Chapter 8: ကိုကို... နည်းနည်းလောက် စားကြည့်ချင်လား?(1)

3K 518 9
                                    

Unicode

ဟောက်ယန်ရှောင်က အောက်ထပ်သို့ ဆင်းလာဖို့ရာ အစီအစဥ် မရှိပေ။ သို့သော် နဥ်အန်းအန်းက သူ့အလုပ်ကိုလာရှုပ်ကာ အစားအသောက် အကြောင်း ပြောသွား၏။ သူမထွက်သွားပြီးနောက်တွင် သူ အနည်းငယ် ဆာလောင်လာသလို တကယ်ခံစားလိုက်ရသည်။

သူက ညစာစားပြီးချိန်တွင် သရေစာ စားလေ့စားထ မရှိတာကြောင့် ရေတစ်ခွက်သောက်ရန်သာ စီစဥ်လိုက်သည်။

အပေါ်ထပ်ရှိ ရေသန့်စက်မှာ ရေကုန်နေသည်မို့ နောက်တစ်ခု ရှိသည့် အောက်ထပ်သို့သာ ဆင်းသွားလိုက်တော့၏။

သူ အောက်ထပ်သို့ ဆင်းလာချိန်၌ ချက်ချင်းဆိုသလိုပင် မွှေးပျံ့သင်းကြိုင်သော အစားအစာ ရနံ့ကို ရလိုက်လေသည်။

ဒါက နဥ်အန်းအန်း ပုံမှန်စားတတ်သော အနံ့ပြင်းပြင်းနှင့် အသင့်စားခေါက်ဆွဲများဆီမှ မဟုတ်ပါပေ။ ၄င်းမှာ ထိပ်တန်းအဆင့် စာဖိုမှူးခေါင်းဆောင်ကိုယ်တိုင် ချက်ပြုတ်ထားသည့် အစားအသောက်များ၏ ရနံ့နှင့် ပိုတူနေ၏။

သူက အနည်းငယ် သံသယရှိသွားသည်မို့ ရေယူပြီးသည်နှင့် ထမင်းစားခန်းဆီသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်၏။

နဥ်အန်းအန်းက သူ့ဘက်ကို ကျောပေးထားပြီး သူမကို သူကြည့်နေသည်ကိုလည်း သိဟန်မတူပါပေ။

သူမြင်နေရသည့်အတိုင်းဆိုလျှင် သူမက ထိုနေရာတွင်ထိုင်ကာ ညစာကို ကျက်သရေရှိစွာ တပျော်တပါး စားသောက်နေလေပြီး သူမ၏ အစားအစာထံမှ မွှေးရနံ့သင်းပျံ့ပျံ့သည် သူ့နှာခေါင်းထဲမှ တစ်ဆင့် သွေးကြောဆဲလ်များဆီထိ စိမ့်ဝင်သွားချေ၏။

ဒီတော့.. သူမခုနက ထွက်သွားတာက အိမ်ကို အစားအသောက်ပြန်သယ်လာဖို့အတွက်တဲ့လား?

ဟောက်ယန်ရှောင်က အမူယာမဲ့စွာဖြင့် ဘာစကားတစ်ခွန်းမှ မပြောလေပဲ လှေကားရှိရာဆီသို့ ပြန်လှည့် လျှောက်သွားသည်။

သို့သော်ငြား...သူ့ရဲ့ စာကြည့်ခန်းဆီပြန်ရောက်ကာ ထိုင်လိုက်ပြီးနောက် သူ့နှာခေါင်းထဲတွင် အစားအသောက်၏ မွှေးရနံ့က ကျန်ရှိနေဆဲ ဖြစ်ပေသည်။ သူက ရေတစ်ခွက်လုံးကြီး သောက်ပြီးတာတောင်မှ ဗိုက်ဆာနေသေးတယ်!

ကိုကိုဗီလိန်ရဲ့ ချစ်လှစွာသော ညီမလေး ကိုကိုဗီလိန်ရဲ့ ချစ်လှစွာသော ညီမလေးDove le storie prendono vita. Scoprilo ora