Chapter 18: ညီမလေး ထွက်သွားပေးမှာပါ(1)

4.5K 474 16
                                    

Unicode

နဥ်အန်းအန်း မှာ ဟောက်ယန်ရှောင်၏ စကားလုံးများအောက်တွင် တောင့်ခဲသွားရသည်။

သူမနောက်ကျောဆီ ပို့ထားသည့် လက်ထဲတွင်တော့ နဥ်ချန်းဖန်၏ ဆံပင်စများ ရှိနေသေးသည်ကို သေချာနေပါ၏။

ငွေရောင်အနားကွပ်များသာ ရှိသည်မို့ အမှောင်ထဲတွင် တောင့်ခဲသွားသည့် သူမအမူအရာကို ဟောက်ယန်ရှောင် မမြင်နိုင်ပါပေ။

တကယ်တမ်းတွင်တော့ ဟောက်ယန်ရှောင်က သူ့မေးခွန်းဆုံးသည်နှင့် သူမကို ချက်ချင်း လွှတ်ပေးလိုက်သည်။

သူမက သူ့ကို မမြင်ရတော့သော်ငြား သူ့အရှိန်အဝါ တဖြည်းဖြည်း လျော့ပါးသွားသည်ကိုတော့ ခံစားမိပေသည်။

နဥ်အန်းအန်း သက်ပြင်းသာ ချလိုက်မိတော့သည်။ ဒီရက်တွေအတွင်း သူမအပေါ် သူအကောင်းမြင်လာအောင် လုပ်ခဲ့သမျှအားလုံး ဒီတစ်ချက်ထဲနှင့် သဲထဲရေသွန်ဖြစ်သွားချေပြီ။

သို့သော် သူမက ဘာမှမလုပ်မီ တိုတောင်းလှသည့်အချိန်လေးအတွင်း၌ သူမကိုယ်သူမအတွက်သာ စိတ်မကောင်းဖြစ်နေလေသည်။

သူမ၏ အရင်ဘဝတွင် လေယာဥ်မတော်တဆ ပျက်ကျခဲ့၏။ သေချာပေါက်ပင် သူမခန္ဓာကိုယ်က အစအနပင် မကျန်ရစ်ခဲ့ပါပေ။ သူမအနေဖြင့် သူမလာခဲ့သည့်နေရာကို ပြန်သွားရန် အခွင့်အလမ်း ရှာတွေ့ခဲ့လျှင်တောင်မှ သရဲတစ်ကောင်သာ ဖြစ်သွားရလိမ့်မည်။

ထို့ပြင် ဒီနေရာတွင်...သူမက စာအုပ်ထဲသို့ ရောက်နေခြင်း ဖြစ်သော်ငြား အရာအားလုံးက မူလအတိုင်းအတိအကျ ဖြစ်နေပုံ မပေါ်ပါပေ။

မူလကိုယ်ပိုင်ရှင်က စာအုပ်ထဲတွင် ဆိုးဆိုးရွားရွား သေဆုံးခဲ့ရမည် ဆိုလျှင်တောင်မှ သူမကတော့ ဖြစ်လာနိုင်သမျှအားလုံးကို ရှောင်ကြဥ်ပြီး ဂရုတစိုက်နှင့် အဆုံးထိ ရောက်အောင်သွားမှာပင်။ ဟုတ်ပြီလား?

ဒီလိုပုံရိပ်မျိုးရှိနေချိန်တွင်...နဥ်အန်းအန်း ခံစားမိသည်က ယခုအချိန်၌ ဖိအား အများဆုံးအရာမှာ သူမအနေဖြင့် ဘွဲ့ရထားသည့် အာဟာရပညာရှင် ဖြစ်ဖို့၊ သူမကိုယ်ပိုင်အလုပ်ရှိဖို့ နှင့် အမှီအခိုကင်းစွာ ခိုင်ခိုင်မြဲမြဲ ရပ်တည်နိုင်ရန် ဖြစ်သည်။

ကိုကိုဗီလိန်ရဲ့ ချစ်လှစွာသော ညီမလေး ကိုကိုဗီလိန်ရဲ့ ချစ်လှစွာသော ညီမလေးWhere stories live. Discover now