💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 58
Chapter. : 9 - 16
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••စာစဉ် ၅၈၊ အခန်း ၉။ ညီမအလိမ်မာလေး
"လေးဆ ပေးမယ်" ရီ၀မ်၀မ် မဲ့ရွဲ့နေလေပြီ ။
"အာ...ဘော့စ် ကျော်ကြားသောက ကျွန်တေ်ာတို့ ကပ္ပတိန်နဲ့ ဒီလောက်တောင် ခင်တဲ့ဟာကို ၊ စည်းကမ်းတွေဆိုတာက အလကားချီးစကားတွေ ။ ကျွန်တော်တို့က တမအေထဲက မွေးတဲ့ ညီအစ်ကိုတွေလိုပဲဟာ...ဘော့စ် ကျော်ကြားသောကို ကူညီမပေးဘဲ နေစရာလား"
ပန်းစည်းသည် မှုန်ကုတ်နေသည့် မျက်နှာထားဖြင့် ရီ၀မ်၀မ်ကို ကြည့်ကာ ပြောလေသည် ။
ရေခဲတုံးသည်ပင် ရှားတောင့်ရှားခဲ ခေါင်းညိတ်လာ၏ ။
"ဆယ်ဆ ပေးမယ်ကွာ"
အကြီးအကဲ ယွမ် ဒေါသတကြီး အော်ပြောလိုက်၏ ။"ဆယ်စ...လား" ပန်းစည်းသည် တံတွေးကို မြိုချပစ်လိုက်ပြီး...
"ဟို ၊ ဘော့စ် ကျော်ကြားသောကို တောင်းပန်ပါတယ်ဗျာ ... ကျွန်တော်တို့က စည်းနဲ့ကမ်းနဲ့ နေလာတဲ့ ကြေးစားတွေပါဗျာ ။ ငွေကြောင့်နဲ့ စိတ်ကို ပြောင်းပစ်မှာ မဟုတ်ပါဘူး""အော်..." ရီ၀မ်၀မ်က ခေါင်းညိတ်သည် ။
"ကျွန်မက သန်း ၁၀၀၀ ပေးဖို့ လုပ်ထားတာ ။ ဆယ်ဆ ပေးမယ်ဆိုတော့ သန်း ၁၀၀၀၀ ပေါ့ ၊ လူနှစ်ယောက်စာ အတွက်ဆို သန်း ၂၀၀၀၀ ၊ သူ့ကို ပိုက်ဆံရှိရဲ့လားရော အရင်မေးကြည့်ပါဦး""သန်း..လား"
သူတော်စင်သည် အကြီးအကဲ ယွမ် ဘက်ကို တအံ့တသြ လှည့်လိုက်လေပြီ ။
"ဘော့စ် ယွမ် ၊ ကျွန်တော် ခင်ဗျားကို တကယ့်ကို အထင်ကြီးသွား ပြီ ။ ကျွန်တော် နဲ့ ချစ်စရာလေးလဲ ခင်ဗျားဘက်မှာပဲ နေပေးမယ်... ဒါပေမယ့် ပိုက်ဆံကိစ္စလေး အရင်ရှင်းလိုက်ရအောင်လား ။ ငွေသားနဲ့ပဲ ပေးဖို့ မဖြစ်နိုင်ဘူး ဆိုတော့ ကတ်နဲ့ ချေရအောင်"
"သန်း ၄ သောင်း...လား ၊ လာနောက်နေတာလား"
အကြီးအကဲ ယွမ် မှာ မျက်စိမျက်နှာ ပျက်သွား၏ ။
သူသည် သန်း ၄၀၀၀၀ ကို မဆိုနှင့် လေးသန်း ဆိုတာကြီးကိုပင် တစ်သက်လုံး မမြင်ဖူးခဲ့ပေ ။
YOU ARE READING
ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Romanceစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။