Part 33 final U&Z

263 15 0
                                    

ပြသနာဖြစ်သွားတဲ့နေ့ပြီးကတည်းက ကျွန်တော့်ကိုလဲ အိမ်ပြန်မလွှတ် ကုမ္ပဏီကိုလဲ Tin နဲ့လွှတ်ထားပြီး ကိုယ်ရံတော်သုံးယောက်နဲ့ ကျွန်တော်သွားရာတောက်တဲ့လေးလိုလိုက်ကပ်နေတဲ့ကျွန်တော့်သည်းငယ်ရယ်ပါ။ 'ဘာလို့လဲ' လို့မေးတော့ 'ကိုကို့ ကိုစိတ်မချလို့' တဲ့ 'ဘာလို့စိတ်မချတာလဲ' လို့မေးတော့ 'ဘာလဲကိုကို့အနားမှာငယ်ရှိနေတာမကြိုက်ဘူးလား'ဆိုပြီးဘုကော ကောလာလို့ဆက်မမေးရဲတော့တဲ့ကျွန်တော်ရယ်ပါ မနက်ဖြန် ငယ့် ကို surprise လုပ်ပေးဖို့ ပြင်ဆင်နေတဲ့နေရာကိုသွားကြည့်ဖို့ ငယ့်ကိုလှည့်ပတ်ထွက်ရန်ကျွန်တော်အကြံထုတ်နေရသည်။ ငယ့်ကိုပထုတ်ရန် Plan ကိုဖုန်းဆက်ခေါ်ပြီးသာအကူအညီတောင်းရတော့သည်။
At S&T group,
Perth
ကိုကို့ရုံးခန်းထဲမှာထိုင်နေတုန်း ဖုန်းလာတာကြောင့်ကြည့်လိုက်တော့ Plan
Perth : အေးပြော
Plan : ဟျောင် မင်းဘယ်မှာလဲ
Perth : ငါ့ကိုကိုဆီမှာ ဘာကိစ္စလဲ
Plan : ဟိုလေ ဟျောင် အခုငါတို့ဆိုင်မှာ Nin ကိုတွေလိုက်လို့ မင်းတို့အဆင်ပြေရဲ့လားလှမ်းမေးတာ
Perth : ဘာ ဒင်းက US မှာမဟုတ်ဘူးလား ဖေဖေ ကအားလုံးအဆင်ပြေတယ်ပြောပြီးမနေ့ကပဲပြန်ရောက်တာလေ ဒင်းကဒီကိုဘယ်လိုပြန်ရောက်လာတာလဲ မဖြစ်ဘူးငါအခုလာခဲ့မယ် မင်းအဲ့မှာစောင့်ကြည့်ထား
Plan : အေးအေးပြီးရော
Perth : ကိုကို
Saint : ဘာဖြစ်လို့လဲငယ် မျက်နှာလဲမကောင်းပါလား
Perth : ဟို ဟို အော် ရုံး ရုံးမှာ စရင်းပြသနာလေးနည်းနည်းရှိလို့ ကျွန်တော် ခဏသွားလိုက်အုံးမယ် ကိုကိုဘယ်သွားစရာရှိလဲ
Saint : ကိုကို က Moon Entertainment ဘက်ခဏသွားရမယ်
Perth : ဒါဆိုအဲ့ကပဲစောင့်နေနော် ပြီးတော့ ဟိုတက်သစ်စ ကောင်မလေးဘယ်သူ Fai နဲ့မတွေ့စေနဲ့ သူ့ကိုသိပ်ကြည့်မရဘူး ကိုကို့နားပဲလာလာကပ်နေတာ ကျွန်တော်ရှေ့တောင်ရှောင်တာမဟုတ်ဘူး
Saint : ကိုယ်ကရှောင်ပါတယ်ငယ်ရယ် ကိုယ့်မှာငယ်တစ်ယောက်ပဲရှိတာ ငယ့်ကိုတောင်ချစ်မဝသေးဘူး
Perth : ကိုကိုရှောင်တာကို ကျွန်တော်သိပါတယ် ဘာပဲဖြစ်ဖြစ်ဗျာမတွေ့အောင်နေ
Saint : ဟုတ်ပါပြီဗျာ သည်းငယ်လေးအမိန့်အတိုင်းပါဗျာ
Perth : ဟွန့်ပြီးရော ကျွန်တော်သွားပြီ
