နှိုင်းကတော့ အသက်ကိုလုရှူနေရသည်။

"ခ..ခဗျား..."

"မင်း ကိုယ့်ကို ရူးစေချင်တာလား။ ကိုယ် မင်းလေးကို စိတ်မဆင်းရဲစေချင်လို့ ကိုယ်လွတ်ပေးထားတာကို အကောင်းထင်နေတာလား။ မင်းကို မိန်းမ တစ်ယောက် နဲ့တွဲတွေ့လိုက်ရတော့ ကိုယ့်ရင်ဘတ်တွေ နာလွန်းလို့ ပေါက်ကွဲ မတတ်ဘဲ။ မင်း ကို ကိုယ်စောင့်ပေးတယ်ဆိုတာ ဒီလို မိန်းမတွေနဲ့တွဲတွေ့ဖို့မဟုတ်ဘူး။ ကိုယ်ဆန္ဒရှိရင် မင်းကို အခုချက်ချင်း အပိုင်သိမ်းပြစ်လို့ရတယ်။ ဒါပေမဲ့ မင်း ကိုတန်ဖိုးထားလွန်းလို့ မင်းရဲ့ ဆန္ဒမပါဘဲ ကိုယ် မင်းကို ဘာမှမလုပ်ခဲ့ဘူး။ မင်းကို ကိုယ် အတင်းအကြပ်သိမ်းပိုက်အောင် မလုပ်ပါနဲ့။ ကိုယ့်ကို မရူးစေချင်ရင် ကိုယ်မသိတဲ့ မင်း မိန်းမတွေနဲ့ မတွေ့ပါနဲ့။ တွေ့ခဲ့မယ်ဆိုရင် ကိုယ်ဘာလုပ်မိမယ်မှန်း မသိဘူး။ ကိုယ် မင်းကို ဘယ်လိုအကြောင်းမျိုးနဲ့မှ အဆုံးရှူံးမခံနိုင်ဘူး"

စပ် ပြောချင်တာပြောပြီး နှိုင်း အခန်းထဲမှထွက်လာလိုက်ပြီး သူ့အခန်းက ပစ္စည်းတွေကို စိတ်ကြိုက်ပေါက်ခွဲနေလိုက်သည်။

နှိုင်း က အခန်းထဲမှာ ငူငူငေါင်ငေါင် ကြောင်တောင်တောင်ကြီးကျန်ခဲ့သည်။ စပ် ပြောတဲ့ စကားများသည် သူ့နှလုံးသားကို နာကျင်စေသည်။ ဝမ်းလဲဝမ်းနည်းမိသည်။
_________________________________________________

ကျယ်ဝန်းသပ်ရက်လှပသော ရန်ကုန်မြို့လယ်ရှိ ခြံကြီးတစ်ခြံ၏ အလယ်၌ ကြီးမားထည်ဝါသော စံအိမ်ကြီးတစ်အိမ်ကနေရာယူထားသည်။ ခြံထဲတွင် ပွဲတစ်ခု ကျင်းပနေသည်။ ကျရောက်လာမဲ့ အန္တရာယ်ကို မသိကြဘဲ ထိုစံအိမ်ကြီး၏ အရှင်သခင်များ ဖြစ်ကြသော မိသားစု သုံးယောက်၏ မျက်နှာတွင် အပြုံးကိုယ်စီ ဖြင့် ကြည့်လိုက်ရုံနဲ့ကိုစိတ်ချမ်းမြေ့စရာကောင်းလှသည်။

ထိုပွဲက စပ် ဆယ်တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးဖြင့်အောင်သဖြင့် ကျင်းပသော ပွဲဖြစ်သည်။ လူလဲ သိပ်မများ စပ်ရဲ့ အဖေ ဦးစပ်ခွန်းသာရယ် စပ်ရဲ့မေမေ ဒေါ်နန်ပန်းမြိုင် ၊ စပ် အိမ်တော်ရဲ့လူယုံ ဦးမြတ်နဲ့ အိမ်တော်က အလုပ်သမား အနည်းငယ်သာရှိသည်။

Love is..❤  (🚨Complete 🚨)Unde poveștirile trăiesc. Descoperă acum