Part 26 U&Z
141 14 0
မီးခိုးတွေနဲ့ မွှန်ထူနေချိန် ငယ့်ကို ခေါ်ထုတ်သွားဖို့ကျွန်တော်နီးစပ်ရာအပေါက်ကိုသာ မီးတွေကြားထဲသိုင်းကွက်နင်းကာရှောင်ရှားရင်းအပေါက်ဝနားမရောက်ခင်မှာမီးသက်သမားနှစ်ယောက် ကျွန်တော်တို့ဆီရောက်လာကာ အန္တရာယ်ကင်းကင်းနဲ့ထွက်နိုင်ရန်လမ်းရှင်းပေးသောကြောင့်အပြင်ကိုရောက်လာတော့လေသည်။ အပြင်ရောက်တော့မီးသက်ကား,ရဲကားနဲ့လူနာတင်ကားပါရောက်နေသောကြောင့် ငယ့်ကိုကုပေးရန်အရူးတစ်ပိုင်း မျက်ရည်များကြားမှာတောင်းဆိုမိတော့သည်။ လူနာတင်ကားနဲ့ပါလာတဲ့ဆရာဝန်က ငယ်ကိုသေချာစစ်ဆေးပေးပြီးခဏအကြာမှာငယ်ပြန်သတိရလာခဲ့သည်။
Saint : ငယ် ငယ် ! သတိရလာပြီလား သက်သာရဲ့လားဟင် ဘယ်နားနာနေသေးလဲနေလို့ကောင်းရဲ့လား
Perth : ကိုကို ! အီးးး ဟီးးးး ငယ်ကြောက်တယ် အင့် ဟင့်
အရမ်းလန့်ပြီးရှိုက်ကြီးတငယ်ငိုနေသောချစ်ရသူအားပွေ့ဖတ်ကာ ချော့ရတော့သည်။
Saint : ငယ်ဘာမှမဖြစ်တော့ဘူးနော် ကိုယ်ရှိတယ်နော် ကိုယ်ရှိတာမို့ဘာမှမကြောက်နဲ့တော့နော်
ရှိုက်သံများကြားထဲမှတော်တော်ချော့ယူလိုက်ရသည်။အငိုတိတ်သွားမှ Mark ပြောပြတဲ့အကြောင်းအရာများကိုအကြောင်းစုံရှင်းပြပြီး P'Gong နဲ့အတူရဲစခန်းလိုက်သွားရတော့သည်။ စခန်းမှာ ရှင်းစရာရှိတာရှင်းပြီး  မသမာနည်းဖြင့်ရယူထားတဲ့ ရှယ်ယာလွှဲပြောင်းစာချုပ်ကို ဆွဲဖြဲလိုက်တော့သည်။ အဲ့အချိန် Perth ဖုန်းထမြည်လာလို့ကြည့်လိုက်တော့ Mark! အချိန်က ည 12နာရီကျော်နေပြီ Perth ဖုန်းကိုင်လိုက်တော့
Mark : hello
Perth : hello ဟျောင်ပြောဘာထူးသေးလဲ
Mark : Perth! မင်းအဆင်ပြေရဲ့လား
Perth : ငါမသေသေးဘူး အခုဘာထူးလို့လဲပြော
Mark : အေးထူးတာကတော့အကြီးကြီးပဲမနက်ဖြန် နေ့လည် 11 နာရီ ရှယ်ယာရှင်အစည်းအဝေးစမယ်တဲ့
Perth : ဘာ! ငါ့ကိုလျှော့တွက်ကြတာပဲ ငါအခုပြန်လာပြီ ဒီကကိစ္စမင်းဆက်ရှင်းလိုက်တော့ ဒါပဲ
Te
Perth : ကိုကို ကားမောင်းဖို့အဆင်ပြေသေးလား
Saint : ငယ့်အတွက်ဆို ready ပဲ
Perth : ဒါဆိုဘန်ကောက်ပြန်ကြမယ်
