နေနဲ့လရဲ့ချစ်ခြင်းအပြိုင် Part 16

111 11 0
                                    

Flack back At ဖူးခပ် ,
ဖူးခပ်က ဟော်တယ်လုပ်ငန်း အများစုက Suppapong group ရဲ့ပိုင်ဆိုင်မှုတွေပင်ဖြစ်သည်။ ဖူးခပ်တွင် Suppapong group
S & S ကုမ္ပဏီလို့ပြောလိုက်ရင် မသိသူမရှိလောက်အောင်ကိုရှားပေသည်။ Suppapong မိသားစုမှာတစ်ဦးတည်းသောသားလေး Saint Suppapong တစ်ယောက်သာရှိသည်။ Saint Suppapong ကတော့ မိဘနှစ်ပါးလုံးရဲ့ချစ်ခြင်းမေတ္တာကိုအပြည့်အဝခံစားရတဲ့ခလေးတစ်ယောက်ပင်ဖြစ်ပေသည်။ သူရဲ့အားသာချက်က တွေ့တဲ့လူနဲ့တည့်အောင်ပေါင်းပြီး မျက်နှာချိုတဲ့ခလေးတစ်ယောက်ဖြစ်ပင်မဲ့ အားနည်းချက်ကတော့ ဘယ်သူ့ကိုမှစိတ်ဝင်တစားဖြင့်မှတ်သားခြင်း သေချာကြည့်ခြင်း စိတ်ဝင်စားခြင်း အရေးတယူသူငယ်ချင်းအကြောင်းပြောဆိုခြင်း လုံးဝမရှိပေ။
Saint Suppapong - 10 နှစ်
Perth Tanapon - 8 နှစ်
At school ,
ဒီနေ့ ကျောင်းပထမဆုံးတက်ရမယ့်နေ့ဖြစ်လို့  Saint တစ်ယောက်ကျောင်းသို့စောစောရောက်လာခဲ့သည်။
ဗုတ် အား  ဂလွမ်  . . .
Saint : ဟာ ဟိတ် ဘာဖြစ်သွားသေးလဲ
Perth : ဟင့်
Saint : အယ် မငိုနဲ့လေကွာ ဘယ်နားနာသွားလဲကိုကို့ ကိုပြ
Perth : ဟင့် ငိုပါဘူး ဟင့်  ဘာရို့ တားတားကိုလာဝင်တိုက်တာရဲ အခုတော့ တားတားမုန့်တွေရှိတော့ဘူး  ‌ဗြဲ
Saint : ဟာ ဟာ ကိုကို တောင်းပန်ပါတယ်ကွာ ကိုကိုမုန့်ပြန်ဝယ်ကျွေးမယ်လေ မငိုပါနဲ့ကွာ နော် တစ်နေနေရာ နာသွားသေးလား
Perth : ဟင့် တကယ်ပြန်ဝယ်ကျွေးမှာလား
Saint : အင်းပေါ့ မငိုနဲ့တော့နော် လာကိုကို မုန့်လိုက်ဝယ်ပေးမယ်ထ
Perth : ဟုတ် ဟီး
Saint : ဒါနဲ့  ခလေးနာမည်ဘယ်လိုခေါ်လဲ
Perth : တားတားနာမည်က ဖြူလုံး အယ်ဟုတ်ပါဘူး မှားရို့ ဟီး  Perth Tanapon 😁
Saint : ဟုတ်ပါပြီ ကိုကို့ နာမည်က Saint Suppapong တဲ့
Perth : ရှည်တယ် ကိုကို လို့ပဲခေါ်မယ် ရလား
Saint : သဘောကြိုက်သလိုခေါ် ကိုကိုကတော့ဖြူလုံးလေးလို့ခေါ်မယ်နော်
Perth : ဟုတ်
Saint POV
အဲ့လိုနဲ့စတွေ့ခဲ့တဲ့ ဖြူဖြူလုံးလုံး ပေါက်စလေး ဟာ ကိုယ်နဲ့အိမ်နီးချင်းတွေဖြစ်နေခဲ့တယ်။ တွေကလဲသူငယ်ချင်းတွေဖြစ်နေတော့ပိုရင်းနှီးလာခဲ့တယ်။ပေါက်စရဲ့ မိဘနှစ်ယောက်‌လုံးက အလုပ်ရှုပ်သူတွေပီပီ ဖြူလုံးလေးကတော့ နေ့ကောညပါကျွန်‌တော့်
