စာစဉ် ၄၇ (၁၁-၂၀)

Start from the beginning
                                    

ဟန်ရှန်းယွီသည် မှုန်ကုတ်နေသည့်မျက်မှောင်ကြီးဖြင့်
ဖေးယန်ဘက်သို့  လှည့်လာသည် ။

“အစ်ကို ယန်…ပေါက်တတ်ကရတွေ လျှောက်မပြောနဲ့ ”

ဖေးယန်သည် ဟန်ရှန်းယွီ၏မျက်လုံးတို့နှင့် ဆုံမိသွားပြီး ကြောင်အသွား၏ ။

ငါက ဒီတိုင်း နောက်နေတာပါဟ ။ ရှန်းယွီက ဘာလို့  အဲ့လောက်တောင် အသည်းအသန်ကြီးဖြစ်နေရတာလဲ ။

ဟန်ရှန်းယွီ၏စိတ်မကြည်မသာ ဖြစ်လာခြင်းကြောင့် ဖေးယန်သည် ကျိတ်ရယ်မောမိလိုက်ကာ ပြောဆိုလာသည် ။

“နောက်တာပါကွာ၊ နောက်တာပါ”

ဒီနေ့  ထူးထူးဆန်းဆန်းပြုမူနေတဲ့သူက ကုန်ရွှီတင်မဟုတ်ဘူးလို့ 
ငါ ဘာလို့  ခံစားနေမိပါလိမ့် ။

ဖေးယန်သည် သူ့ စိတ်ထဲက အတွေးပေါင်းသောင်းခြောက်ထောင်ကို မောင်းထုတ်ပစ်လိုက်တော့၏ ။

“ဟုတ်သားပဲ၊ ဂုဏ်ပြုပွဲ နွှဲကြရအောင်လား ။ ဒီည အားလုံး မမူးမချင်း အိမ်မပြန်ရဘူး ။ ငါ အခန်းကြိုချိတ်ပြီးသွားပြီ”

အရှေ့ကားထဲတွင် ထိုင်နေသည့် ရီမူဖန်က ဖေးယန်က စွေစောင်းကာ ကြည့်လာချေပြီ ။

“ဘာပြောလိုက်တယ်….”

ဖေးယန် စိတ်ရှုပ်ထွေးသွား၏ ။
“ဂုဏ်ပြုပွဲ နွှဲကြရအောင်…ဆိုတာလား ။ ဘာဖြစ်လို့ လဲ”

“အဲ့ဒါ မဟုတ်ဘူး”

“ဟမ်…အဲ့ဒါ မဟုတ်ဘူးလား ။ ဒါဆို…
‘အားလုံး မမူးမချင်း အိမ်မပြန်ရဘူး’ ဆိုတာလား”

ဖေးယန်သည် တဒင်္ဂလောက် ကြောင်အနေပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားတော့လေပြီ ။

“ဒါရိုက်တာ ရီ ကလွဲပြီး !!!”

ဟန်ရှန်းယွီက ကျိတ်ရယ်မောလာသည် ။

“ကျွန်တော် စားပွဲထိုးကို အချိုရည်ပြင်ခိုင်းထားပြီးပြီ”

ရီဝမ်ဝမ် ။  “…”

ငါက အဲ့လောက်တောင်မှ ကြောက်စရာကောင်းနေလို့ လား ။

ရီဝမ်ဝမ်သည် အခုမှ စိတ်လွတ်လပ်သွားပြီဖြစ်သောကြောင့်
စီရီဟန်ထံသို့  သတင်းကောင်းကို မြန်မြန်စာရိုက်ပို့ တော့လေသည် ။ ထို့ နောက် ထပ်ဖြည့်ပြီးပါ ပြောဆိုလိုက်သေးသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now