Part 31 U&Z

124 15 0
                                    

Perth တစ်ယောက်ဒီရက်ပိုင်း Nin ကိုပတ်ရှောင်နေရတာသူတော်တော်ပင်ပန်းနေပြီလေ အပြတ်ပြောထားတာတောင် အတင်းလိုက်တွယ်ကပ်နေတာကြောင့် နေရခက်လှသည်။အစကတော့ ခလေးအတွေးမို့ ကြာရင်လက်ရှော့သွားမယ်ထင်ပင်မဲ့ ဇွဲကြီးလှသည့် Nin ကအလွတ်မပေးချေ။ စဉ်းစားရင်းစိတ်ရှုပ်ရှုပ်နဲ့အိပ်ယာပေါ်လူလှိမ့်နေရတော့သည်။
Perth : မဖြစ်သေးပါဘူး
နာရီကြည့်လိုက်တော့ 12 နာရီထိုးနေပြီ ဒီနေ့ကိုကို အစည်းအဝေးကိစ္စနဲ့ရောက်နေလို့ မြန်မာနိုင်ငံမှာ ညဘက်ဖုန်းမဆက်တော့ဘူးလို့တွေးထားပင်မဲ့ စိတ်တွေအရမ်းရှုပ်လာတာမို့ဖုန်းထုတ်ကာ
ToooooTooo
Perth : hello ကိုကို!!! အိပ်နေပြီလားဟင်
Saint : မအိပ်သေးပါဘူးငယ်ရယ် ကိုကိုခုနကမှ Onlie meeting ပြီးတာအခုပဲရေမိုးချိုးပြီးတာ အရမ်းနောက်ကျနေ‌လို့ငယ်အိပ်လောက်ပြီထင်တာ
Perth : အင်းးးး ငယ်အိပ်မပျော်လို့
Saint : ဟင် ‌ကဲပြောပါအုံး ကိုကို့ သည်းငယ်လေးကိုဘယ်သူကစိတ်ရှုပ်အောင်လုပ်နေတာလဲ
Perth : ငယ် ငယ်လေ ကိုကို့ ကိုပြောပြစရာရှိတယ် ကိုကို့ ကိုစိတ်မညစ်စေချင်ပင်မဲ့အသိပေးချင်လို့ပါ
Saint : အင်း ဟုတ်ပါပြီ ငယ်နဲ့ပတ်သက်ရင် ကိုကို့ မှာစိတ်ရှုပ်စရာဆိုတာမရှိဘူး ပြောအုံးပါအုံးဘာကိစ္စလဲ
Perth : ဒီလိုကိုကိုရာ . .  . . . . .
ဟိုနေ့ကထမင်းစားပြီးပြန်လာတဲ့အချိန်ကစပြီးအခုတစ်ပတ်အတွင်း Nin နဲ့ဖြစ်ပျက်သမျှအကုန်ဖွင့်ပြောပြလိုက်တယ် ကိုကို့ ကိုဘာမှလျို့ဝှက်မထားချင်ဘူးလေ
Saint : အင်း ဒါဆို ငယ်အခုဘာဖြစ်ချင်လဲ ကိုကို့ ကိုဝင်ပါခွင့်ပြုမှာလား
Perth : ဟင့်အင်း ငယ့် ဘာသာပဲရှောင်ပါမယ် Nin ကငယ်သေးတယ်လေ သူ့ကိုလဲမထိခိုက်စေချင်ဘူး ကိုကို ငယ့်ကိုယုံပေးမယ်မဟုတ်လားဟင်
Saint : ယုံတာပေါ့ငယ်ရယ် ငယ်ဖြေရှင်းနိုင်မယ်လို့လဲကိုကိုယုံတယ်
Perth : ဟူးးးးးးအခုမှပဲအလုံးကြီးကျသွားတော့တယ် ကိုကို အထင်လွဲပြီးငယ့်ကိုမယုံကြည်မှာ တွေးကြောက်နေခဲ့တာ 😪
Saint : ကင်မရာဖွင့်လိုက်ငယ်
ဟောမြင်ရပါပြီကျွန်တော့်ရဲ့အသည်းအသက်လေး ကျွန်တော်မယုံမှာစိုးရိမ်နေတာတဲ့လေ တစ်ပတ်အတွင့်ဘယ်လောက်တောင်စိတ်ပင်ပန်းနေလဲမသိဘူး မျက်နှာလေးတောင်ချောင်ကျသွားသလိုပဲ မယုံစရာလားဗျာ ကျွန်တော့်ခလေးကိုကျွန်တော်အကြွင်းမဲ့ယုံတာပေါ့ ဘေးလူကိုမယုံလို့ လူယုံတွေထပ်လွှတ်ထားတာ ငယ်ရှောင်‌နေတာတွေလဲအကုန်သိတာပေါ့ ဒီလိုဖွင့်ပြောမယ်လို့တော့မထင်ထားမိဘူး ငယ်ကအဲ့ကောင်လေးကိုညီလေးတစ်ယောက်လိုခင်နေတော့ ကျွန်တော်လဲစောင့်ပဲကြည့်နေရတာ အခုလိုပြောလာတော့ ကျွန်တော့်ရင်ထဲက အပျော်တွေပြောမပြတတ်အောင်ပဲ ချစ်လိုက်တာကွာ
Saint : ငယ်! ကိုကို ကလေ ငယ့်ကိုအမြဲယုံကြည်ပြီးသားအခုလို ကိုကို့ ကိုပွင့်ပွင့်လင်းလင်းတိုင်ပင်တော့ ပိုယုံကြည်ပြီး ပိုင်တောင်ချစ်မိသေးတယ် အဆင်ပြေသွားမှာပါနော် အများကြီးမတွေးနဲ့ကိုကို့ ခလေးလေး ပင်ပန်းနေမယ်
