Chapter 17: အနီရောင်လက်ကို ဖမ်းမိပြီ(3)

2.6K 475 25
                                    

Unicode

သူမက ဆက်ပြောသည်။

"ပြီးတော့ ဒီဂိမ်းက: ကျွန်မတို့ တစ်မိနစ်စာ မီးမှိတ်မှာပဲ ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီတစ်မိနစ်အတွင်းမှာ ရှင်တို့အားလုံးက ပုံမှန် မီးဖွင့်ထားချိန်မှာ မလုပ်ရဲတာတွေကို လုပ်နိုင်ပါတယ် "

သူမ ဘေး၌ ရပ်နေသည့် ချင်ကျိယီက ကြားဖြတ်ပြောလေ၏။

"ကျွန်မ သဘောတူတယ် "

သူမက အကြည့်တစ်ချက်နှင့်ပင် နဥ်ချန်းဖန် ဘေးရှိနေရာကို ဦးထားလိုက်တော့သည်။

ဒီနေရာ၌ ရှိနေသူများမှာ လူငယ်များသာ ဖြစ်၏။ မိန်းကလေးနှစ်ယောက်ကတောင် ဒီလိုမျိုးအကြံပြုသည်ကို ကြားလိုက်ရမှတော့...သူတို့က ဘာလို့သဘောမတူရမှာလဲ? သဘာဝကျကျပင် အလျှင်အမြန် ဆုံးဖြတ်ပြီးသွားချေပြီ။

နဥ်အန်းအန်း မှာ သူမ ဒီနေ့ တကယ်ကို ကံကောင်းနေသည်ဟု ခံစားရပေသည်။ သူမက နဥ်ချန်းဖန်၏ ဆံပင်ကို မည်သို့ ခိုးကြောင်ခိုးဝှက် ယူရမည်အား စဥ်းစားနေစဥ် 'တစ်မိနစ်လောက် မီးပိတ်စို့' ဟု ကြေညာချက်ကို ကြားလိုက်ရ၏။ ဒါက ဟိုစကားပုံလိုပင်...အိပ်ချင်လာသည့်အချိန်မှာ တစ်ယောက်ယောက်က ခေါင်းအုံးလာကမ်းသလိုဖြစ်သည်။

သူမက နဥ်ချန်းဖန် ရှိရာဆီ ခိုးကြောင်ခိုးဝှက် သွားလိုက်လေ၏။ ဒီခန္ဓာကိုယ်က သူမ၏ အရင်ကိုယ်ကဲ့သို့ မဟုတ်ပေ။ ဒီကိုယ်က သန်မာလှလေသည်မို့ ဘာပြဿနာမှ မရှိလှချေ။

သူမက ရှားရှောင်ဝမ်၏ အသံကို ကြားလိုက်ရ၏။

"စရေပါပြီ...၁၀...၉...၃...၂...၁!"

ထို့နောက် အရာအားလုံးက မည်းမှောင်သွားတော့သည်။

အမှောင်ထဲတွင် နဥ်အန်းအန်းက နဥ်ချန်းဖန် ရှိရာဘက်သို့ ကျားတစ်ကောင်လို ခိုးကြောင်ခိုးဝှက် သွားလေ၏။ သူမ ဘယ်သူ့ကို ဝင်တိုက်လိုက်မိမှန်း မသိသော်ငြား မိန်းကလေးတစ်ယောက်၏ နူးနူးညံ့ညံ့ ငိုလိုက်သံကိုတော့ ကြားရချေသည်။

နဥ်အန်းအန်းမှာ ဤအချိန်၌ စိုးရိမ်မနေအားပါပေ။ လက်တစ်ဖက်ဖြင့် သူ့ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး နောက်လက်တစ်ဖက်က ဆုပ်ကာ ဆွဲချလိုက်လေသည်။

ကိုကိုဗီလိန်ရဲ့ ချစ်လှစွာသော ညီမလေး ကိုကိုဗီလိန်ရဲ့ ချစ်လှစွာသော ညီမလေးDonde viven las historias. Descúbrelo ahora