(ချင်းမိုင်နဲ့ဘန်ကောက်ဘယ်လောက်ကားမောင်းရလဲတော့ကိုယ်လဲမသိလို့ အတိအကျမဖြစ်နိုင်တာ ခေါ်ထောခ 🙏)
Saint : ok ငယ့်သဘော
ဒီလိုနဲ့ Saint နဲ့ Perth တို့ဘန်ကောက်ကို Saint ရဲ့ကားနဲ့ပဲ ထွက်လာခဲ့လိုက်တော့သည်။
ကားပေါ်တွင် ဖုန်းတစ်လုံးနဲ့ယောက်ယက်ခက်နေသောငယ် ကျွန်တော်သိလိုက်ပြီ ဒီခလေးကတစ်ခုခုကိုအရမ်းစိုးရိမ်နေရင်သူအလုပ်ကောင်းကောင်းလုပ်လို့မရဘဲဗြာများနေတတ်တယ် သူ့ခလေးကိုစိတ်အေးအောင်သူလုပ်ပေးမှရတော့မှာမို့ကားကိုဘေးချရပ်လိုက်တော့သည်။ ကားရပ်သွားတော့မှကျွန်တော့်ကိုမျက်လုံးအဝိုင်းသားနဲ့မော့ကြည့်တော့သည်။
Saint : ငယ် ကိုယ့်ကိုသေချာကြည့်ဖုန်းခဏချထား
Perth : ကိုကို မနက်ဘန်ကောက်ကိုအရောက်ပြန်ရမှာလေဘာလို့ရပ်တာလဲ ကိုကိုပင်ပန်းနေလို့လား ဒါဆိုကျွန်တော်မောင်းပေးမယ်
Saint : ငယ်ခဏ ကိုယ်ပြောတာခဏနားထောင် စိတ်ကိုငြိမ်ငြိမ်ထား ကိုယ့်ကိုသေချာကြည့် အခုအားလုံးအဆင်ပြေသွားပြီ ငယ်အရမ်းပင်ပန်းနေပြီ ခဏလောက်နားလိုက်ပါအုံး လာကိုယ့်ရင်ခွင်ထဲကို
လက်နှစ်ဖက်ဆန်းတန်းက ရင်ခွင်ထဲလာရန်ပြောလိုက်တော့မှ
Perth : ဟင့် ကျွန်တော် ကျွန်တော် ဖေဖေ့ ကုမ္ပဏီကိုလက်လွှတ်လိုက်ရမှကြောက်တယ်ကိုကို
Saint : ဘာမှမကြောက်နဲ့နော် P'Gong ကိုအလုပ်ထုတ်လိုက်ကတည်းက ငယ်တစ်ခုခုစီစဉ်ထားတယ်မဟုတ်လား အရင်အစီအစဉ်ကိုအခု ရှေ့နည်းနည်းတိုးသွားတာပဲရှိတယ် ငယ်ချထားတဲ့ အစီအစဉ်အတိုင်းပဲသွား ကျန်တာဘာမှမတွေးနဲ့နော် ကိုယ်ယုံတယ် ငယ်လုပ်နိုင်ပါတယ် စိတ်အေးအေးထားနော် ငယ့်နားမှကိုယ်အမြဲတမ်းရှိတယ် ငယ့်မှာအစီအစဉ်ရှိပြီးသားဆိုတာကိုယ်သိတယ် ငယ်ကဘယ်အရာကိုမှလက်လွတ်စပယ်မလုပ်ဘူးဆိုတာကိုယ်သိတယ် ကုမ္ပဏီဘာမှမဖြစ်စေရဘူးနော်
Perth : အင်း ကိုကိုသာအနားမှာရှိရင်ငယ်အားလုံးကျော်ဖြတ်နိုင်မှာပါ ကိုကိုသာငယ့်နားမှာရှိနေပေးပါနော်
ရင်ခွင်ထဲမှာ ခေါင်းလေးမော့ကာမျက်လုံးလေးပုတ်ခက်ပုတ်ခက်နဲ့ ‌တောင်းဆိုနေသော
ချစ်ရသူအားအသဲယားစွာဖြင့်
Saint : အင်းကိုကို ကငယ့်နားကနေဘယ်ကိုမှမသွားတော့ဘူးအခုငယ့်ကို အားတွေပေးမယ်
