Part-1

12K 582 20
                                    

Uni

နေ့လည် ၁၂နာရီတိတိ၊ Berry Book Cafe ၊ရန်ကုန်။

ဆိုင်တံခါးကိုတွန်းကာ မှန်ချပ်ကြီးတစ်ခုဘေးရှိ ထိုင်နေကျနေရာလေးသို့ ဝင်ထိုင်လိုက်သည်။ ဟူးခနဲလေကိုမှုတ်ထုတ်လိုက် တော့ လမ်းလျှောက်လာရသမျှ အမောပြေသွားသယောင်။ နာရီကိုထုတ်ကြည့်လိုက်တော့ ၁၂နာရီတိတိမို့ ကျွန်တော်ပြုံးမိ သွားသည်။ ကျွန်တော်သည် တိတိကျကျ ဆိုသော စကားလုံးကို အင်မတန်နှစ်သက်သူဖြစ်သည်။ လွယ်အိတ်ထဲက Botany မှတ်စု စာအုပ်ကိုထုတ်လိုက်ကာ အဖုံးရှိ စူးစိုက်ဆိုသော စာလုံးလှလှလေးကို ပွတ်သပ်ကြည့်မိသည်။ စာအုပ်တစ်အုပ်ပေါ်မှာ ကိုယ့်နာ မည်ကို အလှဆုံးရေးထိုးရတာ ကျွန်တော်သဘောအကျဆုံးအကျင့်တွေထဲကတစ်ခု။

စာအုပ်ကိုစလှန်လိုက်သည့်အချိန်တွင် ဆိုင်က အစ်ကိုကြီးက စားပွဲ‌ပေါ်သို့ ခွက်လေးတစ်ခွက်ချပေးလာသည်။ ဘာမှာမလဲဆို သည့်မေးခွန်းကို ကျွန်တော်ဖြေစရာမလိုသလို ဘာပေးပါလို့လည်း ကျွန်‌တော်ပြောစရာမလိုပေ။ ဘာလို့ဆို ကျွန်တော်က ဒီဆိုင် လေးစဖွင့်ကတည်းက သောက်လာသည့်ဝါရင့်ဖောက်သည်မဟုတ်လား။ ကျွန်တော်ဘာကြိုက်တတ်လဲဆိုတာ သေချာပေါက် သူတို့တွေသိပြီးသားပဲလေ။ နာဖျားဝသို့ရောက်လာသော ရနံ့လေးက ကျွန်တော့်စိတ်ကို ကလိကလိဖြစ်စေသည်။ ကော်ဖီ မကြိုက်တတ်ပေမဲ့ ကော်ဖီဆိုင်ထိုင်ရတာကို ကြိုက်သောကျွန်တော့်အတွက် ဆိုင်မှအစ်ကိုကြီးတွေက အထူးပြုလုပ်ပေးထား သော နို့နှင့်ကော်ဖီအရောအနှောလေးတစ်ခွက်ကိုဖန်တီးပေးကြသည်။ အချိုများတာမကြိုက်သူမို့ အချိုသိပ်မပါအောင် ဖျော်ပေးတတ်သည့် ဒီဆိုင်မှလက်ရာလေးသည် ကျွန်တော်၏သည်းခြေကြိုက်ဖြစ်နေလေပြီ။

နေ့စဉ်နေ့တိုင်း Classဆင်းပြီးချိန်တွင် ကျွန်တော် ဒီဆိုင်လေးမှာ လာထိုင်တတ်သည်။ ကျွန်တော်တက်နေသည့် အရှေ့တိုင်းတက္က သိုလ်၏အနီးတွင်ပင်ရှိရာ ပိုပိုပြီးအဆင်ပြေလှသည်။ ဤသို့ဖြင့် နို့ကော်ဖီလေးသောက်လိုက် စာအုပ်လေးပေါ်မှာ ဟိုခြစ်ဒီခြစ် ခြစ်လိုက်ဖြင့် ကျွန်တော်အချိန်ကုန်လေ့ရှိသည်။ ကျွန်တော့်တစ်နေ့တာမှာ ဒီလိုအချိန်လေးက ရွှေထက်အဖိုးတန်သည့်အချိန် လေးပင်။ အမေနဲ့အဖေတို့ရဲ့ ကြိုးစားမှုကြောင့် အလုပ်လုပ်ရင်းကျောင်းတက်ရသည့်သူတစ်ယောက် မဟုတ်သော်ငြား များပြား လှသည့် ဝါသနာတွေနှင့် သင်တန်းတွေကြားမှာ ကျွန်တော့်အချိန်တွေက ကြပ်ပြီးရင်းကြပ်နေတတ်သည်။ စာလေ့လာတာ၊ အားကစား၊ သီချင်းဆိုတာ အစုံကို ကျွန်တော်လုပ်သည်။ လုပ်တိုင်းလည်း အောင်မြင်တတ်သူမို့ ကျွန်တော့်ဘဝသည် တည်တည် ငြိမ်ငြိမ်ဖြင့်ပျော်စရာကောင်းလှသည်။

Yes,I'm Villain (Completed)Where stories live. Discover now