နေနဲ့လရဲ့ချစ်ခြင်းအပြိုင် Part 25
133 13 2
Saint တစ်‌ယောက် ရုံးချုပ်ကအလုပ်တွေပြီးတော့ ပစ္စည်းတွေရောက်မယ်ဆိုလို့တက်လာမဲ့ပစ္စည်းစရင်းကိုစောင့်နေပင်မဲ့ တက်မလာလို့ ဆိုဒ်မန်နေဂျာကိုဖုန်းဆက်လိုက်တော့သည်။
Too Too
Manager : hello
Saint : hello P' ကျွန်တော့်ကိုပစ္စည်းစရင်းမပို့ရသေးဘူးနော် အခုပဲ 9 နာရီထိုးတော့မယ်
Manager : အာ ဟုတ်ကဲ့ ဆရာ ပစ္စည်းတွေကမရောက်သေးတာဆရာရေ ဒီမှာတောင်ကျွန်တော်နဲ့ ခွန် Perth ပဲရှိတော့တယ် တော်သေးတာပေါ့ကျွန်တော်ကဆိုဒ်တန်းယားမှာအိပ်မှာမို့လို့ ခွန် Perth ဆိုပြန်ဖို့တော်တော်နောက်ကျနေပြီသူလက်မှတ်ထိုးဖို့စောင့်နေတာ
Saint : ဒါဆို CEO Perth အခုချိန်ထိမပြန်ရသေးဘူးပေါ့ အရမ်းမိုးချုပ်နေပြီ
အဲ့အချိန်မှာခေါင်းထဲဟိုတလောကဖြစ်သွားတဲ့ဆိုဒ်ထဲကမတော်တဆအဖြစ်အပျက်မှာ သံချောင်းတွေထောင်ထားတဲ့အုတ်နံရံနောက်ကလှစ်ကနဲမြင်လိုက်ရတဲ့အရိပ်မဲအကြောင်းပြေးမြင်မိတော့တယ်
"ဟုတ်တယ် ငယ့်ကိုဒုက္ခပေးချင်တဲ့လူရှိနေတယ် မဖြစ်သေးဘူးအရမ်းနောက်ကျနေပြီ ငယ်တစ်ယောက်ထဲပြန်လို့မဖြစ်သေးဘူး "
Manager : ဟာ ပစ္စည်းကားရောက်ပြီဆရာ ကျွန်တော်သွားစစ်လိုက်အုံးမယ်
Saint : ဪ အေးအေး ဒါပဲ
Saint တစ်ယောက်စိတ်ပူလာတော့သည်သူအရိပ်မဲကိစ္စ လုံးဝမေ့နေခဲ့ခြင်းဖြစ်သည်။အခုလဲစိတ်ထဲအရမ်းလေးနေပြီး Perth ကိုအရမ်းစိတ်ပူနေတာကြောင့်လိုက်သွားရန်ဆုံးဖြတ်လိုက်သည်။ ရုံးချုပ်နဲ့ဆိုဒ်နဲ့သိပ်မဝေးပင်မဲ့ ဆယ်ငါးမိနစ်လောက်တော့မောင်းရသည်။ ဟိုမှာပစ္စည်းစရင်းစစ်တာနဲ့လက်မှတ်ထိုးတာနဲ့ဆိုရင် မှီလောက်သေးတယ်ဆိုပြီးအမြန်ကားမောင်းထွက်လာလိုက်တော့သည်။ သူ့ကားလဲပါကင်နားအရောက်မှာ ဗန်ကားတစ်စီးဖြတ်မောင်းသွားတာကြောင့်သေချာ ကားနံပါတ်ပါကြည့်လိုက်မိသည်။ ဒီပါကင်က ဆိုဒ်ကကားတွေပဲထိုးတာဖြစ်ပြီး ဆိုဒ်မှာ ဗန်ကားလဲမသုံး ပြီးတော့ ခုနက ဆိုဒ်မန်နေဂျာက အလုပ်သမား‌ေတွအကုန်ပြန်သွားပြီလို့ ပြောထားတာကြောင့်သတိထားကြည့်မိပြီးဇဝေဇဝါနဲ့ ကားပါကင်ကိုကြည့်လိုက်တော့ Perth ကားရှိနေသေးသည်။ ဒါကြောင့်ကားကိုပါကင်ထိုးပြီး Perth ကိုဖုန်းခေါ်လိုက်တော့ သူ့ကားဘေးမှာရပ်ထားတဲ့ Perth ရဲ့ကားနားကနေ ဖုန်းသံကထွက်လာတော့သည်။အသံလာရာကိုကားပေါ်ကဆင်းကြည့်တော့ ကားဘေးမှာ ကျ‌နေ
သည့်ဖုန်းလေးကိုတွေ့ပြီး သူရင်တွေပူလာတော့သည်။ ခုနက ဗန်ကား ကိုသတိရသွားပြီးကားပေါ်ပြန်တက်ကာ ဒုံးဆိုင်းမောင်းထွက်သွားပြီး ဗန်‌ကားနောက်အမှီလိုက်ရန်ကြိုးစားသော်လဲ ဘယ်လမ်းကသွားလဲရှာမတွေ့တာကြောင့်သူဘာဆက်လုပ်ရမှန်းမသိဖြစ်နေလေသည်။ အဲ့အချိန်မှာ Perth ရဲ့ဖုန်းကနေအသံထမြည်လာ‌တာကြောင့် သူကြည့်လိုက်တော့ Mark ဆီကဖြစ်သည်။ Mark ကို Perth အကိုဝမ်းခွဲအနေနဲ့သူသိထားပါသည်။ကုမ္ပဏီလက်လွှဲယူရန် အလုပ်သင်နေစဉ်က မိတ်ဆုံစားပွဲတစ်ခုမှာ Uncle Tanapon ကသူ့ကိုမိတ်ဆက်ပေးဖူးတယ် အလုပ်အကိုင်က စူံထောက်တစ်ယောက်လို့သိထားတာမို့အကူအညီတောင်းရန် တွေးမိပြီးဖုန်းအမြန်ကိုင်လိုက်တော့သည်။
Mark : hello ဟျောင်ဖုန်းကိုင်တာကြာလိုက်တာကွာ
Saint : hello ခွန်Mark လား ကျွန်တော် Saint ပါ
Mark : အန် ခွန်Saint ! မင်းကဘယ်လိုဖြစ်လို့ Perth နဲ့အတူရှိနေတာလဲ မင်းတို့ပြန်အဆင်ပြေသွားပြီလား
Saint : မဟုတ်ဘူးအဲ့ဒါအသာထား ခွန်အခုဘယ်မှာလဲရုံးမှာလား
Mark : အေးလေ ဘာတွေဖြစ်နေတာလဲမင်းအသံကလဲ Perth ကောငါသူ့ကိုအရေးတကြီးပြောစရာရှိလို့
Saint : အဲ့ဒါနောက်ထား အခုလက်‌တလော Perth ကိုဒုက္ခပေးနိုင်တဲ့လူဘယ်သူရှိလဲ
Mark : ဒုက္ခပေးမယ့်လူ ဘာဖြစ်လို့လဲ Perth ဘယ်မှာလဲ သူအဆင်ပြေရဲ့လား
Saint : ကျွန်တော်ထင်တာမမှားဘူးဆိုရင် Perth ပြန်ပေးဆွဲခံရတယ် သူ့ကိုခေါ်သွားတာ ဗန်ကားနဲ့ ကားနံပါတ်က ***အဲ့ဒါပဲ ကျွန်တော်အခုအဲ့ကားနောက်ကလိုက်ပင်မဲ့ မမှီလိုက်ဘူး ကျွန်တော်ဘာဆက်လုပ်ရမလဲကူအုံးငယ်တစ်ခုခုဖြစ်လို့မဖြစ်ဘူး ကျွန်တော်သူ့ကိုအရမ်းစိတ်ပူနေပြီ
