Part-8

3K 344 13
                                    

Uni

“ပြောစရာရှိတယ် အားလုံးနားထောင်ကြ”

ဆရာ့ရဲ့အသံဩဩကြီးက တစ်တန်းလုံးကိုပျံ့နှံ့သွားကာ ဟိုဟိုဒီဒီလုပ်နေကြတဲ့လူတွေအကုန်လုံးရဲ့ အာရုံက ဆရာ့အပေါ်စုပြုံကျရောက်လာသည်။ ကျွန်တော်လည်း စာရွက်တစ်ခုပေါ်မှာ အပင်ဆဲလ်တစ်ခုကို ခပ်ဖွဖွဆွဲနေရာမှ ခဲတံကိုချထားကာ မတ်မတ်ထိုင်လိုက်သည်။ ဆရာက သူ့လက်ထဲကစာရွက်ကိုတစ်ချက်ကြည့်ကာ မျက်နှာကအတော်တောက်ပနေသည်။

“မင်းတို့ကနောက်တစ်နှစ်ဆို ကျောင်းဆင်းပြီး အလုပ်ခွင်ကိုဝင်ကြတော့မှာ။ အခု ဆရာတို့ဆီမှာ မင်းတို့အတွက် သင့်တော်တဲ့ အလုပ်တစ်ခုကမ်းလှမ်းလာတာရှိနေတယ်။ တစ်လောကမှ နိုင်ငံတော်က အသစ်ဖွင့်လိုက်တဲ့ သုတေသနဓာတ်ခွဲခန်းကိုသိတယ်မလား။”

ကျွန်တော် သတိလက်လွှတ်ခေါင်းညိတ်လိုက်မိသည်။ အဲ့ဒီနေရာက အတော်လေးအကုန်ကျခံလုပ်ထားတာဖြစ်ပြီး နိုင်ငံတော်က သုတေသနပိုင်းဆိုင်ရာကို တိုးတက်စေဖို့အဓိကထားတာဖြစ်လို့ အလွန်အားကောင်းတဲ့ ဌာနတစ်ခုဖြစ်လာမည်ဟု ခန့်မှန်းပြောဆိုနေကြတာတွေလည်းကြားသည်။

“သူတို့ကနေ အလုပ်သင်ကျောင်းသားတစ်ချို့ခေါ်မယ်လို့ တက္ကသိုလ်တွေကို အကြောင်းကြားထားတယ်။ ဒီအတွက် ဆရာတို့ စာတမ်းတိုတွေပြုစုရမယ်။”

ကျောင်းသားတွေကြား ကျွတ်စီကျွတ်စီဖြစ်သွားတဲ့အသံတွေကို ဖြိုခွင်းလို့ ဆရာက ကျယ်ကျယ်ထပ်ပြောလေသည်။

“လူ၁၀၀ကျော်ခေါ်မယ်ပြောထားတာမို့ အခွင့်အရေးတွေအများကြီးရှိတယ်။ မင်းတို့ကြိုးစားရင် ကြိုးစားသလောက် အမြင့်ကိုတက်နိုင်မှာပဲ။ သူတို့ကနောက်ပိုင်းမှာ ဌာနခွဲတွေအများကြီးနဲ့လာနိုင်တယ်။ ဟုတ်ပြီလား။ ဒီတော့ ရုက္ခဗေဒဆိုင်ရာစာတမ်းတိုတွေကို တစ်ယောက်တစ်ခုစီပြုစုရမယ်။ ဒီစာတမ်းတိုက ဘွဲ့အဆင့်သတ်မှတ်ချက်အတွက်လည်း အကျုံးဝင်လာမှာမို့လို့ အကောင်းဆုံးကြိုးစားစေချင်တယ်။ သူတို့က ဒီစာတမ်းတွေကို ဖတ်ပြီး သဘောကျတဲ့လူတွေကို ရွေးမှာပဲ။ အသေးစိတ်ကိုတော့ ကျောင်းရဲ့Pageမှာ Announceတင်ထားတယ်။ သေချာသွားဖတ်ကြ ဟုတ်ပြီလား”

Yes,I'm Villain (Completed)Where stories live. Discover now