ကိုကပ်နေ လေတော့သည်။ သူ့မိဘတွေကလဲအလုပ်ရှုပ်ကြပင်မဲ့ ကျွန်‌တော့်ကိုလဲ သားတစ်ယောက်လိုပဲဆက်ဆံကြပါတယ် ညညဆို ဖြူလုံးလေးအိပ်မှအိမ်ပြန်ဖြစ်တယ် တစ်ခါတစ်လေတော့လဲအဲ့မှာပဲအိပ်ဖြစ်တယ်။ လိုလေသေးမရှိအောင် စားစရာ ဆော့စရာ အရာအားလုံးပြည့်စုံနေပင်မဲ့ ပေါက်စက မေတ္တာတော့အပြည့်အဝမရရှာဘူးလေ အဲ့ဒါကြောင့်အနားမှာခင်တွယ်ရတဲ့ကျွန်တော့ကိုမိဘတွေထက်ပိုပြီးချစ်ပါတယ်တဲ့ဗျာ။ ကျွန်တော်ကလဲ တော်ရုံသူငယ်ချင်းအရေးမလုပ်တတ်ပင်မဲ့ ဒီပေါက်စကိုတော့အတော်ခင်တွယ်မိပါတယ် ။ ဘယ်လောက်ထိလဲဆို ကိုယ်တိုင်ထမင်းခွံ့ကျွေးတဲ့အထိခင်တွယ်မိခဲ့တာပါ။ ကျောင်းသွားကျောင်းပြန်အတူသွားအတူပြန်ဖြစ်သလို မုန့်စားဆင်းချိန်ဆိုရင်လဲ ကိုယ်တိုင်ထမင်းသွားခွံ့တဲ့အထိ ဒီခလေးအပေါ်ဂရုစိုက်မှုတွေပေးခဲ့မိပါတယ်။ ပေါက်စလေး နေမကောင်းဖြစ်တဲ့နေ့ကဆိုရင် ဘာမှမစားပဲ ဂျီတိုက်နေလို့ အိမ်အကူအန်တီကြီးဆီက ပုဇွန်ဆန်ပြုတ် ပြုတ်နည်းသင်ကာ ကိုယ်တိုင်ပြုတ်တိုက်ပေးခဲ့ရပါတယ် 10 နှစ်‌သားအရွယ်မှာပထမဆုံး သူ့အတွက်ကိုယ်တိုင်ပြုတ်ပေးခဲ့တဲ့အမှတ်တရပေါ့။အဲ့တုန်းကပေါက်စလေးက ကတိတစ်ခုတောင်းခဲ့တယ် အဲ့ဒါကတော့ " သားသားကလွဲရင်ဘယ်သူ့ကိုမှပုဇွန်ဆန်ပြုတ် ပြုတ်မတိုက်ပါဘူး" ဆိုတဲ့ကတိလေဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ ။
ဒီလိုနဲ့ကျောင်းစာမေးပွဲပြီးသွားပြီးနောက်တစ်နေ့မှာနိုင်ငံခြားကဦးလေးတို့အလည်လာလို့ သူတို့နဲ့အတူအပြင်လိုက်သွားခဲ့မိတယ်။ အဲ့နေ့ကပြန်ရောက်တော့
Saint : မေမေ သား ဖြူလုံးလေးဆီသွားလိုက်အုံးမယ်
Mis.Suppapong : သားရေ ဟို ဖြူလုံးလေးတို့ကပြန်သွားပြီ
Saint :ဗျာ
Mis.Suppapong : ဟုတ်တယ်သားရဲ့ သားအန်တီနဲ့အန်ကယ်က ဒီကိုအလုပ်ကိစ္စတွေနဲ့တစ်နှစ်ပဲလာနေတာ မနေ့က ဖြူလုံးလေးကျောင်းကိစ္စတွေလဲပြီးပြီးလုပ်ငန်းကိစ္စတွေလဲပြီးပြီမို့လို့ပြန်တော့မယ်ဆိုပြီးအမေတို့ကိုလာနှုတ်ဆက်သွားတယ် သားလေးကအိပ်နေတော့ပြောမသွားတော့တာ ဖြူလုံးလေးကတော့ဘာမှမသိဘူးနဲ့တူပါတယ် ဘယ်လောက်တောင်ငိုနေမလဲမသိဘူး