Mark : စိတ်အေးအေးထား ဒီပုံစံအတိုင်းဆိုရင် Perth ကိုခေါ်သွားတာ P'Gong ပဲဖြစ်ရမယ်
Saint : ဘာ! သူကဘာလို့ငယ့်ကို ဟာကွာ
Mark : ခွန်စိတ်လျှော့ ငါပြောတာနားထောင် အခုကိစ္စ က P'Gong တစ်ယောက်ထဲမဟုတ်ဘူး P'Sandi တို့သားအဖပါ ပါတယ် သူတို့ကမင်းတို့နှစ်ယောက်ရဲ့ပိုင်ဆိုင်မှုအားလုံးကိုလက်ဝါးကြီးအုပ်ချင်နေတာ
Saint : ဘယ်လိုဘယ်လို နေပါအုံး ကျွန်တော်နားမရှင်းဘူး P'Gong နဲ့ P'Sandi ကဘယ်လိုပတ်သက်သွားတာလဲ
Mark : အေးငါလဲအဲ့အကြောင်းစုံစမ်းထားတာ Perth ကိုပြောမလို့အခုဖုန်းဆက်လိုက်တာ သေချာနားထောင် P'Gong နဲ့ P'Sandi က ဟိုးအရင်ကတည်းက ရင်းနှီးကြတယ် S&T ကုမ္ပဏီ Uncle Tanapon လက်ထဲမှာရှိနေကတည်းကပေါ့ ရင်းနှီးမှုအတိုင်းအတာကတော့အပြင်မှာတော့သာမန်မိတ်ဆွေပင်မဲ့ သူတို့က တိတ်တိတ်ပုံးတွဲနေကြတာ ငါ့မှာသက်သေအထောက်အထားအကုန်ရထားပြီးပြီ အမှန်တော့ P'Gong ကုမ္ပဏီကိုသစ္စာဖောက်တာလဲ P'Sandi လက်ချက်ကြောင့်ပဲ P'Gong က P'Sandi လိုအပ်သမျှတောင်းသမျှအကုန်ထုတ်ပေးနေတာ တစ်ဖက်မှာ P'Sandi က P'Gong ဆီကရတဲ့ပိုက်ဆံနဲ့အနုပညာအလုပ်တွေလုပ် သူ့အဖေကမင်းကုမ္ပဏီကိုချုပ်ကိုင်လို့ရအောင် project တိုင်းမှာရှယ်ယာလိုက်ဝင် ဒါပင်မဲ့ကုမ္ပဏီက မင်းလက်ထက်မှာပိုပြီး‌ခိုင်မာလာတာမို့ သူလှုပ်တိုင်းမမြုပ်ဘူးဖြစ်နေတာပေါ့ အဲ့ဒါနဲ့ပဲ မိန်းမမာယာတွေနဲ့သူ့သမီးကိုမင်းအနားပို့လိုက်ပင်မဲ့ P'Sandi က P'Gong နဲ့လဲမပြတ်ဘူး ပြီးတော့ P'Sandi ရဲ့ကိုယ်ဝန်ကမင်းနဲ့မဟုတ်ဘူး P'Gong နဲ့ရတာ အဲ့နေ့က club မှာရှိတဲ့ CCTV ကို Perth သူငယ်ချင်း Plan ကထုတ်ပေးတယ် မင်းကို P'Sandi ကတွဲပြီးအခန်းထဲဝင်သွားပင်မဲ့ ငါးမိနစ်တောင်မကြာဘူး P'Gong လဲရောက်လာပြီးအဲ့အခန်းထဲဝင်သွားတယ် ပြီးတော့ ခဏအကြာ P'Gong နဲ့ P'Sandi နှစ်ယောက်အတူမင်းအခန်းနဲ့ဘေးချင်ကပ်ရပ်အခန်းထဲအတူဝင်သွားကြတယ် ပြီးတော့ မနက်မိုးလင်းခါနီးမှ P'Sandi က ဖရိုဖရဲပုံစံနဲ့မင်းအခန်းထဲပြန်ဝင်သွားပြီး