Ch 57

3.6K 701 100
                                    

ဖုန်းကိုစိုက်ကြည့်ရင်း ရယ်ရမလား၊ငိုရမလားမသိတော့ပေ။ ကောင်လေး သူ့ဖုန်းကိုတကယ်ချပစ်လိုက်တာပဲ...

သူ့စကားကိုလတ်စသတ်လိုက်သည်နဲ့ သူ့ကိုတိတ်ဆိတ်မှုကြီးက နှုတ်ဆက်ကာ ဖုန်းကိုစစ်ဆေးကြည့်လိုက်တော့ call-endလို့ပြသနေလေပြီ။ အားမလိုအားမရမျက်နှာအမူအရာဖြင့် ဖုန်းကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတယ်။

သူပြောတာကို ဝူဟန်ယင်းမကြားလိုက်ဘူးလို့ ထင်တယ်။ မကြားဘူးဆိုရင် သူဘာလို့ဖုန်းချမှာလဲ?

ရှချန်ကီးဘုတ်ကိုဘေးပို့ကာ မတ်တပ်ရပ်လိုက်စဉ် ကျယ်လောင်စွာဖုန်းသံမြည်လာတယ်။ ရှောင်ဝူဆီကဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ သူယုံတယ်။ ခေါ်ဆိုသူနာမည်မှာ ကျွင့်ကြွယ်...

"လောင်ဒါ့! သူဘယ်မှာလဲ? Damn... မင်းလက်ထဲ သူ မရောက်သေးဘူးလားကွ။ ဂိမ်းထဲမှာ အားလုံးထိန်းမရသိမ်းမရပေါက်ကွဲနေကြပြီ။ မရီး မင်းကိုကြောက်လန့်သွားတယ်လို့ မပြောနဲ့နော်! သူ့နောက်မင်းမြန်မြန်လိုက်သင့်တယ်"

ခေါ်ဆိုမှုဆက်သွယ်သွားသည်နှင့် အသက်မျှမရှူသည့်အလား ကျွင့်ကြွယ် တရစပ်ပြောလာတယ်။

"ငါ‌သူ့နောက်လိုက်တော့မယ်...အခုဖုန်းချပြီ"

ထိုစဉ် တခဏမျှ ... ဝူဟန်ယင်းဖုန်းကိုဆုပ်ကိုင်ထားလျက် မှင်သက်နေမိသည်။

ဇဝေဇဝါဖြင့် ရှုပ်ထွေးနေကာ ငိုရမလို ရယ်ရမလိုဖြစ်နေတယ်။ သူဖုန်းချဖို့ မရည်ရွယ်ဘူး...စိတ်လှုပ်ရှားလွန်းလို့ သူ့လက်ကတွန့်သွားပြီး ခလုတ်ကိုနှိပ်မိသွားတာ...

စကားတစ်ကြောင်းတည်းနဲ့ ပရော်ဖက်ဆာရှ သူ့ကိုထိတ်လန့်စေခဲ့ကာ သူပထမဆုံးတုံ့ပြန်မိတာက ခေါ်ဆိုသူနာမည်ကို ရှချန်လားပြန်စစ်ဆေးကြည့်ခဲ့သည်။ သူအမှန်တကယ် Love You 59 Secondsဖုန်းခေါ်တယ်ထင်ခဲ့တာ ... ဘယ်လိုပဲဖြစ်ဖြစ် Love You 59 Secondsက သူ့ဖုန်းနံပါတ်ကိုမသိဘူးလေ။

ဝူဟန်ယင်းသိမ့်ခနဲတုန်သွားတယ် ... ရှချန်က Love You 59 Secondsလား?!

ဝူဟန်ယင်းတုန့်ပြန်ချိန်တောင်မရလိုက် ... တံခါးခေါက်သံကြောင့် တောင့်တင်းသွားတယ်။ သူ့ရဲ့ မလုံမလဲစိတ်က လှည့်စားမိသည်မှာ အဲ့ဒါပရော်ဖက်ဆာရှမဟုတ်ဘူးမလား ...ဟုတ်တယ်မလား?!

Love you 59 seconds (Myanmar translation)Where stories live. Discover now