Part-2

4.4K 442 13
                                    

Uni

ဖုန်း၏တတူတူအသံက ကျွန်တော့်နားထဲထပ်ခါထပ်ခါဝင်ရောက်လာသည်။ ဆုပ်ကိုင်ထားတဲ့လက်ကို အာရုံရောက်မိတော့ လက်ဖျားတွေအေးစက်နေတာကို သိလိုက်ရသည်။ ဒီလိုပဲ ကျွန်တော့်ခြေဖျားလက်ဖျားတွေက အေးစက်ဖို့ လွယ်ကူလွန်းသည်။ စိတ်လှုပ်ရှားရင်ပဲဖြစ်ပါစေ၊ ရာသီဥတု ပိစိကလေး အေးရင်ပဲဖြစ်ပါစေ ချက်ချင်းကို အေးစက်လာတတ်သည်လေ။ မေမေကတော့ ဒါနဲ့ပတ်သတ်ပြီး သူ့ကိုမကြာခဏစနောက်တတ်သည်။ 'ငါ့သားလေး လက်ကိုနွေးအောင်လုပ်ပေးမဲ့ တစ်ယောက်ယောက်တော့လိုနေပြီတဲ့'။ အမေ့စကားကို ပြန်ကြားယောင်မိတော့ အနည်းငယ်ပြုံးမိသွားကာ တစ်ဖက်က ဖုန်းဖြေသံကို အမှုမဲ့ အမှတ်မဲ့ဖြစ်သွားသည်။ သူသတိကပ်ချိန်မှာ တစ်ဖက်က ဟယ်လိုဆိုသည့်စကားစုကို နှစ်ခေါက်ထပ်မနည်းပြောပြီးနေပြီ။

"အာ...ဟိုဟာ.."

ကျွန်တော်ဘယ်သူဘယ်ဝါပါ လို့ပြောလိုက်ရအောင်ကလည်း သူကကိုယ့်ကိုသိနေတာမှမဟုတ်ဘဲ။ ကျွန်တော့်စိတ်တွေ အနည်းငယ်တော့ အကြပ်ရိုက်သွားသည်။ ဘယ်သူပါလို့ ပြောလိုက်ရမလဲ။

"ကျွန်တော် ခင်ဗျား ပိုက်ဆံအိတ်ပေးသွားတဲ့ တစ်ယောက်ပါ။ မ မနေ့ကပဲလေ"

လူစိမ်းတစ်ယောက်နဲ့ ဖုန်းပြောရတာက ကျွန်တော့်စိတ်ကို လှုပ်ရှားစေတယ်။ ဒါက ကျွန်တော်ဟာ လူကြောက်တတ်တဲ့ လူမျိုးဖြစ်လို့မဟုတ်ပါဘူး။ လူစိမ်းတွေနဲ့ ရင်းရင်းနှီးနှီးနေလေ့မရှိလို့ပါ။ စိတ်လှုပ်ရှားမှုကြောင့် အသံတွေအနည်းငယ် ထစ်နေတယ်။ ကျွန်တော့်စကားတွေများ သူ့နားထဲမှာ ကန့်လန့်ကြီးဝင်သွားမလားလို့လည်း စိုးရိမ်နေမိတယ်။ ကျွန်တော်က သန်မာပေမဲ့ နည်းနည်းတော့ အတွေးလွန်တတ်တယ်။

"ဪ...."

ခပ်တိုးတိုး ခပ်ရှရှ သူ့အသံက မပြောင်းလဲသွားဘူး။ သူ့ရဲ့ ဒီစကားလုံးလေးတစ်ခုတည်းက ကျွန်တော့်နားတွေကို ပူသွားစေတယ်။ ဘာလို့သိပ်နားထောင်ကောင်းနေရတာလဲ။
"ဘာဖြစ်လို့လဲ"

ဆက်ပြောလာသည့် သူ့စကားသံက တည်တည်ငြိမ်ငြိမ်။ ဒါကမေးခွန်းတစ်ခုနဲ့မတူဘဲ စကားတစ်ခွန်းနဲ့ပိုပြီးတူနေတယ်။ သူ့လေသံထဲမှာ သိချင်စိတ်ကို မတွေ့ရဘူး။

Yes,I'm Villain (Completed)Where stories live. Discover now