P' Gong ကပြန်သွားတာ သူတို့ club က CCTV ကိုလာဖျက်သွားပင်မဲ့ သူတို့မစဉ်းစားမိလိုက်တာက Plan သူက ဒီ star club ကအရမ်းသတိထားရတာမို့ CCTV ကိုသူ့ဖုန်းနဲ့ပါချိတ်ထားတယ်ဆိုတာပဲ club က CCTV ကိုဖျက်လိုက်ပင်မဲ့ သူ့ဖုန်းထဲမှာ record ကျန်နေသေးတယ်လေ အဲ့ဒါငါတို့အတွက်အဆင်ပြေသွားတာပေါ့ ပြီးတော့ ကိုယ်ဝန်လဲရလာရောသူတို့အကြံပိုင်သွားတာပေါ့ မင်းကိုကိုယ်ဝန်နဲ့အပိုင်ချုပ် ပြီးရင်မင်းပိုင်ဆိုင်မှုတွေကိုလက်ဝါးကြီးအုပ်ပြီးမင်းကို သတ်ပစ်ဖို့တောင်စီစဉ်ထားပုံရတယ် ဒါပင်မဲ့ကြားပေါက်ပြသနာက Perth သူက ကုမ္ပဏီကို ရုတ်တရက် ဝင်လာလိုက်‌တော့ P'Gong အစီအစဉ်တွေကမောက်ကမ ဖြစ်ကုန်ရောပေါ့ အဲ့ကောင် Perth ကလဲ စိတ်မြန်လက်မြန်နဲ့ P'Gong ကိုအပြတ်ရှင်းချလိုက်တော့သူတို့ကြံရာမရတွေဖြစ်ကုန်တော့တာပေါ့ အခု P'Sandi က P'Gong အရင်ကဝယ်ထားတဲ့ ရှယ်ယာ 10% ကိုကိုင်ပြီး ရှယ်ယာရှင်တွေနဲ့တွေ့‌ပြီးတော့ Perth ကို CEO ရာထူးကဖြုတ်ချပြီး Tanapon group ကိုအပိုင်ကြံဖို့လုပ်နေပြီ သူမစည်းရုံးနိုင်သေးတာ ရှယ်ယာ 20% ကိုင်ထားပြီးတစ်ခါမှအစည်းအဝေးပွဲမတက်ဖူးတဲ့ ရှယ်ယာရှင်တစ်ယောက်ပဲရှိတော့တယ် ဒီရက်ပိုင်းအတွင်းရှယ်ယာရှင်အစည်းအဝေးကျင်းပလိမ့်မယ် အခု Perth ကိုဖမ်းသွားပြီး P'Gong က Perth ရဲ့ ရှယ်ယာတွေကို P'Sandi ဆီကိုလက်လွှဲဖို့အကြပ်ကိုင်တော့မယ်ထင်တယ် အခြေအနေမကောင်းဘူးခွန်တို့ အခုချင်းမိုင်မှာဆိုရင် ငါစုံစမ်းမိသလောက်က အဲ့မှာ P'Gong နာမည်နဲ့စက်ရုံတစ်ခုရှိတယ် ဒါပင်မဲ့ အဲ့စက်ရုံက သူဖမ်းဝရမ်းထွက်ကတည်းက ပိတ်လိုက်ရပြီ ငါထင်တာမမှားရင် အဲ့ကိုပဲခေါ်သွားမယ်ထင်တယ် ခွန် ကိုလိပ်စာလှမ်းပို့လိုက်မယ် ခွန်လိုက်သွားကြည့်လိုက်ငါလဲအခုချင်းမိုင်ကိုလာခဲ့မယ်
Saint : တောက် ငါကွာ လုပ်ရက်လိုက်ကြတာ ကုမ္ပဏီကိစ္စ ကရှယ်ယာ 20% ပိုင်ရှင်တားနိုင်တယ်ခဏထားလိုက် ကျွန်တော့်ကိုလိပ်စာအခုပို့လိုက် ဒါပဲဗျာ