Saint : နှုတ်တောင်မဆက်လိုက်ရဘူး
Mis Suppapong : စိတ်မကောင်းမဖြစ်ပါနဲ့သားလေးရယ်နောက်ကျ‌ရင်မေမေတို့ဖြူလုံးလေးတို့ဆီသွားလည်ကြတာပေါ့
Saint : ကတိနော်
Mis Suppapong : ကတိ
အဲ့လိုနဲ့ဝေးကွာခဲ့ကြတာ ကျွန်တော်တက္ကသိုလ်စတက်တော့ Mean ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရခဲ့တယ် ။ သူကတော့မေဂျာမတူပင်မဲ့ ကျွန်တော်နဲ့အမြဲတစ်တွဲတွဲရှိခဲ့တယ်
ကျွန်တော်က စီးပွားရေးမေဂျာ ၊ သူကတော့ စိတ်ရောဂါ ဆရာဝန်လိုင်း ပေါ့။
ဒီလိုနဲ့ကျွန်တော်တို့စာမေးပွဲဖြေပြီးတဲ့နေ့မှာမေမေ နဲ့ ဖေဖေ က ဘန်ကောက်ကအပန်းဖြေအိမ်တစ်လုံးနဲ့ ကားတစ်စီးကျွန်တော့နာမည်နဲ့ လက်ဆောင်ပေးခဲ့တယ်။
Saint : အိမ်က ဘန်ကောက်မှာ! ဒါဆိုသားဖြူလုံးလေးဆီသွားလို့ရပြီပေါ့နော်မေမေ
Mis.Suppapong : အင်းပေါ့သားရဲ့
Saint : ဝမ်းသာလိုက်တာဗျာ ‌အဲ့ဒါဆိုမေမေ လောလောဆယ်သား Mean တို့နဲ့ချိန်းထားလို့ သွားလိုက်အုံးမယ် ဒါကို လက်မှတ်ထိုးထားလိုက်မယ်နော်
Mis.Suppapong : အင်းအင်းပြီးရောသားယူထားလိုက်တော့အဲ့ဒါသားအပိုင်ပဲ
အဲ့နေ့ညနေက မေမေတို့ကိုခွင့်တောင်းပြီး bar ကိုကားအသစ်လေးနဲ့စာချုပ်လေးကြည့်ကာအပျှော်ကြီးပျှော်ကာသွားခဲ့တယ်။ အဲ့နေ့ကကျွန်တော့ဘဝ ကံဆိုးမိုးမှောင်ကျတဲ့နေ့ပေါ့ ကျွန်တော် bar ကပြန်လာတော့အချိန်အတော်နောက်ကျနေပြီ ။ ကျွန်တော့်ကားလေး အိမ်နားရောက်ခါနီးမှာပဲ လူတွေပြေးလွှားနေကြတယ် မီးသက်ကားသံတွေကောဆူညံနေကြတယ် လှမ်းကြည့်လိုက်တော့ကျွန်တော်တို့ခြံရှေ့မှာ လူတွေအများကြီးပဲ အဲ့ဒါနဲ့ကျွန်တော်အိမ်ဘက်ကိုအပြေးလာခဲ့လိုက်တော့ ကျွန့်တော့မျက်လုံးတောင်ကျွန်တော်မယုံနိုင်ခဲ့ဘူး စံအိမ်တစ်ခုလုံးနီးပါးမီးလောင်သွားပြီ ပြီးတော့စံအိမ်ထဲကထုတ်လာတဲ့ ဖေဖေ နဲ့ မေမေ အပါအဝင် အိမ်တော်ထိန်းနဲ့အိမ်အကူတစ်ချို့ရဲ့အလောင်းတွေ ကျွန်တော်တစ်သက်မမေ့နိုင်စရာမြင်ကွင်းကြီးပေါ့ကျွန်တော့ကမ္ဘာကြီးအမှောင်ဖုံးသွားခဲ့တယ် ဆေးရုံမှာသုံးရက်လောက်မေ့နေပြီးပြန်နိုးလာတော့အမေတို့ အရိုးပြာကို ရေမြှောခွင့်ရခဲ့တယ် အဲ့နေ့မှာပဲ S&S Co.ld မှာ ရှယ်ယာရှင်အစည်းအဝေးကျင်းပကာ ကျွန်တော့်မိဘတွေကို ကုမ္ပဏီမှဖြုတ်ချခဲ့တဲ့ မိသားစုရှေ့နေကြီးက နိုင်ငံခြားရောက်နေပြီး သူ့ရဲ့လက်ထောက်ရှေ့နေပေါက်စနဲ့ကျွန်တော့ဦးလေးနဲ့ပေါင်းကာ တွေရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုလက်ဝါးကြီးအုပ်သွားခဲ့တယ် ကျွန်တော်ခိုကိုးရာအားကိုးရာမဲ့နေခဲ့တယ်။ မီးလောင်မှုကလဲ ဂတ်အိုး ပေါက်ကွဲမှုကြောင့် လေးတို့ကလျှော်ကြေးပေးပြီးအမှုပိတ်သွားခဲ့တယ်။
ဒီလိုနဲ့ အားကိုးရှာရင်းဘန်ကောက်ကအိမ်ကိုပြောင်းလာကာ Tanapon group ကို ဆက်သွယ်ခဲ့ပင်မဲ့ အန်တီတို့အန်ကယ်‌တို့နဲ့ဘယ်လိုမှဆက်အသွယ်လို့မရခဲ့ဘူး နိုင်ငံခြားမှာလို့ပဲသိခဲ့ရတယ် တစ်လလောက်နေတော့သတင်းကြားခဲ့ရတယ် ကျွန်တော့မိဘတွေရဲ့ S&S ကုမ္ပဏီကို Tanapon group မှအကြွေးများစွာဖြင့်သိမ်းလိုက်ပြီး ကုမ္ပဏီနှစ်ခုပေါင်းကာ S&T ကုမ္ပဏီအဖြစ် ထူထောင်ခဲ့တယ်လို့သိခဲ့ရတယ် ။ "တကယ့်သူငယ်ချင်းအရင်းတွေအပေါ်မှာသူတို့လုပ်ရက်ကြတယ်ဗျာ တစ်ယောက်ထဲဖြစ်နေတဲ့ကျွန်တော့အတွက်တောင်မကြည့်ပဲကုမ္ပဏီကိုပါသိမ်းလိုက်တယ်တဲ့လားမုန်းလိုက်တာခင်ဗျားတို့ရာ"
ဒီလိုနဲ့ ကျွန်တော် သိပ်ဖြစ်ချင်ခဲ့ရုပ်ရှင်လောကထဲဝင်ရောက်နိုင်အောင်ကြိုးစားခဲ့တယ် ကားကိုရောင်း ကျောင်းကတစ်ဖက်အချိန်ပိုင်းအလုပ်တွေလုပ် ရတဲ့ပိုက်ဆံလေးနဲ့ကျောင်းစရိတ် သရုတ်ဆောင်သင်တန်းစရိတ်တွေကာမိအောင်ကြိုးစားရင်းမိဘ‌တွေရဲ့အသိမိတ်ဆွေတစ်ချို့ အကူအညီတွေကြောင့် အနုပညာလမ်းကြောင်းပေါ်ကိုရောက်နိုင်ခဲ့တယ်။ ကျွန်တော်အောင်မြင်တဲ့အချိန်မှာ နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတဲ့ကျွန်တော့်ဖြူလုံးလေးနဲ့ပြန်တွေ့ပြီးအချစ်ဆိုတာကိုခံစားခဲ့ရပင်မဲ့ အခုတော့ သူက ဒုတိယအကြိမ်ထားရစ်ခဲ့ပြန်ပြီ။ ဘယ်လိုပဲထားခဲ့ပါစေ ငယ့်ကိုရှာဖို့ကျွန်တော့်မှာအင်အားရှိမှဖြစ်မယ် အဲ့အတွက် ကျွန်တော့မိဘတွေ ရဲ့မှာကြားချက်အတိုင်းကျွန်တော်လုပ်ငန်းတွေစလေ့လာတော့မယ် အနုပညာကိုလဲကျွန်တော်မစွန့်လွှတ်နိုင်ဘူးဒါကြောင့်အလုပ်နှစ်ခုလုပ်ကာငယ့်ကိုရှာမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။
🙆🙆🙆🙆
Updated ကြာသွားလို့ ခေါ်ထောခ ချစ်ဒါဒါလေးတို့ရေ🙏🙏🙏🙏

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now