နေနဲ့လရဲ့ချစ်ခြင်းအပြိုင် part 1

341 18 2
                                    

ကျွန်တော့နာမည်က Perth Tanapon ကျွန်တော်က အဆိုတော်တစ်ဦးပါ အနုပညာကိုဝါသနာပါလို့ကျွန်‌ေတာ့အသက် 16နှစ်ကတည်းကအွန်လိုင်းမှာသီချင်းလေးတွေကိုယ်တိုင်ရေးပြီးတင်ဖြစ်တယ် ဒီလိုနဲ့တစတစလူကြိုက်များလာပြီ ကျွန်တော်အနုပညာလောကထဲကိုရောက်လာခဲ့တယ် ပထမဆုံးပွဲဦးထွက် စီးရီးက မထင်မှတ်ထားလောက်အောင်ကိုအောင်မြင်ခဲ့တယ် ဒါပင်မဲ့ကျွန်တော့မှာအားနည်းချက်တစ်ခုရှိတယ် အဲ့ဒါကတော့အရီအပြုံးမရှိခြင်းပဲ
ဒီနေ့ ပထမဆုံးကျွန်တော့ကိုကမ်းလှမ်းတဲ့ photo shooting က ဝါရင့်စီနီယာတစ်ယောက်နဲ့ အတူရိုက်ရမယ်ဆိုလို့ကျွန်အစောကြီးကြိုပြင်နေမိတယ် အရမ်းလဲစိတ်လှုတ်ရှားနေတယ် ကျွန်တော်အခုတွဲလုပ်ရမဲ့လူကအရမ်းတော်တယ်လေသူ့အနုပညာသက်တမ်းကနှစ် နှစ်ပဲရှိပင်မဲ့အရမ်းအောင်မြင်ပြီးဆုတွေပါရထားတာ အဲ့လိုလူနဲ့အတူအလုပ်လုပ်ရမှာဆိုတော့ကျွန်တော်ရင်မခုန်ပဲနေပါ့မလားဗျာ
Perth စဉ်းစားနေတုန်း
P'Jyn : Perth သွားကြမလား မင်းလဲပြီးနေပြီမဟုတ်လားကြိုရောက်တော့လဲကောင်းတာပေါ့ Saint နဲ့မိတ်ဆက်ဖို့အချိန်ရတာပေါ့
Perth : ဟုတ် P' သွားကြတာပေါ့
ပြောသာပြောတယ်ဖင်ကမကြွသေးတာကြောင့်
P'Jyn : သွားမယ်ဆိုမထသေးဘူးလားဘာလဲ စိတ်လှုတ်ရှားနေတာလား
P'Jyn ကစသလိုပြောလိုက်ပင်မဲ့
Perth : ဟုတ်တယ် P' ကျွန်တော့အရမ်းစိတ်လှုပ်ရှားနေတယ်
P'Jyn : အန်   
P'Jyn ကအနားတိုးလာကာသူ့မျက်နှာကိုသေချာလာကြည့်သည်
Perth : ဘာကြည့်နေတာလဲ P'ရဲ့
P'Jyn : မင်းရဲ့စိတ်လှုပ်ရှားတယ်ဆိုတဲ့မျက်နှာကိုလေ ငါတော့မင်းစိတ်လှုပ်ရှားတာမမြင်မိပါဘူး ရေခဲရိုက်ထားတဲ့မျက်နှာပဲမြင်တယ် လာသွားမယ်အပိုတွေပြောမနေနဲ့
"ဟောဗျာပြောပြတော့လဲမယုံဘူး ငါ့မျက်နှာကအဲ့လောက်တောင်ရေခဲတုံးနဲ့တူနေတာလား ဟူးးးး မတက်နိုင်ဘူးလေ အကျင့်ပါနေပြီ ငါမပြုံးတတ်တော့ဘူး "