Perth : ဟုတ် ငယ့်ကိုအခုလို ယုံကြည်ပေးလို့ကျေးဇူးပါကိုကို တစ်နေကုန်အလုပ်တွေများနေတာပင်ပန်းနေပြီလား
Saint : အင်းဟုတ်တယ် အရမ်းပင်ပန်းတယ် ဒါပင်မဲ့ သည်းငယ်လေး မျက်နှာလေးမြင်လိုက်ရတော့ ကိုကို ပင်ပန်းတာတွေအားလုံးပျောက်သွားပြီ
Perth : ဟားးဟားး ဟုတ်ပါပြီဗျာ ပင်ပန်းတာတွေပိုပျောက်သွားအောင်အာဘွားပေးမယ် မွမွ
(အေးအေး ဒီကမားတွေကပဲ မမြင်ချင်ယောင်ဆောင်ပေးပါ့မယ်သားတို့ရယ် 🙈🙈)
Saint : အားးး လန်းဆန်းသွားတာပဲ
Perth : ဟားးဟားးဟားး ပိုပြီကိုကိုရာ ကဲ ကိုကိုနားတော့နော် ငယ်စကားတွေပြောနေတာနဲ့ ကိုကို အိပ်ချိန်အရမ်းနောက်ကျနေပြီ
Saint : မဟုတ်တာ ကိုကိုက ငယ့်မျက်နှာလေးကိုကြည့်ပြီးငယ်နဲ့သာစကားတွေပြောနေရရင် ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေပြီးသား အခုတော့ငယ်အိပ်တော့နော် မျက်နှာလေးချောင်သွားတယ် ဘာမှမတွေးပဲအိပ်လိုက်တော့
Perth : ဟုတ်ကဲ့ good night ကိုကို
Saint : good nightပါငယ်
တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ကာအပြုံးကိုယ်စီဖြင့်နှစ်ချိုက်စွာအိပ်ပျော်သွားကြတော့သည်။
. . . . . . . . . . . .
At Tanapon group,
အလုပ်စားပွဲက အလုပ်ပုံထဲခေါင်းနစ်နေတဲ့ Perth ရယ်ပါ ဒီတစ်ပတ်အတွင်း Nin ကိုပတ်ရှောင်ရတာနဲ့ အလုပ်တွေတစ်ပိုင်းတစ်ဖြစ်ဖြစ်နေတာကြောင့် ဒီနေ့တော့တစ်နေကုန်အလုပ်ပုံထဲရောက်နေလေပြီ အလုပ်တွေလက်စသက်ပြီးအချိန်ကြည့်မိတော့ 7 နာရီ နောက်ကျနေပြီမို့ပြန်ရန်ထတော့ ရုံးခန်းတံခါးပွင့်လာသည်မို့ကြည့်မိတော့
Nin : အကို
ယိုင်ထိုးနေတဲ့ခြေလှမ်းတွေနဲ့အရက်ပုလင်းလက်ကကိုင်ကာဝင်လာတဲ့ Nin
Perth : Nin ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ အကိုအခုပဲပြန်တော့မလို့
Nin : အကို Nin တို့စကားခဏပြောရအောင်
Perth : အကို့မှာပြောစရာမရှိဘူး Nin မူးနေရင်မင်းပြန်လိုက်တော့ အကိုလဲပြန်ပြီ
Nin : မရဘူး မပြန်ရဘူး အကို Nin နဲ့စကားပြောရမယ် အကို Nin ကိုဘာလို့ရှောင်နေတာလဲ Nin ကအကို့ကိုအရမ်းချစ်တာလေ အကိုကဘာလို့ Nin ကိုမချစ်နိုင်ရတာလဲ ဘာလို့လဲအကိုရဲ့
Perth : Nin!! အကိုစကားတွေအများကြီးမပြောချင်ဘူး မင်းပြန်လိုက်တော့ မင်းကိုမချစ်နိုင်ဘူးလို့လဲအပြတ်ပြောပြီးပြီ ငါ P'Saint တစ်ယောက်ထဲကိုပဲချစ်တာ
Nin : မချစ်ရဘူး မချစ်ရဘူး Nin ကိုပဲချစ်ရမယ် အကို Nin ကိုပြန်မချစ်ရင် CEO Saint ကိုသတ် ပစ် မှာ
တစ်လုံးချင်းပြောလာတဲ့ Nin ရဲ့စကားကနွေခေါင်ခေါင်မိုးကြိုးပစ်ချလိုက်သလိုပဲ ဒေါသတွေငယ်ထိပ်ရောက်ပြီလေ Nin ရင်ဘက်အင်္ကျီစကိုဆွဲကာ
Perth : မင်းသူ့ကိုလက်ဖျားနဲ့တောင်ထိဖို့မကြိုးစားနဲ့ သူကိုတစ်ခုခုလုပ်လို့ကတော့မင်းကိုငါကိုယ်တိုင်သတ် ပစ် မှာ
Nin : ဟားးဟားးးဟားး အကိုကလား အကိုကဒီလောက်စိတ်ထားကောင်းတာ ကျွန်တော်ကိုသတ်ပစ်မယ်တဲ့လား ဟားးဟားးဟားးး မယုံနိုင်စရာပဲ
Nin နဲ့အခြေအတင်စကားပြောနေတုန်းတံခါးမှဝင်လာသူ
Saint : ငယ် !!! ဘာတွေဖြစ်နေတာလဲ
Perth : ကိုကို !