ဟုပြောကာ အူကြောင်ကြောင်လေးနဲ့သူ့ကိုမော့ကြည့်နေသောချစ်ရသူရဲ့ ဂျယ်လီတုံးလေးနှစ်လွှာအားငုံထွေးလိုက်တော့သည်။တကယ့်‌ကိုဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရအောင်ချိုမြိန်ပါတယ် ပထမကအံ့ဩပြီးပြူးကြောင်ကြောင်ဖြစ်နေပင်မဲ့နောက်ပိုင်းကျတော့အလိုက်သင့်လေးပြန်လည်နမ်းရှိုက်လာတဲ့ကျွန်တော့်မြတ်နိုးရာလေးပါ။ အသက်ရှူကြပ်လာလို့ လက်ကလေးတွန်းဖယ်တော့မှလွှတ်ပေးလိုက်ပြီး
Saint : အားအင်တွေပို့ပေးလိုက်ပြီငယ်စိတ်အေးအေးထားပြီးအစီအစဉ်စတော့ကိုယ် ရုံးချုပ်ကအခြေအနေစုံစမ်းပေးမယ်
Perth : ဟွန့် လူလည်ကြီး
ကားလေးပေါ်မှာရယ်သံလေးများပျံ့လွင့်ကာ ကားလမ်းပေါ်ပြန်လည်ပြေးလွှာနေတော့သည်။ Saint တစ်ယောက်ဖုန်းကိုထုတ်ကာ Tanapon group ရုံးချုပ်အခြေ‌အနေစတင်စုံစမ်းခိုင်းတော့သည်။
Saint : hello Can
Can ကတော့ သူ S&T group ကိုစတင်အုပ်ချုပ်ကတည်းကသူနဲ့အတူရှိတဲ့ သူ့ရဲ့အတွင်းရေးမှူးပဲဖြစ်သည်
Can : ဟုတ်ဆရာ
Saint : Tanapon ရုံးချုပ်မှာဘာထူးခြားလဲငါစောင့်ကြည့်ခိုင်းထားတာဘယ်လိုအခြေအနေရှိလဲ
Can : ဟုတ်ဆရာကျွန်တော်လဲဆရာဖုန်းကိုစောင့်နေတာ မနက်ဖြန်နေ့လည် 11 နာရီရှယ်ယာရှင်အစည်းအဝေးလုပ်မယ်တဲ့ဆရာပြီးတော့ သူတို့ဆရာ့ကိုအသည်းအသန်လိုက်စုံစမ်းနေကြတယ် ဒါပင်မဲ့ကျွန်တော်အားလုံးလက်စဖျောက်ထားတာမို့သူတို့ဘာသတင်းအစအနမှမရပါဘူးဆရာ ကျွန်တော့်စိတ်ထင် သူတို့လူစားထိုးမယ်လို့ထင်တယ် အဲ့ဒါဆရာဘာလိုလုပ်မယ်စိတ်ကူးထားလဲ ကျန်တဲ့ရှယ်ယာရှင်တွေမှာ တစ်ချို့က P'Sandi ကိုရှယ်ယာတွေရောင်းလိုက်တယ် တစ်ချို့က  P'Sandi အကြံကိုထောက်ခံကြပါတယ် အခုဆိုရင် P'Sandi လက်ထဲမှာ ရှယ်ယာ 15% ရောက်နေပါပြီဆရာ
Saint : 15% ဟားး ဟားး ဟားး သူတို့ငယ့်ကိုမနိုင် နိုင် ပါဘူးကွာ ငါအခုပြန်လာပြီ မနက်ဖြန်အဲ့ပွဲကိုငါတက်မယ် ရှယ်ယာလွှဲပြောင်းစာချုပ်အသင့်ပြင်ထား ပြီးတော့ sky project ကအခြေအနေ
Can : အားလုံးအဆင်ပြေနေပါပြီဆရာ
Saint : အဲ့ဒါဆိုရင် P'Sandi တို့သားအဖရဲ့ရှယ်ယာတွေနဲ့ Project ရင်းနှီးမြုပ်နှံမှု‌တွေမှပါနေတဲ့ငွေစရင်းအကုန်တွက်ထားပြီးပြီလား
