Ch 42: To Do Trading Route

2.7K 520 4
                                    

Guildမြို့တွင်...နှစ်မိနစ်လောက် ရှောင်ဝူစောင့်ပြီးခဏကြာ အသင်းinviteခံရကာ Love You 59 Secondsရောက်လာတယ်။

{Team}[Love You 59 Seconds]: မင်းကိုအဲ့ကို‌ခေါ်သွားမယ်

{Team}[ရှောင်ဝူ]: အိုခေ

{Team}[Love You 59 Seconds]: သွားရအောင်

followစနစ်ကိုဖွင့်ကာ Love You 59 Seconds ချက်ချင်းရှောင်ဝူကိုခေါ်ဆောင်သွားလေသည်။ ရှောင်ဝူနေရာတိုင်တိုက်ခိုက်ခံရတယ်... ဒီကုန်သွယ်လမ်းကြောင်းကသူ့အတွက်အလွန်ရက်စက်ရာကျသည်။ ကစားသမားတွေက ချောင်ပိုင်‌တောင် ၊ ထင်ရှားမြက်ခင်းပြင်နဲ့ ဟွားလုံနယ်မြေတွေကို ဖြတ်ကျော်ရတယ်... ထိုနေရာတွေမှာရှိတဲ့ မွန်းစတားတွေအားလုံးက level 90နဲ့အထပ်တွေချည်း... ရှောင်ဝူသည် Love You 59 Secondsနောက်လိုက်ကာ ထိုမြေပုံတွေကိုဖြတ်ကျော်ရသည်။ followစနစ်က မြန်သော်လည်း ထိုနေရာမှမွန်းစတားတွေက မနှေးပေ။ တခဏ...သူတို့နောက်မှ မွန်းစတားအုပ်စုသည် အတန်းလိုက် လိုက်လာကြသည်။ ပိုဆိုးတာက...သူတို့မြေပုံအသစ်ဆီသွားမယ်ဆိုရင် လိုင်းမကောင်းတာနဲ့ သူ့လက်နှေးတာနဲ့ သေခံနီးမလိုဖြစ်သွားရသည်။

နောက်ဆုံးတော့...သတ်မှတ်ထားသော ကုန်သွယ်လမ်းကြောင်းသို့ရောက်ရှိလာ၏။

{Team}[ရှောင်ဝူ]: ရှစ်ဖူ
{Team}[ရှောင်ဝူ]: နောက်ဆုံးကျွန်တော်တို့ဘယ်လိုကုန်သွယ်ကြမလဲ...

{Team}[ရှောင်ဝူ]: ကျွန်တော်ဘာမှမရောင်းနိုင်ဘူး

{Team}[Love You 59 Seconds]: ???

{Team}[ရှောင်ဝူ]: ဝယ်ဈေးထက်နည်းနေတော့ ကျွန်တော်မရောင်းချင်ဘူး

{Team}[Love You 59 Seconds]: ကိုယ်လည်းတစ်ခါမှမလုပ်ကြည့်ဖူးဘူး

{Team}[ရှောင်ဝူ]: .......

{Team}[Love You 59 Seconds]: ခဏစောင့်

(T/N: ကုန်သွယ်လမ်းကြောင်း ; ကုန်သွယ်ရေးနဲ့ဆိုင်တဲ့အလဲလှယ်က ကစားသမားတွေအတွက် ငွေပိုမြတ်ပါတယ်။ ဒါပေမယ့် လမ်းကြောင်းတိုင်းမှာ အချိန်အကန့်အသတ်ရှိပါတယ်။ လက်ကားကုမ္ပဏီတစ်ခုမှဝယ်တယ်ယူဆပြီး ငွေပိုရဖို့ ပိုဈေးကြီးတဲ့ ‌ဈေးနှုန်းနဲ့ထိုပစ္စည်းတွေကိုရောင်းဖို့ အသေးစားလုပ်ငန်းတွေဆီသွားရတယ်။ ပစ္စည်းတစ်ခုချင်းစီတိုင်းမှာ လိုအပ်တဲ့အချိန်ရှိတယ် ... အကယ်၍လိုအပ်တဲ့အချိန်ကို ကျော်သွားရင်တော့ ထိုပစ္စည်းတွေကိုရောင်းလို့မရတော့ပါဘူး...ကုန်သွယ်လမ်းကြောင်းကတော်တော်ရှုပ်ပါတယ် -_-//)

Love you 59 seconds (Myanmar translation)Where stories live. Discover now