Part-5

3K 357 11
                                    

Uni

“ဟုတ်ကဲ့ပါခင်ဗျာ အခုဆိုရင်တော့ သတ္တဗေဒမှကျောင်းသားများနဲ့ နည်းပညာအတန်းမှ ကျောင်းသားများ ယှဥ်ပြိုင်ရမည့် အလှည့်ဖြစ်ပါတယ်ခင်ဗျာ။ ဗိုလ်လုပွဲလည်း ဖြစ်တာမို့ ဘယ်ဘက်က ဆုဖလားကို အရယူသွားနိုင်မလဲဆိုတာကတော့ ရင်ခုန်ဖွယ်ပါပဲ”

အခမ်းအနားမှူး၏ ဟိုဟိုဒီဒီပြောသံသည် ကျွန်တော့်နားဖျားထဲတွင်မရှိ။ ထို့အတူ ကျွန်တော့်၏ စိတ်ဝိဉာဥ်သည်လည်း ဒီအခမ်းအနားတွင် လုံးဝမရှိ။ ဗိုလ်လုပွဲဆိုတာမှန်းလည်း သိသည်။ အရေးကြီးသည် ဆိုတာလည်း နားလည်သည်။ သို့သော် ကျွန်တော် နေလို့မကောင်း။ ဟိုတစ်နေ့လိုက်ပို့ပြီးကတည်းက မျက်နှာချင်းဆိုင် မတွေ့ရတော့သော ခန့်သည် နည်းပညာဘက်မှ ကစားသမားအဖြစ် တစ်ဖက်ခုံမှာထိုင်နေသည်။ ကျွန်တော် လှမ်းကြည့်လျှင် ပြုံးပြလေ့ရှိသော ခန့်သည် ကျွန်တော်တို့နှစ်ယောက်၏ ယှဥ်ပြိုင်မှုအပေါ် ဘာမှမခံစားရသည့်နှယ်။ တကယ်တော့လည်း ဒီလိုပြိုင်တယ်ဆိုတာမျိုးက ရန်သူတွေလို ဖြစ်သွားတာမျိုးမှမဟုတ်ဘဲ။ ဒါပေမဲ့လေ။ တစ်ယောက်နိုင်ရင် တစ်ယောက်ရှုံးရမည်ဆိုသည့်အဖြစ်က ကျွန်တော့်ကို နေလို့မကောင်းဖြစ်စေသည်။

ကျွန်တော့်အနေနှင့် ကျွန်တော်တို့ဌာနကိုလည်း အရှုံးမခံနိုင်သလို သူ့ကိုလည်း မရှုံးစေချင်ပါ။ ဖြစ်နိုင်ရင် သရေ ဆိုသည့် အခြေအနေနှင့် ပြိုင်ပွဲပြီးသွားစေချင်ပါသည်။ ဒါပေမဲ့ တတ်မှမတတ်နိုင်ဘဲလေ။ ဗိုလ်လုပွဲဆိုမှတော့ အဖြေပေါ်အောင် ကြိုးစားရတော့မှာဖြစ်သည်။ ကျွန်တော် သူ့ကိုနိုင်စေချင်ပေမဲ့ သူနဲ့ကျွန်တော့်ဌာန နှစ်ခုထဲက တစ်ခုပဲရွေးရမယ်ဆိုလျှင် ကိုယ့်ဌာနကိုသာ ရွေးရပါလိမ့်မည်။ အကြောင်းရင်းကတော့ ကျွန်တော့်စိတ်တွေကို အနိုင်ယူတတ်လွန်းတဲ့ ခန့်ကို အားကစားနဲ့ပဲ ဖြစ်ဖြစ် ပြန်အနိုင်ယူချင်လို့။ နောက်ပြီး ဒီအထိ ကြိုးစားလာခဲ့ရတဲ့ ကိုယ့်အဖွဲ့သားတွေနဲ့ အားပေးနေတဲ့ ကိုယ့်ဌာနက လူတွေကို မျက်နှာမပျက်စေချင်လို့။

“စူးစိုက် သေချာလုပ်နော်။ ပြီးတော့ ငါတို့နဲ့ အချိတ်အဆက်လည်း မပြတ်စေနဲ့”

Yes,I'm Villain (Completed)Where stories live. Discover now