Part 29 U&Z

133 12 0
                                    

ဘုရားပေါ်မှာနှစ်ယောက်သားဘုရားအေးအေးဆေးဆေးဖူးနေစဉ်  fan တစ်ချို့က မှတ်မိသွားပြီးနှုတ်ဆက်သူနှုတ်ဆက် ဓါတ်ပုံရိုက်သူရိုက်နှင့် လူနည်းနည်းတော့အုံသွားသည်။ ကျွန်တော်တို့နှစ်ယောက်လုံးအတွက်အနုပညာအလုပ်တွေနားထားပြီး couple moment တွေမရှိတာကြာပြီဖြစ်သော်လည်း အခုချိန်ထိကျွန်တော်နှစ်ယောက်ကိုချစ်ကြတဲ့ fan တွေရှိနေသေးတယ်ဆိုတာသိရလို့အရမ်းလဲပျော်မိတာတယ်။ ကျေးဇူးတင်ကြောင်းထပ်ခါထပ်ခါပြောကာ ဘုရားပေါ်ကဆင်းပြီးနေ့လည်စာဝင်စားလိုက်ကာ hotel သို့ပြန်လာလိုက်တော့သည်။ နောက်ရက်ကျတော့ မန္တလေးမှာသုံးရက်လောက်ပတ်ကာပြင်ဦးလွင်သို့တက်ခဲ့တော့သည်။
ပြင်ဦးလွင်ပထမရက်,
Perth : ကိုကို ကိုကို ကိုကို ထတော့လို့ ပြွတ်
နှုတ်ခမ်းလေးကိုအနမ်းပေးကာနှိုးနေသောချစ်ရသူကြောင့် အိပ်ချင်သောလဲထရတော့သည်။
Saint : အနမ်းလေးကချိုလိုက်တာကွာ
Perth : သွားလူဆိုးကြီး ဒါနဲ့လေကိုကို ဒီမှာဘယ်တွေဆက်သွားဖို့စီစဉ်ထားလဲဟင်
Saint : အင်း မြန်မာနိုင်ငံအနှံ့သွားဖို့စီစဉ်ထားတယ်
Perth : တကယ်လား ပေါ့ကျွန်တော်ကမပြန်ချင်သေးဘူးလို့ပြောမလို့ ဟီးဟီး
Saint : တကယ်ပေါ့ ကိုကိုက ကိုကို့ သည်းငယ်လေးအကြောင်းသိတာပေါ့ ဒီမှာနှစ်ရက်လောက်လည်ပြီးရင်ပုဂံဘုရားတွေသွားမယ် ကိုကိုကားစီးလုံးဌားထားပြီးပြီ
Perth : ယေးးးး ဒါမှတို့ကိုကိုကွ ချစ်လိုက်တာလူကြီးရာ မွ
Saint : ဟာ ကိုကို ကလူကြီးဆိုပြီး ခလေးကစိန်ခေါ်တာလား
Perth : သူများကချစ်လို့နမ်းတာကိုဘာလဲမကြိုက်ဘူးလားပြော
Saint : သည်းငယ်လေးနမ်းတာကို ကိုကို ကမကြိုက်စရာလား ကြိုက်လွန်းလို့ဒီညမအိပ်နဲ့တော့နော်
Perth : ဟာ ကိုကို stop ဟိုးထားဆရာ ဒီ‌နေ့တော့မရဘူး မနေ့ကလဲကိုကိုယူတယ်လေ ပုဂံရောက်မှနော် ကိုကိုကလိမ်မာပါတယ်နော် အခုငယ်ဗိုက်ဆာပြီ မနက်သွားစားရအောင် ပြီးရင်ပြင်ဦးလွင်ပတ်ရအောင်လေ
Saint : ပြီးရောအာ့ဆိုလဲ ပုဂံ ရောက်မှတွေ့မယ် ငယ်အားမွေးထား
Perth : ဟားးဟားးးဟားးးဟုတ်ပါပြီဗျာ ကိုကိုအထန်ကြီးရယ်
Hotel  ခန်းလေးထဲဝယ်ရီသံလေးများပျံ့လွင့်နေတော့သည်။