ဟုပြောကာ ထွက်သွားမှကျွန်တော့်မှာ အသက်ဝဝရှူရတော့သည်။ Plan တစ်ယောက်ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးခေါ်လိုက်လို့ငယ်ကချက်ချင်းထသွားလဲမသိပင်မဲ့ ကျေးဇူးကမ္ဘာပါပဲ။ အင်းငယ်မှာသလို Fai ကိုတော့ရှောင်ရမည်။အဲ့ကောင်မလေး ကျွန်တော့်ကို ကြိုက်နေလို့အထာပေါင်းများစွာပေးနေတာကျွန်တော်သိတယ် ဒါပင်မဲ့ ကျွန်တော့်အဲ့မှာငယ့်ကို propose လုပ်ဖို့ပွဲစီစဉ်နေတာကိုလဲ သူအပါအဝင် Entertainment ကလူတွေအကုန်သိတယ် အဲ့ဒါကိုဘယ်လိုမှခွာမရအောင်ကိုလိုက်ကပ်နေတာ ငယ် ပြောရင်လဲပြောချင်စရာပဲ "ဟူးးး မလွယ်ပါဘူး " သက်ပြင်းချကာ Entertainment ကိုအမြန်ထွက်လာခဲ့လိုက်တော့သည်။
At Moon Entertainment ,
မနက်ဖြန်ငယ့်ကို propose လုပ်မှာ ကျွန်တော်တို့နှစ်ယောက်ထဲမဟုတ်ဘူး မီဒီယာတွေနဲ့ ကျွန်တော်တို့ကိုအခုချိန်ထိအားပေးနေကြတဲ့ fan တစ်ချို့ကိုပါခေါ်ထားတယ် အားလုံးရှေ့မှာ တိုက်ရိုက်လွှင့်မဲ့ရုပ်သံတွေနဲ့ တစ်ကမ္ဘာလုံးရဲ့ရှေ့မှာ ငယ်က ကျွန်တော့အပိုင်ဆိုတာ အားလုံးသိအောင်ချပြချင်တာမို့ဒါမျိုးစီစဉ်ထားရတာ ကျွန်တော်ကိုယ်တိုင်ကလဲ မြန်မာနိုင်ငံက‌ငယ်နဲ့ပြန်လာပြီးကတည်းက Entertainment ကိုကမ်းလှမ်းလာတဲ့ကြေငြာတစ်ချို့ရိုက်ဖြစ်တယ် ဖက်ရှင်ပွဲတစ်ချို့မှာမော်ဒယ်လုပ်ဖြစ်တယ် ငယ်ကလဲ အချိန်ရရင်ရသလို့သီချင်း တစ်ချို့ရေး‌တာကြောင့် couple moment မရှိပင်မဲ့ ပရိတ်သက်တွေနဲ့တော့အဆက်အသွက်မပြတ်ခဲ့ couple fan တွေကလဲဇွဲကောင်းလှပေတယ် အခုချိန်ထိသူတို့ကိုယုံယုံကြည်ကြည်ချစ်ပေးကြတုန်း သူတို့နှစ်ယောက်ရဲ့ relationship ကိုယုံကြည်ကြတုန်း ဒါကြောင့်လဲ မားတွေကို သက်သေတည်ပြီးငယ့်ကို propose လုပ်ဖို့ဆုံးဖြတ်ခဲ့တာလေ
စီစဉ်ဖို့လိုအပ်တာတွေ ထပ်ဖြည့်ပေးပြီး ငယ် plan ဆီကပြန်သွားပြီလို့သတင်းရတာမို့ ရုံးခန်းထဲလစ်ရန် အမြန်အသွား
ဒုတ် အင့်
Fai : sup ဘာဖြစ်သွားသေးလဲဟင်
မေးသံကြောင့်ကြည့်လိုက်တော့ ကျွန်တော် အန္တရာယ်ပါ ကျွန်တော် ရှောင်ရမဲ့လူနဲ့မှတည့်တည့်တိုးပြီလေ သူကတော့ Fai
Moon Entertainment ရဲ့တက်သစ်စမော်ဒယ်တစ်ယောက်ပါ ထူးခြားချက်က ကျွန်တော့်ကို ဘယ်သူမှမခေါ်ဖူးတဲ့ sup ဆိုတဲ့ စကားလုံးကိုတစ်လုံးထဲရွေးခေါ်တဲ့လူဆိုလဲမမှားဘူး အဲ့ခေါ်သံကြားရင် ကျွန်တော်ပြေးပေါက်မှားပြီ
