ထင်မှာစိုးလို့ ရန်သိပ်မဖြစ်တော့...။
ဒါပေမယ့် သည်းခံနိုင်တဲ့ အတိုင်းအတာကျော်လာရင်တော့ စိတ်ဆက်တတ်တဲ့ ကျွန်တော်က ရန်ဖြစ်မိနေစမြဲပင်။

ကျွန်တော် ပါးပါးကို မုန်းမိတယ်ဗျာ...။
ကျွန်တော့်ကို ဒီလိုတွေ အပြောခံရတဲ့ အရင်းအမြစ်က ကျွန်တော့်ရဲ့ပါးပါးပဲ...။

ဘာလို့ ဒီလိုတွေ အပြောခံနေရလဲဆိုတာ ကျွန်တော် တကယ်ကိုနားမလည်နိုင်တော့ဘူး။

ကျွန်တော့်မှာ 'မား' တစ်ယောက်လုံးလဲရှိပါရက်နဲ့ ကျွန်တော်ဆိုတဲ့ သားတစ်ယောက်လုံးလည်းရှိပါလျက်နဲ့ဗျာ...
ဘာလို့! ဘာလို့ ဒီလိုတွေ အပြောခံနေရလဲ ဆိုတာ ကျွန်တော် တကယ်မသိတော့ဘူး။
သိလဲ မသိချင်ဘူး။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now