Nin : မခေါ်နဲ့ သူ့ဆီလဲမသွားရဘူး
ခလွမ်း . . . . . . .  ဘေးကခုံနဲ့လက်ထဲကပုလင်းကိုရိုက်ခွဲကာ
Nin : အကိုသူ့ဆီသွားရင် အကို့ကိုသတ်မှာ အကို့ကို ကျွန်တော်မပိုင်ဆိုင်ရရင် သူလဲမပိုင်စေရဘူး
Saint : Nin လက်လွန်မယ်နော် မင်းလက်ကပုလင်းကွဲကိုချထားလိုက်
Nin : ဘာလို့ချရမှာလဲ ခင်ဗျားလဲရှေ့တိုးမလာနဲ့ရှေ့တိုးလာရင်ခင်ဗျားကိုပါထိုးမှာ ဘာ အကိုက ခင်ဗျားကိုပဲချစ်တာတဲ့ရီရတယ် ဟားးဟားးဟားးး ခင်ဗျားကဘာမို့လို့လဲ ဘာတွေများထူးခြားနေလို့လဲ ကျွန်တော်ကအကို့ကိုအရမ်းချစ်တာ သိလား အကိုကလေ ကျွန်တော့်ကိုဆိုအမြဲဂရုစိုက်တာ အခုမှဘာလို့ဘာလို့ပြောင်းလဲသွားရတာလဲ ဟန်
Perth : ဘာမှမပြောင်းလဲဘူး အရင်ကတည်းကမင်းကို ငါ့ညီလေးတစ်‌ယောက်လိုသံယောဇဉ်ရှိခဲ့လို့မင်းအပေါ်ဂရုစိုက်ခဲ့တာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းခွင်စဝင်ကတည်းကမိဘတွေအဝေးမှာရောက်လာရလို့ ညီလေးတစ်ယောက်လိုဂရုစိုက်ပေးခဲ့တာ ဒါကိုမင်းကိုယ်တိုင်အရောင်ဆိုးခဲ့တာလေ
Nin : မပြော‌နဲ့ ညီလေး ညီလေး ညီလေး မပြောနဲ့!!!!!! အဲ့ညီလေးဆိုတဲ့စကားမကြားချင်ဘူး ကျွန်တော်ကအကို့ညီလေးမဟုတ်ဘူး အကို့ ကိုလဲဘယ်တုန်းကမှအကိုတစ်ယောက်လိုသဘောမထားခဲ့ဘူး ကျွန်တော်ကအကို့ကိုချစ်တာ သိလားသိလား အကို့ ယောက်ျားလုပ်မှာ ပြီးရင် အကို့ကို
ဟုဆိုကာ အနားကိုတစ်ဖြည်းဖြည်းတိုးလာကာ ပုလင်းကွဲကိုအနောက်ကထောက်ပြီး Perth မျက်နှာကိုဆွဲလှည့်ပြီးနမ်းဖို့ကြိုးစားတာကြောင့် ကိုကိုက ရောက်လာပြီး သူ့ကိုတွန်းဖယ်ဖို့ကြိုးစားရင်း ရုံးရင်းဆန်ခက်ဖြစ်ကာ
Perth : ကိုကို !!!!!!!😱😱😱😱
🙆🙆🙆🙆🙆
တစ်ပတ်လို့ပြောထားပင်မဲ့ ဒါဒါလေးတွေကိုချစ်လို့ အချိန်ရသလောက်လေးရေးပေးလိုက်ပါတယ်
ဒီတစ်‌ပိုင်းတိုသွားတယ်🙏
. . . . . . . . . .
Zawgyi
Perth : မဖြစ်သေးပါဘူး
ToooooTooo
Perth : ဒီလိုကိုကိုရာ . .  . . . . .
Saint : good nightပါငယ်
. . . . . . . . . . . .
At Tanapon group,
Nin : အကို
Perth : ကိုကို !
Perth : ကိုကို !!!!!!!😱😱😱😱
🙆🙆🙆🙆🙆

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now