ပြင်ဦးလွင်မှာနှစ်ရက်‌ေလာက်လည်ပြီး Hotel ပြန်ရောက်တော့ ညနက်နေပြီမို့ ရေမိုးချိုးအဝတ်အစားလဲကာ ငယ်ကဖုန်းသုံးရန်ဖုန်းဖွင့်တော့ ငယ့်နားအမြန်သွားကာဖုန်းကိုလုလိုက်ပြီး
Saint : ငယ်! ဖုန်းမသုံးနဲ့ကွာ
Perth : ဟာ ကိုကို ဘာလုပ်တာလဲ ပြန်ပေးကွာခဏလေးသုံးတာ‌ကို
Saint : ကိုကို နဲ့အတူရှိတဲ့အချိန် ကိုကို့ ကိုပဲကြည့်ကွာ အဲ့ဖုန်းကိုမကြည့်နဲ့ကွာမနက်ဖြန် ပုဂံကိုတက်မှာဆိုတော့ စောစောအိပ်ရမယ်လေ
Perth : ကိုကို့ ကိုပဲကြည့်တာပါ အခုက အမှုကိစ္စလေးအခြေအနေသိချင်လို့ပါ
Saint : မသိချင်နဲ့ အဲ့ကိစ္စတွေအကုန်မေ့ထားလိုက်သူတို့အပြစ်နဲ့သူတို့သွားလိမ့်မယ်
Perth : ဒါပင်မဲ့ P'Sandi မှာက ကိုယ်ဝန်ကြီးနဲ့လေ တကယ်ကိုယ်ဝန်ရှိနေတယ်ဆိုတာတရားရုံးကအတည်ပြု‌ပေးပြီးပြီ ဗိုက်ထဲကခလေးနဲ့ထောင်ထဲမှာဘယ်လိုနေမလဲ ပြီးတော့ ခလေးမှာအပြစ်မှမရှိတာ
Saint : ငယ် ကိုယ့်ကိုကြည့် ငယ့်စိတ်ကိုကိုယ်နားလည်တယ် ကိုယ့်ကိုလဲနားလည်ပေးပါအုံးငယ်ရယ် သူတို့ကိုယ်တို့အပေါ်ဘယ်လောက်ထိတောင်လုပ်ခဲ့လဲ ဟန် ငယ်ဆို ကိုယ်သာရောက်မလာရင်သေလူဖြစ်နေပြီ ငယ့်ကိုဆုံးရှုံးရတော့မယ်အခြေအနေအထိ သူတို့လုပ်ခဲ့တာလေ အရာအားလုံးရဲ့ကြိုးကိုင်သူကလဲအဲ့မိန်းမလေ ကိုယ်လဲ အပြစ်မရှိတဲ့ခလေးအတွက်တော့စိတ်မကောင်းပင်မဲ့အဲ့မိန်းမကိုတော့လွှတ်မပေးနိုင်ဘူးငယ်
Te Te Te Te
စကားပြောနေစဉ် Saint ဖုန်းကို message ဝင်လာတာမို့ ကြည့်လိုက်တော့မျက်လုံးပါပြူးသွားရတော့သည်။
Perth : ဘာဖြစ်လို့လဲကိုကို
Saint : ဘာ ဘာမှမဖြစ်ဘူးငယ် ခဏနားလိုက်အုံးနော် ကိုကို ဖုန်းခဏပြောလိုက်အုံးမယ် ငယ့်ဖုန်းကိုယ်ယူသွားမယ်အိပ်လိုက်‌တော့နော်ဖုန်းပြောပြီးရင်ချက်ချင်းပြန်လာခဲ့မယ် လိမ်မာတဲ့ကိုကို့ခလေးလေးကအိပ်တော့
ဟုပြောကာနှဖူးလေးကိုအမြတ်တနိုးဖြင့်အနမ်းပေးလိုက်ကာ အခန်းပြင်ထွက်ပြီးMark ကိုဖုန်းဆက်ရတော့သည်။
Tooo Tooo
Mark : hello Saint
Saint : Mark ဘာ တွေဘယ်လိုဖြစ်ကုန်တာလဲ P'Sandi တို့သားအဖကဘယ်လိုဖြစ်လို့ဆုံးရတာလဲ