Can : ဟုတ်ဆရာအကုန်အဆင်သင့်ပဲဆရာ
Saint : ဒါဆိုထုတ်ဖို့အသင့်ပြင်လိုက်တော့
Can : ဟုတ်‌ဆရာ
Saint : ok ငါ ဘန်ကောက်ရောက်တာနဲ့ Tanapon group ကိုတန်းသွားမယ် စာရွက်စာတန်းတွေ , နှစ်ယောက်စာမနက်စာနဲ့ အဝတ်အစားတွေ အဝတ်အစားကို Tanapon group ရဲ့ CEO အတွက်ပါပြင်ပေးထား ဒီဇိုင်နာကို P'Chen ဆီမှာလှမ်းမေးလိုက် ပြီးတော့ စိတ်ချရတဲ့ အတွင်းရေးမှူးတစ်ယောက် ရက်ပိုင်းအတွင်းလိုချင်တယ် အကုန်အသင့်ပြင်ထားပေး
Can : ဟုတ်စိတ်ချပါဆရာ
Saint : ok ပြန်အိပ်တော့ဒါပဲ
Can : ဟုတ်ဆရာ
Can POV
သူများကိုညသန်းခေါင်ကြီးဖုန်းဆက်နိုးပြီးသူမေးချင်တာမေးပြီးတော့ပြန်အိပ်တော့တဲ့ ဟွန့်ဘယ်လိုဆရာလဲမသိဘူး
Saint ဖုန်းချပြီးတော့
Saint : ငယ် အခု P'Sandi လက်ထဲမှာ ရှယ်ယာ 15% ရောက်နေပြီတဲ့
Perth : ဟင်းးး အစည်းအဝေးခန်းထဲရောက်မှပဲ ကျန်နေတဲ့ ရှယ်ယာရှင်တွေနဲ့စကားပြောရတော့မှာပဲ ရှယ်ယာဝင်အသစ်ကိစ္စတွေ‌ေတာ့အဆင်ပြေသွားပြီမနက်ဖြန်အစည်းအဝေးမှာရောက်လာကြလိမ့်မယ်
Saint : အင်း ကိုယ့်ခလေးလေးကတော်လိုက်တာ
Perth : ဟီးး ကိုကို့ သည်းငယ်ပါ တော်တာပေါ့
Saint : ဟုတ်ပါပြီဗျာ သည်းငယ် တစ်ရေးလောက်မှေးလိုက်အုံးနော် ကိုယ်ရောက်ရင်နှိုးမယ်
Perth : အင်းးး ကိုကိုကအဆင်ပြေရဲ့လား
Saint : ကိုကို ကအဆင်ပြေတယ် ငယ်ဘာမှမဖြစ်ဖို့အရေးကြီးတယ်အိပ်လိုက်နော်လိမ္မာတယ်
Perth : ဟုတ်
ပင်းပန်းသွားတယ်ထင်ပါရဲ့ ခဏအတွင်းမှာပဲ အိပ်မောကျသွားတယ်။ကျွန်တော်သိပါတယ်ငယ်ကအရာအားလုံးမှသန်မာချင်ယောင်စောင်နေပင်မဲ့ လူတစ်ဖက်သားသူ့ကြောင့်ထိခိုက်မှာအရမ်းစိုးရိမ်တတ်တဲ့ခလေး အဲ့ဒါကြောင့်လဲ သူ့ကိုအသက်အန္တရာယ်အထိ ထိခိုက်အောင်လုပ်ထားတဲ့ P'Gong ကိုတောင် ရဲစခန်းမှာ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့တယ်။ဘယ်လောက်ဖြူစင်လိုက်လဲ "အားမွေးထားငယ် မနက်ဖြန်ငယ့်ရုံးက ပြသနာတွေရှင်းပြီးရင် ပွဲကြီးပွဲကောင်းထပ်ကြည့်ရအုံးမယ် "
မနက် 10 နာရီကျော်လောက်ဘန်ကောက်ကိုရောက်သွားသည်။ Can က Tanapon group နားက hotal မှာပဲဘိူကင်လုပ်ပေးထားတယ်ဆိုသောကြောင့် ဆိုင်ကိုပဲတန်းမောင်းလာလိုက်တယ်။