Fai : Sup ဘာကြောင်ကြည့်နေတာလဲ အဆင်ပြေရဲ့လားလို့ဘယ်နားနာသွားသေးလဲ
Saint : အဲရတယ်ဘာမှမဖြစ်ဘူး သွားတော့မယ် bye
Fai : Sup ကလဲ Fai ကဝင်တိုက်မိတာဆိုတော့ Fai ပြန်တောင်းပန်တဲ့အနေနဲ့ နေ့လည်စာလိုက်ကျွေးမယ်လေ
Saint : ဟို မလိုက်တော့ပါဘူးရပါတယ် လုပ်စရာလေးတွေရှိသေးလို့ နောက်မှစားလိုက်တော့မယ်
Fai : အဲ့လိုမလုပ်ပါနဲ့ Sup ရယ်
ဟုပြောကာ လက်အတင်းလာချိတ်နေတာကြောင့် မသိမသာ အနုနည်းနဲ့ဆွဲဖြုတ်နေပင်မဲ့အတင်းလိုက်ဆွဲနေတဲ့ Fai ကြောင့်အခက်တွေ့ရပါပြီ ဝန်ထမ်းတွေနဲ့ဖြတ်သွားဖြတ်လာတွေလဲရှိတဲ့နေရာဖြစ်နေတော့ ရိုင်းရိုင်းဆက်ဆံလိုက်ရင်လဲ မိန်းခလေး ဆိုတော့မကောင်းဘူးလေ ဘယ်လိုလှည့်ပတ်ရမလဲတွေးနေတုန်း ကယ်တင်ရှင်လို့ပဲပြောရမလား နွေခေါင်ခေါင်မိုးကြိုးပစ်ခံရတယ်ပဲပြောရမလား ကျွန်တော့်သည်းငယ်အနားရောက်လာပါလေရော
Perth : ကိုကို
ငယ့်ခေါ်သံကြောင့်လန့်ကာ လက်ကိုစောင့်လွှတ်ပြီးငယ်နားရောက်သွားတဲ့ကျွန်တော်ရယ်ပါ ခုနကတွေးနေတဲ့ မိန်းခလေးမို့ညှာတာထောက်ထားသနားစိတ်ဘယ်နားရောက်သွားလဲမသိလိုက် ငယ်ဆိုသည်မှာကျွန်တော့် အဲ့လောက်လွှမ်းမိုးနိုင်သူပါ
Saint : သည်းငယ် ပြန်ရောက်ပြီလား အလုပ်ကိစ္စအဆင်ပြေရဲ့လား
ကျွန်တော်မေးနေပင်မဲ့ငယ်ကတော့ Fai နဲ့မျက်လုံးချင်းစစ်တိုက်နေလေရဲ့
Fai : Perth စကားခဏပြောရအောင်
Perth : ရတယ်လေ
ဟုပြောကာ ကျွန်တော်တောင်တားချိန်မရပဲနှစ်ယောက်သားထွက်သွားတော့တယ် ကျွန်တော့်မှာတော့ အူလည်လည်နဲ့ ရုံးခန်းကသာပြန်စောင့်လိုက်ရတော့တယ်
Perth
Nin ရောက်နေတယ်ဆိုပြီးဖုန်းဆက်ခေါ်တဲ့ Plan ကိုယ့်မှာတော့ ဒေါသငယ်ထိပ်ရောက်ကာသွားပင်မဲ့ဟိုလဲရောက်ရောဒင်းကဟိုလက်ညှိးထိုးဒီလက်ညှိးထိုးနဲ့လူမှားတာပါဆိုလို့မောင်မင်းကြီးသားကို နရင်း နှစ်ချက်အုပ်ကာ ကိုကို့ဆီလာခဲ့တာရောက်ရောက်ချင်းမြင်ရတဲ့မြင်ကွင်းက အသေသတ်ချင်စရာအစကတည်းကမှမပြေတဲ့ဒေါသအကုန်လုံး Fai ဆိုတဲ့ မိန်းမအပေါ်ရောက်ပြီလေ ကိုကို့လက်ကိုအတင်းဆွဲနေတဲ့မိန်းမကြောင့် ကိုကို့ကိုလှမ်းခေါ်လိုက်တော့ကျွန်တော့်ချစ်ဆုံးကြီးကအနားချက်ချင်းရောက်လာလို့ ကိုကို့ ကိုတော့ခွင့်လွှတ်ပေးဖို့တွေးပြီးဟိုမိန်းမရဲ့ မလျှော့တဲ့အကြည့်နဲ့စစ်တိုက်ကာစကားပြောရန်စခေါ်တာမို့လိုက်သွားလိုက်သည်။