Mark : အေး ဒီနေ့ တရားခွင်မှာသက်သေအထောက်အထားတွေအပြီးတင်တယ်လေ နောက်တစ်ပတ်ကအမိန့်ချတော့မှာ အဲ့တော့ဒီနေ့တရားရုံးကအပြန် လမ်းမှာ ထွက်ပြေးဖို့ကြိုးစားကြတယ် ကံကောင်းတာက P'Gong ကိုသူတို့နဲ့အတူထည့်မပေးလိုက်မိတာ P'Gong ကိုငါကိုယ်တိုင်ပြန်ပို့မယ်ဆိုပြီးငါခေါ်ထားလိုက်တာ ငါရဲမှူးနဲ့စကားပြောနေတုန်းP'Sandi တို့အချုပ်ကားထွက်သွားပြီး 10 မိနစ်လောက်နေတော့လမ်းမှာအချုပ်ကားတံတားပေါ်ကထိုးကျလို့တဲ့ ပါသွားတာက P'Sandi တို့သားအဖရယ် ရဲနှစ်ယောက်ရယ်ကားသမားရယ်မှာ ရဲတစ်ယောက်ပဲအသက်ရှင်တယ် ညနေကပဲအလောင်းတွေဆယ်လာတာ တစ်ယောက်မှအသက်ပါမလာတော့ဘူး ရဲတစ်ယောက်ကတော့ကားထဲမှာရုံးရင်ဆန်ခက်ဖြစ်ကတည်းက‌သေနပ်မှန်ပြီးသေသွားတာတဲ့ ကားသမားကတော့ တံတားဘောင်ကိုတိုက်ပြီးကတည်းကသတိမေ့သွားတာတဲ့ အသက်ရှင်တဲ့တစ်ယောက်တောင်ကားတံခါးနဲ့ညပ်နေလို့မနည်းထွက်ခဲ့ရတယ်တဲ့ P'Sandi တို့သားအဖကတော့ကားထိုးကျတဲ့အရှိန်နဲ့သူတို့ကိုလက်ထိပ်ခက်ထားတာနဲ့ဆိုတော့ ရေထဲမှာငါးမိနစ်ပဲကြာလိုက်ပင်မဲ့ ဘယ်လိုမှမကယ်နိုင်ခဲ့ဘူး
Saint : ခလေး
Mark : အင်းခလေးအတွက်တော့စိတ်မကောင်းစရာပဲပေါ့
Saint : P'Gong ကောအဆင်ပြေရဲ့လား
Mark : ဘယ်ပြေမလဲကွာ မိန်းမအပြင်ခလေးပါဆုံးရှုံးလိုက်ရတာဆိုတော့ ငိုယိုသောင်းကြမ်း သတိလစ်သွားလို့ခုကပဲဆေးရုံပို့လိုက်ရတယ်ငါလဲအခုဆေးရုံကိုလိုက်နေတယ်
Saint : အင်းးးးသူတို့အကုသိုလ်တွေသူတို့အကျိုးခံစားရတာပဲ  ခလေးအတွက်‌တော့စိတ်မကောင်းဘူး ဒီလိုမိဘတွေကြောင့်လူ့လောကထဲတောင်ဝင်မလာရရှာဘူးပဲ ဟူးးးး
Mark : အေးပေါ့ကွာဘယ်တက်နိုင်မလဲ မင်းတို့ကောခရီးမှာအဆင်ပြေရဲ့လား Perth ကော
Saint : အင်းအားလုံးအဆင်ပြေပါတယ် ဒါပင်မဲ့ငယ်က အမှုကိစ္စကိုသိချင်နေတာ ငါမပြောပြချင်ဘူး သူသိရင်အရမ်းစိတ်မကောင်းဖြစ်မှာ
Mark : အဲ့ဒါတော့ဟုတ်တယ် မင်းပဲအဆင်ပြေသလိုကြည့်လုပ်လိုက်ကွာ ဒီဘက်ကကိစ္စတွေကိုတော့စိတ်ချ ငါ့ကောင်ကြီးကိုသာပျော်အောင်ထားပေး
Saint : အေးပါကွာအဲ့ဒါဆိုဒါပဲလေ အထဲမှာငယ်တစ်ယောက်ထဲထားခဲ့ရတာမို့လို့
Mark : ok ok
ဖုန်းချပြီးအထဲဝင်လိုက်တော့ငယ်က TV ဖွင့်ကြည့်နေလေရဲ့ သတင်းမှာလာနေတာက P'Sandi တို့ရဲ့သတင်း သတင်းကြည့်ကကျောက်ရုပ်လိုထိုင်နေသောငယ့်ကို
Saint : ငယ်! ငယ်!!!
