Part-11

2.9K 361 13
                                    

Uni

ကျွန်တော်နာရီကို လေးကြိမ်မြောက်မော့ကြည့်မိပြန်သည်။ လက်တံအရှည်အတိုတို့က ၄နာရီခွဲသို့ မညွှန်ပြနေသေးသော်လည်း ကျွန်တော်စိတ်လောလှသည်။ မသောက်ရတာ ကြာပြီဖြစ်သော နို့ကော်ဖီလေးကို တစ်ငုံချင်းသောက်ကာ မျက်လွှာကို ဖြည်းဖြည်းပိတ်၍ သူနှင့်တွေ့ရင် ဘာတွေဖြစ်မယ်ဆိုတာကို တိတ်တိတ်လေး စိတ်ကူးနေသည်။ ကျွန်တော့်မျက်လုံးတွေပြန်ဖွင့်လိုက်ချိန်မှာတော့ ကျွန်တော်ရှိရာဘက်ကို ကိုင်းညွတ်ကာ ပြုံးနေသော သူ့ကိုတွေ့လိုက်ရသည်။

“အိပ်နေတယ်မှတ်နေတာ”

သူက ပြုံးစစဖြင့် စကားဆိုလာသည်။ သူ့ပုံစံက နုပျိုပြီး ကြည်ကြည်လင်လင်ရှိလှသည်။ ဘာအပူအပင်မှမရှိသလိုပင်။ ကျွန်တော် တစ်ခါတလေတော့ သူ့ကို မနာလိုဖြစ်မိသည်။

“မဟုတ်ပါဘူး။ ကျွန်တော် တွေးနေတာ”

“ဘာတွေတွေးနေတာလဲ”

သူက ကျွန်တော်နဲ့ စကားမပြတ်စေဘဲ ဆိုင်ကအစ်ကိုကြီးကို မှာလိုသည်အား လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။

“အမ်... ဒီလိုပါပဲ။ စာတမ်းအကြောင်း”

ကျွန်တော် ပြုံးကာသာ လိမ်လိုက်မိသည်။ စာတမ်းအကြောင်းလား။ စိတ်ထဲကို မရောက်လာတာ။ သူနဲ့တွေ့ရတော့မယ်ဆိုတဲ့ အချိန်ကတည်းကပဲ။

ကျွန်တော် စိတ်လှုပ်ရှားမှုကို ဖြေလျှော့ဖို့ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဘယ်နှခါပဲတွေ့ပြီးပြီး၊ ဘယ်လောက်ပဲ စကားတွေပြောပြီးပြီး ကျွန်တော်ဟာ သူနဲ့တွေ့တိုင်းမှာ စပြီးရင်ခုန်စ ဆယ်ကျော်သက်တွေလို မတည်မငြိမ်ဖြစ်နေဆဲပင်။

“ဪ အင်းပေါ့။ အဲ့ဘက်မှာ အလုပ်ရတယ်ဆိုတာကလည်း မက်မောစရာကြီးဖြစ်နေတာကိုး။ မင်း ဝါသနာပါရင် ကောင်းတာပေါ့”

“အင်း ဝါသနာပါတယ်ဗျ။ ကျွန်တော်က အဲ့လို အပင်တွေအကြောင်းလေ့လာရတာ ကြိုက်တယ်လေ။ တကယ်တော့... သူတို့နဲ့ ပိုပြီး နီးနီးကပ်ကပ်ရှိနေချင်မိတာဆို ပိုမှန်မယ်”

“ဪ... သဘာဝနဲ့ နီးနီးကပ်ကပ်ရှိချင်တာပေါ့”

“အင်း အဲ့လိုပြောလို့ရပါတယ်”

Yes,I'm Villain (Completed)Where stories live. Discover now