At coffee shop,
Fai : Perth နဲ့ Sup ကသိတာကြာပြီလား
Perth : မင်းသိစရာလိုလို့လား
Fai : ကောင်းပြီလေ ဒါဆိုရင်  ငါလဲဒဲ့ပဲပြောတော့မယ် ငါ Sup ကိုသဘောကျတယ် အဲ့ဒါနင်နောက်ဆုတ်လိုက်တော့
Perth : ဘာပြောတယ် ဟားးးဟားးးဟားး နင်ကတော်တော်ရီရတာပဲ ငါကနောက်ဆုတ်ပေးရမယ်ဟုတ်လားဘာ့ကြောင့်လဲ
Fai : မေးနေစရာလိုသေးလို့လား နင်ကယောက်ျားလေးလေ နင့်မှာတပ်မက်စရာဘာတွေများရှိလို့လဲ ပြီးတော့နင်က Sup အတွက်မိသားစုကမ္ဘာလေးမပေးနိုင်ဘူး အဲ့အတွက် Supကနင့်ကို ဘယ်လောက်ကြာကြာချစ်နိုင်မှာလဲ မကြာခင်ငါ့ဘက်ပဲပါလာမှာ အဲ့တော့စောစောစီးစီးနင်နောက်ဆုတ်လိုက်ပါ
Perth : ဒီမှာအမိ မင်းဘယ်လောက်ပဲ ခလေးတစ်ဒါဇင်မွေးပေးနိုင်ပါစေ P'Saint ကတော့နင့်ဆီဘယ်တော့မှရောက်လာမှာမဟုတ်ဘူး ဘာလို့လဲသိလား သူချစ်တဲ့လူကငါဖြစ်နေလို့ပဲ ဒီနေ့လက်ထက်မယ်လိုတစ်ခွန်းပြောလိုက်တာနဲ့နောက်နေ့ငါတို့မင်္ဂလာပွဲ ကိုမင်းမြင်နေရလောက်ပြီ ရှင်းလား ငါတစ်ယောက်လုံးဘေးမှာရှိတာတောင် ငါ့ချစ်သူကိုကြောင်တောင်နှိုက်ချင်နေတဲ့မင်းလိုမိန်းမက မိသားစုဘဝတဲ့လား ငါတို့မိသားစုဘဝပိုင်ချင်ရင် ခလေးမွေးစားလိုက်မယ် မင်းစိတ်ပူစရာမလိုဘူး ‌မင်းမေးတယ်နော်ဘယ်တုန်းကသိတာလဲလို့ အခုဖြေမယ် ငါ 8 နှစ်သားကတည်းက Saint Suppapong ဆိုတာငါ့အပိုင်ဖြစ်ခဲ့တာ ငါ့အပိုင်ကိုမင်းထိရဲရင်ထိကြည့်လိုက် အခုပထမဆုံးနဲ့နောက်ဆုံးပါးစပ်နဲ့သတိ‌ပေးတာ နောက်တစ်ခါဆို မင်းအလောင်းတောင်ကောက်ချိန်မှီလိုက်မယ်မထင်နဲ့
Fai : ငါကကြောက်မယ်များထင်နေလား နင့်လိုနာမည်သိပ်မရှိတော့တဲ့ မင်းသားယောင်ယောင် သီချင်းရေးဆရာယောင်ယောင်က ငါ့လို့ထိတ်တန်းမော်ဒယ်တစ်ယောက်ဖြစ်လာမဲ့ လူကယှဉ်နိုင်မယ်ထင်နေတာလား
ဟုတ်ပါတယ်သူသိတာ Perth Tanapon က အရင်ကမင်းသားဟောင်း ကားရိုက်တွေမရှိတော့လို့ အခုသီချင်းရေးတယ် ပြီးတော့ ဒီရက်ပိုင်း Saint နားမှာကပ်နေတဲ့တောက်တဲ့လေး ဒီလောက်ပါပဲ ကမ္ဘာ့ထိပ်တန်းအချမ်းသာဆုံးစရင်းဝင် Tanapon group ရဲ့ CEO Perth Tanapon နဲ့ တစ်ယောက်ထဲဆိုတာသူမသိလိုက်တာသူ့အတွက်မဟာအမှားကြီးပဲ