ဆိုင်ရှေ့ရောက်တော့ Can ကအသင့်စောင့်နေလေသည်။ ကားကိုပါကင်ထိုးပြီး အိပ်ပုတ်လေးကိုနှိုးရတော့သည်။
Saint : ငယ် ငယ် ကိုကို့ သည်းငယ်လေးရေ ထတော့လို့  ရွှတ်
ပါးလေးကိုနမ်းကာနှိုးလိုက်တော့
Perth : ကိုကို ရောက်ပြီလား
Saint : အင်းရောက်ပြီ breakfast စားပြီးကိုယ်လက်သန့်စင်ရမယ်လေ
Perth : အင်း အင်း သွားမယ်
ကားပေါ်ကဆင်းကာ
Saint : အားလုံးအဆင်သင့်ဖြစ်ပြီလား
Can : ဟုတ်ဆရာ အာလုံးအဆင်‌သင့်ပါပဲဆရာ အခန်းထဲမှာအဝတ်အစားတွေအဆင်သင့်ထည့်ပေးထားပါတယ် ဆရာတို့ဆင်းလာရင် မနက်စာအဆင်သင့်ဖြစ်ပါပြီ
Saint : အင်း စာရွက်စာတမ်းကိစ္စကို breakfast စားရင်ပြောမယ်
ဟုပြောကာငယ့်ကိုခေါ်ပြီး ပြင်ဆင်စရာရှိတာပြင်ရတော့သည်။
Saint : ငယ်အဝတ်အစားတွေအဆင်ပြေရဲ့လား
အရှက်သည်းစွာ ရေချိုးခန်းထဲအဝတ်အစားသွားလဲတဲ့ခလေးပေါက်အားမေးလိုက်တော့
Perth : အင်း အကုန်ကွက်တိပဲ ကိုကို့ အတွင်းရေးမှူးကတော်လိုက်တာ
Saint : တော်ဆို ကိုကိုအဝတ်အစားတွေအတွက် ဒီဇိုင်နာက ငယ့်ဒီဇိုင်နာနဲ့အတူတူပဲလေ အခုလဲသူ့ဆီကယူလာတာ မို့လို့ သူရွေးပေးလိုက်တာ အဲ့တော့အဆင်ပြေတာပေါ့
Perth : ဟင် ဪ ဒါဆို Line TV ပွဲတုန်းက ကိုကိုနဲ့ကျွန်တော်အဝတ်အစားဒီဇိုင်းတူနေတာကိုကို့လက်ချက်ပေါ့
Saint : ဒါပေါ့ ကိုကို့ မှမနည်းလိုက်စုံစမ်းထားရတာ
Perth : ဟွန့် လူလည်ကြီး
Saint : ဟုတ်ပါပြီ ကိုကို့သည်းငယ်လေး အောက်မှခဏစောင့်နော် ကိုကိုအဝတ်အစားလဲပြီးဆင်းလာခဲ့မယ်
Perth : ဟုတ်
Breakfast စားရန် restaurant ထဲဝင်လာတော့ သီးသန့်ခန်းယူထားတာမို့Waiter လေးကနေရာလိုက်ပြပေးသည်။ ‌အခန်းတံခါးဖွင့်လိုက်‌တော့ ငယ့်ကိုမတွေ့တာကြောင့် ထိုင်စောင့်နေလိုက်သည် ခဏအကြာ အအေးခွက်လေးကိုင်ကာဝင်လာတဲ့ကျွန်တော့်ခလေးပေါက်
Saint : ငယ် ဘယ်တွေသွားနေတာလဲ
Perth : ရော့ ကိုကို့အတွက် သံပရာသီးဖျော်ရည် ကျွန်တော်ကိုယ်တိုင်ဖျော်ပေးထားတာ ဟီး
Saint : ဟော ဒါဆို ဒါသွားဖျော်နေတာပေါ့လေ
