Chapter 15: အနီရောင်လက်ကို ဖမ်းမိပြီ(1)

2.5K 408 0
                                    

Unicode

နောက်တစ်နေ့ မနက်ခင်းတွင် ဟောက်ယန်ရှောင် က ထွက်သွားနှင့်ပြီ ဖြစ်ပြီး နဥ်အန်းအန်း တစ်ယောက်ထဲ စံအိမ်ကြီးထဲတွင် ကျန်ခဲ့လေ၏။

သူမတင်ထားခဲ့သည့် ဧည့်ခန်းထဲရှိ ကော်ဖီစားပွဲပေါ်မှ ဖိတ်စာမှာ သူမအစ်ကို ဟောက်ယန်ရှောင် ယူသွားပြီ ဖြစ်သည်။ ကြည့်ရသည်မှာ သူက သူမချန်ထားခဲ့သည့် noteကို တွေ့လိုက်ပုံရ၏။

သူမက ထမင်းစားခန်းထဲတွင် မနက်စာစားလိုက်ပြီးနောက် နဥ်အန်းအန်းက သူမဖုန်းထဲရှိ သတင်းအချို့ကို ဖတ်နေလိုက်ပြီး ရုတ်တရက် ပျင်းရိလာပေသည်။

မူလကိုယ်က ဟောက်မိသားစုတွင် နေရာတစ်ခု ရှိသော်ငြား အနည်းနဲ့အများ နာမည်ခံသာ ရှိပေသည်။ မတူညီသည့် ဟောက်ယန်ရှောင် ကမူ ကျောင်းသားဘဝ ကို နောက်ကျမှ ဖြတ်သန်းခဲ့သော်လည်း သူက အမြဲလိုလို အဆင့်ကောင်းများရတတ်ကာ ကောလိပ်တက်ချိန်တွင်လည်း ပညာသင်ဆု အပြည့်အဝ ရခဲ့လေ၏။

ကောလိပ်တက်နေချိန်တွင် ဟောက်ယန်ရှောင် က သူ့ကိုယ်ပိုင် ကုမ္ပဏီကို စတင်ခဲ့ပြီး ငယ်ရွယ်လှသည့် အသက် ၂၆ နှစ်တွင် မြို့တော်၌ လုပ်ငန်းစုကြီး ပိုင်ဆိုင်နိုင်ခဲ့ပေသည်။

မူလကိုယ်ကတော့ ခြားနားစွာပင် အထက်တန်းကျောင်း၌ ဘယ်တော့မှ အဆင့်မကောင်းခဲ့ပေ။ သူမ ကြိုးစားခဲ့သော်ငြား မျိုးရိုးဗီဇနှင့် သက်ဆိုင်နေပုံရသည်။ သူမ မည်မျှပင် ကြိုးစားကြိုးစား အတန်း၏ အောက်ဆုံးအဆင့်မှာသာ ရှိနေခဲ့သည်။

သူမက အထက်တန်းကျောင်းပြီးသွားခဲ့သော်ငြား မည်သည့် တက္ကသိုလ်ကိုမှ မတက်နိုင်ခဲ့ပါချေ။ ထို့နောက် သူမက ဟောက်ယန်ရှောင်၏ ကုမ္ပဏီတွင် အတော်လေး အရေးမပါသော နေရာကို ရခဲ့သည်။ အချိန်အနည်းငယ်အကြာမှာတော့ သူမက ဒါကို ကောင်းမွန်သည့် အကြံဟု မထင်လေတော့ဘဲ ထိုအစား ဟောက်ယန်ရှောင် အတွက် သတင်းထောက်များ ကို တစ်ဦးတည်း  ကူညီဖြေရှင်းပေးလေတော့သည်။

အံ့အားသင့်ရသည်မှာ သူမက ရိုးရိုးရှင်းရှင်း နှင့် ရက်စက်တတ်သည်မို့ ဒီနေရာတွင် အဆင်ပြေနေသည်ကိုပင်။ သူမက ဟောက်ယန်ရှောင်အတွက် အနှောင့်အယှက်များကို ဖြေရှင်းပစ်ခဲ့သည်မို့ သူမ၏ ဂုဏ်သိက္ခာမှာ အနုတ်ဘက်သို့ ထိုးဆင်းနေပါ၏။

ကိုကိုဗီလိန်ရဲ့ ချစ်လှစွာသော ညီမလေး ကိုကိုဗီလိန်ရဲ့ ချစ်လှစွာသော ညီမလေးWhere stories live. Discover now