Perth : ဒါပဲလားမင်းသိတဲ့ငါ့အကြောင်းကဒါပဲလား မင်းတစ်သက်လုံးအတွက်မှတ်ထားလိုက် မင်းဘဝမှာဘယ်သူနဲ့ပဲပြိုင်ပြိုင်မင်းပြိုင်မဲ့ပြိုင်ဘက်ရဲ့ အကြောင်းကိုတော့အသေးစိတ်လေ့လာသင့်တယ်ဆိုတာ မင်းသင်ခန်းစာယူသင့်တယ် မနက်ဖြန်ကစပြီးမင်း Entertainment ကိုလာစရာမလိုတော့ဘူး ရော့ နှုတ်ဆက်ပါတယ် နောက်ငါနဲ့လမ်းမှာတောင်မတွေ့မိစေနဲ့
ဟုပြောကာ လိပ်စာကဒ်ပေးပြီးထွက်လာခဲ့တော့သည်။
လိပ်စာကဒ်က Tanapon groupရဲ့ CEO Perth Tanapon ဆိုတဲ့နာမည်ကိုဖတ်ကာကြက်သေသေသွားသလိုငိုင်သွားသူကတော့ Fai ရယ်ပါ သူမြွေပွေးကိုဒုတ်နဲ့ထိုးမိလေခြင်းဟုတွေးကာငိုချင်လာတော့သည်။
Saint
အဲ့နေ့က နေ့လည်စာလွတ်တဲ့အပြင် Fai နဲ့တွေ့ပြီးပြန်လာကတည်းက အဲ့‌တစ်ယောက်နဲ့ ဒီ Entertainment နဲ့ဘာမှမဆိုင်တော့ဘူး ဟုတစ်ခွန်းပဲပြောပြီးတစ်နေကုန် တစ်ခုခုစဉ်းစားနေသလို မျက်နှာကြီးတည်းတင်းနေတဲ့ငယ့်ကြောင့် ဘယ်လိုမေးမေးလဲမရတဲ့အဆုံးငြိမ်ငြိမ်လေးသာနေပေးလိုက်တော့သည်။
At Morning,
ဒီ Entertainment ကို 9 နာရီအားလုံးအရောက်ချိန်းထားတာမို့ 8နာရီလောက်ငယ့်ကိုနှိုးရတော့သည်။
Saint : ငယ်! သည်းငယ်! ကိုကို့ သည်းငယ်လေးရေ
Perth : အင်းးး ကိုကိုကလဲ အိပ်အုံးမယ်ဗျာ
Saint : ထတော့ငယ်လေးရဲ့ Entertainment မှာအရေးကြီးအစည်းအဝေးရှိလို့ကိုကိုသွားရမယ်
တုတ်တုတ်မှလှုပ်မလာတဲ့ကျွန်တော့်ငယ်ရယ်ပါ
Saint : ပြီးတော့ ဒီနေ့ Fai ကိုစာချုပ်ဖျက်သိမ်းတာကြောင့် ကိုယ်တိုင်လျှော်ကြေးပေးရမယ်
လို့ပြောလိုက်မှမျက်လုံးအပြူးသားနဲ့ငုတ်တုတ်ထထိုင်တဲ့ ပိစိပါ
Saint : ဒါပင်မဲ့ငယ်ပင်ပန်းနေရင်လဲပြန်အိပ်နေလိုက်ပါ ကိုကို့ ဘာသာပဲသွားလိုက်ပါ့မယ်
Perth : ခင်ဗျားကြီးနော် စောစောစီးစီးဒေါသထွက်အောင်လာမလုပ်နဲ့ခဏပဲစောင့်
ဟုဘောက်စက်စက်ပြောကာရေချိုးခန်းထဲပြေးဝင်သွားတော့သည်။
(သားငယ်တစ်ယောက်အူတိုချက် faမားတစ်သိုက်ထိုင်ငိုသွားသည်။😂)
Perth
ကျွန်တော်မကြောက်ဘူးလို့ထင်နေကြတာလား ကျွန်တော်လဲကြောက်တယ် ကိုကို ကျွန်တော့်ကိုမချစ်တော့မှာ အခုချိန်ထိလက်ထက်ဖို့တစ်ခွန်းမှမဟဖူးတဲ့ကိုကို့ ကြောင့်ပိုကြောက်တယ် Fai ပြောသလိုတစ်ချိန် ကိုကို ကျွန်တော့်ကိုစိတ်ကုန်သွားခဲ့ရင်လို့တွေးမိရင်တောင် ရင်ထဲမှာအသေနာကျင်ရတာ အဲ့နေ့တစ်ကယ်သာဖြစ်လာရင်ကျွန်တော်သေသွားမယ်ထင်တယ်