Perth : ဗျ ဗျာ
TV ပိတ်ကာ
Saint : ငယ် ကိုယ့်ကိုကြည့်ပါအုံးကွာ ဘာမှမဖြစ်ဘူးနော်
Perth : ကို ကို P' P' က P' က ပြီး တော့ ခ ခလေး ခလေးလေး အဲ့ ဒါ
Saint : သည်းငယ် ဘာမှမတွေးနဲ့တော့နော် ရဲတွေလဲအတက်နိုင်ဆုံးကြိုးစားပြီးကယ်ပင်မဲ့ မကယ်နိုင်ခဲ့ဘူးတဲ့ ဒါသူသေကံပါလို့ လို့ပဲသဘောထားလိုက်ပါငယ်ရယ် နော်
Perth : ကျွန်တော့် ကြောင့် ကျွန်တော်သာသူ့ကိုတရားမစွဲခဲ့ရင် လူမဖြစ်သေးတဲ့ခလေးလေးလဲ သေမှာမဟုတ်ဘူးကိုကိုရဲ့ အားးးးးးးးး
Saint : ငယ်!!!! ငယ် ကိုယ့်ကိုကြည့်ပါအုံးငယ်ရယ် ငယ့်အပြစ်မဟုတ်ပါဘူး ငယ်နဲ့မဆိုင်ပါဘူး သူတို့ယုတ်မာခဲ့လို့ သူတို့လုပ်ခဲ့တာတွေအတွက်သူတို့ပြန်ခံစားရတာပါ ခလေးလေးကတော့ဒီလိုလူမျိုးရဲ့ဘဝထဲရောက်လာတဲ့အတွက်ကံဆိုးသွားတာပါကွာ ငယ်နဲ့မဆိုင်ပါဘူးကွာအဲ့လိုမတွေးပါနဲ့ငယ်ရယ်
Perth : ကိုကို ကျွန်တော် ကျွန်တော်ကြောင့် ဟာဗျာ
ဟုပြောကာ နံရံကိုဘက်သီးဖြင့်ပြေးထိုးတာကြောင့် အနောက်ကနေလှမ်းဖက်ကာ
Saint : ငယ်!!!
ဟုအော်ခေါ်လိုက်မိမှ ကိုယ်လေးတုန်သွားကာ ရင်ခွင်ထဲတိုးဝင်လာကာတစ်သိမ့်သိမ့်နဲ့ငိုတော့သည်။
Perth : ကျွန်တော့်ကို မအော်ပါနဲ့ အီးးးးဟီးးးး
Saint : မအော်စေချင်ရင်ကိုယ့်ကိုကိုယ်ထိခိုက်အောင်မလုပ်နဲ့လေငယ်ရာ ဘာလို့အဲ့လိုလုပ်ဖို့ကြိုးစားရတာလဲကွာ ငယ်တစ်ခုခုထိခိုက်သွားရင် ကိုယ်ရင်ကျိုးရချည်ရဲ့ကွာ
ရင်ခွငခထဲမှာတစ်သိမ့်သိမ့်ငိုကျွေးနေရာမှအသက်ရှူသံလေးငြိမ်သွားကာ
Perth : ကိုကို
Saint : အင်း ပြောလေ သည်းငယ်လေး
Perth : မနက်ဖြန် ပုဂံ ဘုရားတွေရောက်ရင် ခလေးလေးအတွက် အလှူတွေလုပ်ပေးရအောင်နော်
Saint : အင်း သည်းငယ်လေးသဘော ကိုယ်တို့အလှူတွေလုပ်ကြမယ်နော် အခုတော့ ကိုကို့သည်းငယ်လေးပင်ပန်းနေပြီအိပ်လိုက်တော့နော်
ဟုဆိုကာခလေးငယ်ကိုအိပ်ယာ‌ပေါ်တွင်နေရာသေချာချပေးပြီးရင်ခွင်ထဲထည့်ကာအိပ်လိုက်တော့သည်။
မနက်ကျတော့ ပုဂံဘက်တက်က ဘုရားတိုင်းမှာ P'Sandi တိူ့သားအဖနှင့်ခလေးလေးအတွက်ရည်စူးကာအလှူများပြုလုပ်ပေးလိုက်သည်။
ဒီလိုနဲ့ မြန်မာနိုင်ငံအနှံ့လည်ပတ်ရင်တစ်လကြာမှ ထိုင်းကို ပြန်ဖြစ်ခဲ့သည်။
🙆🙆🙆🙆🙆
Love you ဒါဒါလေးတို့😘😘
. . . . . . .
Zawgyi
ပြင်ဦးလွင်ပထမရက်,
ပြင်ဦးလွင်မှာနှစ်ရက်‌လောက်လည်ပြီး Hotel ပြန်ရောက်တော့ ညနက်နေပြီမို့ ရေမိုးချိုးအဝတ်အစားလဲကာ ငယ်ကဖုန်းသုံးရန်ဖုန်းဖွင့်တော့ ငယ့်နားအမြန်သွားကာဖုန်းကိုလုလိုက်ပြီး
Te Te Te Te
Tooo Tooo
Mark : hello Saint
Saint : ခလေး
Mark : ok ok
Saint : ငယ်! ငယ်!!!
Perth : ဗျ ဗျာ
TV ပိတ်ကာ
Saint : ငယ်!!!
Perth : ကိုကို
မနက်ကျတော့ ပုဂံဘက်တက်က ဘုရားတိုင်းမှာ P'Sandi တို့သားအဖနှင့်ခလေးလေးအတွက်ရည်စူးကာအလှူများပြုလုပ်ပေးလိုက်သည်။
🙆🙆🙆🙆🙆
Love you ဒါဒါလေးတို့😘😘

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now