Chapter 10: ကိုကို...နည်းနည်းလောက် စားကြည့်ချင်လား?(3)

2.8K 500 6
                                    

Unicode

ဟောက်ယန်ရှောင်က မလှုပ်ပါပေ။

နဥ်အန်းအန်းက သူ့ဆီသို့ လမ်းလျှောက်သွားချေပြီ ဖြစ်သည်။ သူမက ခဏမျှ တုန့်ဆိုင်းနေပြီးနောက် သူ့လက်မောင်းကို နူးနူးညံ့ညံ့ ကိုင်လိုက်ကာ ထိုင်ခုံရှိရာဆီသို့ ဆွဲခေါ်လာခဲ့သည်။

သူက ဒါကို မငြင်းဆန်ပါပဲ တိတ်ဆိတ်စွာ ထိုင်လိုက်လေ၏။

ဒါကို မြင်လိုက်ချိန်၌ နဥ်အန်းအန်းမှာ အကြံဉာဏ်ကောင်းတစ်ခု ရသွားသည်။

သူမအနေဖြင့်  မနေ့ညက သူမချက်ထားသည်များကို သူ စားပြီးချိန်၌ မနက်စာကို သူ မစားအောင် တောင်ခံနေနိုင်ဟု မထင်ထားပါပေ။ ကြည့်လေ! အခု သူက လိုက်လျောနေပေပြီ။

သူ့ရဲ့ သဘောထားက သူမအပေါ် ဘာကြောင့် ကောင်းလာသည်ဆိုသည့်အကြောင်းကိုတော့ သူမနောက်ပိုင်းမှ ရှာကြည့်ရပေမည်။

နဥ်အန်းအန်းက အစားအသောက်များကို ထည့်လိုက်လေပြီး တူနှင့် ထမင်းပန်းကန်လုံး ကို ဟောက်ယန်ရှောင်ဆီ ကမ်းပေးလိုက်၏။ သူမ၏ မျက်ဝန်းလေးက ပြုံးလိုက်သည်မို့ ကွေးညွတ်သွားလေသည်။

"ကိုကြီး...ညီမလေးရယ် အများကြီးချက်ထားတယ်။ ကိုကို ကြိုက်သလောက် စားလို့ရတယ်နော်"

ဟောက်ယန်ရှောင်က သူမကို အမူအရာမဲ့စွာ ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် တူကို ကောက်ကိုင်လိုက်သည်။ သူက အေးစိမ့်စိမ့် မျှစ်စို့လေးကို ဦးစွာ စားကြည့်လိုက်သည်။

ယင်း၏ အစပ်ပမာဏမှာ အလွန်ပင် ပြည့်စုံနေပေပြီ။ မာကြွပ်ကြွပ်လေးနှင့် အလွန်တရာ စားချင်စဖွယ်ကောင်းလှ၏။

သူနှင့် ဆန့်ကျင်ဘက်တွင် ထိုင်သော နဥ်အန်းအန်းက ပေါက်စီနှင့် ဘန်းကိတ်များကို သူ့ရှေ့သို့ တိုးပေးလိုက်သည်။

"ကိုကြီး...ဒီပေါက်စီတွေကလေ ပါဝင်ပစ္စည်းအများကြီးနဲ့ လုပ်ထားတာ။ ညီမလေး ထည့်ထားတာတွေက ပုစွန်၊ အမဲသား၊ မှို၊ ကောက်ညင်းဆန်၊ ပြီးတော့ တရုတ်နံနံပင်တွေရောပဲ။ ဘန်းကိတ်တွေကိုတော့ မုန်လာဥနီရယ်၊ ပဲပင်ပေါက်တို့ရယ် အသီးအရွက်တွေချည်း ဋ္ဌာပနာထည့်ထားတာ"

ကိုကိုဗီလိန်ရဲ့ ချစ်လှစွာသော ညီမလေး ကိုကိုဗီလိန်ရဲ့ ချစ်လှစွာသော ညီမလေးDonde viven las historias. Descúbrelo ahora