Studio ရောက်တော့ Perth စိတ်လှုပ်ရှားနေတာကြောင့်ကားပါကင်ထိလိုက်မသွားတော့ပဲ studio   ရှေ့မှာပဲဆင်းလိုက်တော့သည်။
သူ့ဘေးနားမှကားတစ်စီအရှိန်ပြင်းပြင်းနဲ့ထိုးရပ်လိုက်တဲ့အချိန် ဘရိတ်သံကဆူညံသွားသည်အဲ့အချိန်မှာပဲ သူ့အရှေ့ခပ်လှန်းလှန်းက လူတစ်ယောက်လဲကျမလိုဖြစ်သွားတာနဲ့သူပြေးသွားပြီးလှန်းထိန်းပေးလိုက်သည် ထိန်းပေးထားရပင်မဲ့ အတော်လေးတယ်ဗျ
ရင်အုပ်ကအကျယ်ကြီးမဟုတ်ပင်မဲ့အနေတော်လောက်နဲ့ကြွက်သားတောင့်တောင့်တင်းတင်းနဲ့ခန္ဓာကိုယ်ကြီးကို ထိန်းထားရတာကျွန်တော့အတွက်မလွယ်လှပါ အဲ့ဒါနဲ့ပဲ
Perth : အဆင်ပြေရဲ့လားဗျ
မေးလိုက်တော့သူ့ကိုမော့ပြီးပြူးကြည့်နေတော့သည် အခုမှမျက်နှာသေချာကြည့်မိတော့
"ဟင် P'Saint ပါလား အောင်မလေးတီဗွီထဲမှာလိုပဲ ခန္ဓာကိုယ်တောင့်ချက်ကလေးနစ်နေတာပဲ မထသေးပဲငါ့ကိုဘာတွေကြည့်နေပါလိမ့်"
Perth : အဆင်ပြေရဲ့လားလို့ဘယ်နားဘာဖြစ်သွားသေးလဲ
ထပ်မေးလိုက်မှရင်ခွင်ထဲကထွက်ပြီး နာမည်ထမေးတော့တယ်
"ဟူးးး သူခန္ဓာကိုယ်ကြီးထိန်းထားရတာလက်တောင်နာတယ် "
မိတ်ဆက်ပြီးတော့ သူ့ကိုသေသေချာချာမှတ်ထားလိုက်ပြီတဲ့ စိတ်ထဲတစ်မျိုးကြီးတော့ဖြစ်သွားတဲ့ဘာဖြစ်မှန်းမသိ
မန်နေဂျာတွေရောက်လာပြီစကားပြောကြမှ နေရထိုင်ရသက်သာသွားသည်
သူတို့ဘာသာစကားတွေပြောပြီးဘာမဆိုင်ညာမဆိုင် ကိုယ့်လက်ဆွဲခေါ်‌သွားတော့သည်
"ဘာလဲဟ ငါ့ဘာသာလဲအထဲဝင်တတ်ပါတယ်ဟ ခလေးမှမဟုတ်တာဘယ်လိုလူလဲမသိဘူး " အဲ့လိုတွေးမိလိုက်ပင်မဲ့ဟို P'Saint သူကိုလှည့်ကြည့်ပြီးပြုံးလိုက်တော့သူအသကရှူဖို့တောင်မေ့သွားရတော့သည်
အပြန်ကျတော့လဲနှုတ်ဆက်ဖို့ဆိုပြီး‌စောင့်နေကာစကားတွေပြောပြီးမှပြန်သွားလေရဲ့
စကားများများပြောရတာမကြိုက်ပင်မဲ့ သူစကားပြောရင်ပြုံးနေတဲ့အပြုံးလေးကအရမ်းအေးချမ်းတယ်လို့ထင်မိသား

ဒီလိုနဲ့ပဲ ထိုညကကောင်လေးနှစ်ယောက်အိမ်မတ်လေးတွေလှနေခဲ့ပါ၏

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now