Mark : အေးအေး ကိုယ့်ကိုကိုယ်လဲဂရုစိုက်အုံးနော်
Saint : အင်း အင်း ခွန်သာရဲကိုအကြောင်းကြားထားလိုက်ကျွန်တော်သွားပြီ
Mark : ok
Mark ပေးတဲ့လိပ်စာအတိုင်းမောင်းလာလိုက်တော့ စက်ရုံဝင်းကအတော်ကျယ်တယ် စက်ရုံဝင်းကြီးရဲ့ အတွင်းဘက်ထောင့်လေးက ပစ္စည်းဂိုထောင်လေးမှာမီးဟုန်းဟုန်းတောက်လောင်နေလေသည်။အခုမှစလောင်ပုံရပင်မဲ့မီးကတော်တော်စွဲနေပြီ ကားပေါ်ကဆင်းကာပြေးသွားလိုက်တော့ မီးစာလိုက်တို့နေတဲ့ P'Gong ကိုတွေ့‌တာကြောင့်ဒေါသထွက်ထွက်နှင့်ဘေးမှာရှိတဲ့ဘေးမှာရှိတဲ့ဒုတ်တစ်ချောင်းဆွဲကာလွှဲရိုက်လိုက်တော့ သွေးများထွက်လာကာပုံရက်သားလဲကျသွားတော့သည်။ အဲ့အချိန်မှာပဲတစ်ချိန်ကမိဘတွေမီးလောင်တူန်းကပုံရိပ်တွေပေါ်လာကာ မီးကြောက်တတ်တဲ့ရောဂါပြန်ထလာပါတော့သည်။ ဒါပင်မဲ့ ငယ့်မျက်နှာကိုမြင်ယောင်ကာ မိဘတွေလိုသာငယ့်ကိုမကယ်နိုင်ခဲ့ရင် ဆိုတဲ့အတွေးနဲ့တင်ကိုယ့်ကမ္ဘာကြီး ပူလောင်လာပါတော့တယ်။
Saint : ငယ် သည်းငယ် သည်းငယ် ! အထဲမှာရှိလားသည်းငယ်
အော်ခေါ်နေရာမှဂိုထောင်လေးကို ဘယ်ကဝင်လို့အဆင်ပြေနိုင်မလဲလှည့်ပတ်ကြည့်ပြီး တစ်နေရာအရောက် ပြတင်‌းပေါက်မှန်ကနေ ငယ့်ကိုလှမ်းတွေလိုက်ရသည်။ ငယ်က မီးတွေအလည်မှာ ပုံရက်လေးလဲနေလေသည်။ကျွန်တော်အသံကုန်ခြစ်ကာအော်ခေါ်နေပင်မဲ့ငယ်ကမလှုပ် ကျွန်တော့်ရဲ့စိုးရိမ်မှုဒီဂရီဂိတ်ဆုံးရောက်နေလေပြီ။ မှန်ကိုရိုက်ခွဲကာ မီးများကိုရှောင်ရှားပြီးငယ့်အနားကိုပြေးသွားလိုက်တော့သည်။အဲ့အချိန်မှာကျွန်တော့်‌အတွေးထဲငယ်သာရှိသည် ကျန်တာဘာမှမတွေးမိကျွန်တော်မီးကြောက်တာကိုတောင်ခဏမေ့သွားသည်။ ငယ့်အနားရောက်တော့ငယ့်ကိုဆွဲပွေ့ပြီးလှုပ်နှိုးလိုက်တော့သည်။ကျွန်တော်ဘယ်လောက်နှိုးနှိုးငယ်ကသတိရမလာပေ။
🙆🙆🙆🙆🙆
ဒါဒါလေးတို့ကိုချစ်တယ်😘😘
. . . . . . . . . 
Zawgyi
Too Too
Manager : hello
Saint : ဪ အေးအေး ဒါပဲ
Mark : ok
🙆🙆🙆🙆🙆
နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now