Perth : အင်း ကိုကို ကမနေ့ကတည်းကကောတစ်ညလုံးကောပင်ပန်းနေတာလေ ပြီးတော့တစ်ခုလောက်အကူအညီတောင်းချင်လို့
Saint : ပြောလေ ကိုကို့ သည်းငယ်လေးကဘာပြောချင်လို့လဲ
Perth : ကျွန်တော်နဲ့အစည်းအဝေးအတူတက်ပေးပါလား ကိုကို ကျွန်တော်နားမှာနေပေးရုံပဲလေနော် မနေ့ကကားပေါ်မှာ ကိုကိုပွဲတက်စရာရှိတယ်လို့ကြားတယ် အဲ့ကိုမသွားပဲကျွန်တော်နဲ့လိုက်ပေးပါလားဟင် နော် နော်
Saint တစ်ယောက်ရီချင်တာကိုအောင့်ထားပြီး
Saint : ဒါပေါ့ ကိုကို့သည်းငယ်လေး လိုက်စေချင်ရင် ကိုကိုကလိုက်ပေးမှာပေါ့ ရတယ် ဟုတ်ပြီလား ဘာမှစိတ်မပူနဲ့ မနက်စာစားတော့ ပြီးရင်သွားကြမယ်
Perth : ဟုတ် အာ့ကြောင့်ကိုကို့ကို ချစ်တာ ဖျော်ရည်ထဲမှာ ကျွန်တော့်အချစ်တွေအပြည့်ထားတယ်
Saint : ဟားးဟားးဟားး အဲ့ဒါကြောင့်ဖျော်ရည်ကချိုနေတာဖြစ်မယ်
ဒေါက် ဒေါက်
Saint : ဝင်ခဲ့
Can : ဆရာ စာရွက်စာတမ်းတွေ
Saint : အင်းပေးခဲ့တော့ရပြီ မင်းလဲမနက်စာသွားစားတော့ခဏနေ Tanapon group ကိုသွားမယ်
Can : ဟုတ်ဆရာ
11:30 Tanapon group ရှေ့ ကားလေးရပ်ပြီး ကားပေါ်ကဆင်းကာ ငယ့်ကိုတံခါးဖွင့်ပေးလိုက်ပြီးငယ်ဆင်းလာတော့ လုံခြုံရေးဝန်းထမ်းတွေရုတ်ရုတ်သည်းသည်းဖြစ်ကာကြိုကြသည်။
ဌာန တစ်ခုချင်းစီကို ဖြတ်လျှောက်လာပြီးအစည်းအဝေးခန်းထဲ တန်းဝင်သွားလိုက်တော့သည်။
🙆🙆🙆🙆
မြန်မာ့အသံနဲ့အမျိုးတော်လို့အဖြတ်အတောက်ကျွမ်းကျင်သောသာသာပါ😁😁😁
. . . . . . . . .
Zawgyi
Mark : hello
Te
Saint : ok ငယ့်သဘော
Perth : ဟွန့် လူလည်ကြီး
Saint : hello Can
Can : ဟုတ်ဆရာ
Can : ဟုတ်‌ဆရာ
Can : ဟုတ်စိတ်ချပါဆရာ
Can : ဟုတ်ဆရာ
Can POV
Perth : ဟင်းးး အစည်းအဝေးခန်းထဲရောက်မှပဲ ကျန်နေတဲ့ ရှယ်ယာရှင်တွေနဲ့စကားပြောရတော့မှာပဲ ရှယ်ယာဝင်အသစ်ကိစ္စတွေ‌တော့အဆင်ပြေသွားပြီမနက်ဖြန်အစည်းအဝေးမှာရောက်လာကြလိမ့်မယ်
Perth : ဟုတ်
ကားပေါ်ကဆင်းကာ
Perth : ဟွန့် လူလည်ကြီး
Perth : ဟုတ်
ဒေါက် ဒေါက်
Saint : ဝင်ခဲ့
Can : ဟုတ်ဆရာ
🙆🙆🙆🙆
နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now