အားလုံးပြင်ဆင်ကာ ထွက်လာပြီး Entertainmentအရှေ့ရောက်တော့ ကားပေါ်ကဆင်းကာ
Saint : ငယ်! ကိုယ်နဲ့အစည်းအဝေးခန်းထဲလိုက်ခဲ့နော်
Perth : ဟင်ဘာလို့လဲ
Saint : ဒီနေ့အစည်းအဝေးဆုံးဖြတ်ချက်တစ်ခုလုပ်ဖို့ရှိတယ်အဲ့ဒါငယ်ကဆုံးဖြတ်ပေးပါ
Perth : အင်းပါပြီးရောလေ
Saint : လာ
လျှောက်လာတဲ့လမ်းတစ်လျှောက်ဝန်ထမ်းတွေလဲတစ်ယောက်မှမ‌တွေ့ တာမို့ ဒီအစည်းအဝေးကဝန်ထမ်းအားလုံးတက်ရတာလားဒါဆို အရမ်းအရေးကြီးတာလားဟုတွေးရင်းအခန်းရှေ့ရောက်တော့ ကိုကိုကတံခါးကိုလှမ်းဖွင့်လိုက်စဉ်မှောင်မဲနေတာကြောင့်ကောင်းကောင်းမမြင်ရ
Perth : ကိုကို ဘာလို့မှောင်နေတာလဲ
Saint : ခဏလေးပါငယ်ရဲ့ လာ
ဟုခေါ်ကာအမှောင်ထဲမှာကိုကိုက ကျွန်တော့်လက်ကိုဆွဲကာအမြင်းတစ်ခုပေါ်သို့ခေါ်သွားပြီးလက်ဖြောက်တစ်ချက်တီးသံကြားလိုက်စဉ် မီးတွေလင်းလာတာနဲ့အတူမြင်လိုက်ရတာက ကျွန်တော့်ရှေ့မှာ လက်စွတ်ဗူးနဲ့ ပန်း box လေးကိုင်ကာဒူးထောက်နေတဲ့ ကိုကို ကျွန်တော်ရောက်နေတဲ့ပတ်ဝန်းကျင်ကိုကြည့်မိတော့ တစ်ဖျက်ဖျက်မီးရောင်တွေနဲ့ မှတ်တမ်းတင်နေကြတဲ့ မီဒီယာတွေ ပြီးတော့ MingEr flag , KDPPE flag နဲ့  Trigon flagတွေကိုင်ကာကျွန်တော်တို့နှစ်ယောက်ကို အားပေးနေတဲ့ fanတွေ Entertainmentတစ်ခုလုံးကဝန်ထမ်းတွေ အားလုံးကိုအံ့ဩတစ်ကြီးကြည့်နေတုံး ထွက်လာတဲ့ကိုကို့အသံကြောင့် ကျွန်တော်ပိုအံ့ဩရပြန်ပြီ
Saint : ကိုယ်အနုပညာလမ်းကြောင်းပေါ်စရောက်ကတည်းက ကိုယ့်ကိုအားပေးခဲ့တဲ့ ကိုယ့်ရဲ့ MingErမိသားစု ၊ ငယ်သီချင်းတွေစဆိုကတည်းက အားပေးခဲ့တဲ့ KDPPE မိသားစု ၊ couple ဆိုပြီးစဖြစ်လာကတည်း ဒီနေ့ဒီအချိန်ထိ Couple moment တွေမရှိတော့တာတောင် ကိုယ်တို့နှစ်ယောက်ကိုအမြဲယုံကြည်ပြီးချစ်ပေးကြတဲ့ Trigon မိသားစု ပြီးတော့ ကိုယ်တို့ကိုအမြဲစောင့်ကြည့်ပြီးသတင်းတွေအမြဲရေးပေးပြီး အမြဲကိုယ်တို့မိသားစုတွေနဲ့ထိတွေခွင့်ပေးခဲ့တဲ့ မီဒီယာတွေ  ပြီးတော့ ငယ့်ရဲ့ ဖေဖေနဲ့မေမေ အဲ့လိုကိုယ်လေးအနက်ထားရတဲ့မိသားစုဝင်တွေအားလုံးရဲ့ရှေ့မှာ ငယ့်ကိုတောင်းဆိုချင်ပါတယ်
I Love you so much , Will you marry me?

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now