Part-7

2.9K 360 3
                                    

Uni

“စိုက်”

နားထဲစီးဝင်လာသော ထိုအသံသည် ခပ်နွေးနွေးရှိလှသည်။ ကျွန်တော်ထင်တာမမှားရင် အဲ့ဒီအထဲမှာ ဂရုစိုက်မှုတွေ ပျော်ဝင်နေသလိုလို။ သူ့အသံကိုကြားရကတည်းက စတင်ခုန်လာသည့် နှလုံးသားဟာလည်း စည်းချက်ကျကျဖြစ်နေခဲ့ပြီ။

“ဟုတ်”

ခပ်တိုးတိုးဖြေသံကပင် ကျွန်တော့်အတွက် အတော်လေး အားစိုက်ပြီးသားဖြစ်နေခဲ့သည်။ ဒီလိုအခြေအနေမှာ ကျွန်တော် ပုံမှန်အသံနဲ့ပြောနိုင်ဖို့ သိပ်တော့မလွယ်။

“အစားရောသေချာစားရဲ့လား။ မင်းကို ပြန်တွေ့ရင် ပိန်သွားမှာ မကြိုက်ဘူး”

သူ့စကားသည် အမိန့်နှင့်တူလှသည်။ ဒီစကားမှ မဟုတ်။ ဘယ်စကားမဆို အမိန့်ဆန်ဆန် သူပြောတတ်သည်။ ခက်ထန်မာကြော၍ စိတ်၏မလိုလားခြင်းကိုဖြစ်စေမည့် အမိန့်မျိုးမဟုတ်။ နားထောင်သူကကို စိတ်ပါလက်ပါနှင့် နာခံချင်လာမည့် အမိန့်မျိုး။

“ကျွန်တော် အစားသေချာစားပါတယ် ခန့်။ ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲဟင်”

မြန်မြန်ပြီးလေ၊ အေးလေ ဆိုသော သဘောဖြင့် စကားဖြတ်မိသည်။ ခန့်နဲ့ဆက်ပြောနေလျှင် ကျွန်တော့်စိတ်ကျွန်တော် ထိန်းထားနိုင်ပါမည်ဟု မည်သည့်ဆေးဝါးမှ အာမမခံနိုင်။

“ဘာရယ်လည်း မဟုတ်ပါဘူး။ သတိရလို့ပါ အဟက်”

ခပ်ပေါ့ပေါ့ရယ်သံလေးက နားထဲသို့ စမ်းရေလောင်းချသလို ငြိမ့်ညောင်းစွာဝင်လာသည်။ ‘သတိရလို့’ ‘သတိရလို့’ တစ်ခါပဲ ပြောလိုက်သော သူ့စကားလေးသည် ကျွန်တော့်နားထဲမှာတော့ အထပ်ထပ်ကြားနေရသည်။ သတိရလို့ဆိုပါလား။ ပြောသူကတော့ ဘာရယ်မဟုတ် ပြောလိုက်တာဖြစ်ပေလိမ့်မည်။ သို့သော် ကြားနာရသူမှာတော့ မသက်သာလှ။ ခုန်နေသော နှလုံးရယ်၊ Alfaအငွေ့အသက်တွေပါသော သူ့အသံကို အပြည့်အဝကြားနေရတဲ့နားရွက်နီနီရယ် တစ်ကိုယ်လုံးပူတက်မလာအောင် ထိန်းသောက်နေရတဲ့ ဆေးတွေရယ်။ ဒီတစ်ခါလည်း ကျွန်တော် မပြောမဆို ဖုန်းချမိတယ်။ သူ ပြန်မခေါ်လောက်ဘူးဆိုတာ သိတာမို့ ဖုန်းစက်ပိတ်စရာတော့ လိုမနေ။ ကျွန်တော် သူနဲ့ဆက်မပြောချင်ဘူး။ ဘာလို့ဆို ကျွန်တော်မူမမှန်ဘူး။ သူနဲ့ပတ်သတ်ရင် ကျွန်‌တော် မူမမှန်ဘူးလေ။ သူဟာ ကျွန်တော့်ကို အမြဲမူမမှန်ဖြစ်စေတယ်။ ဘိုဆန်ဆန်ပြောရမယ်ဆိုရင် ကျွန်တော် သူနဲ့ allergic ရှိတယ်။

Yes,I'm Villain (Completed)Where stories live. Discover now