Book. : 50
Chapter. : 15 - 26
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၅၀၊ အခန်း ၁၅။ လူသတ်သမား
ရီဝမ်ဝမ်သည် သူမ၏ကျန်ရှိနေသည့် ဘ၀တစ်လျှောက်လုံး ကို သူမ ဘယ်သူဖြစ်ကြောင်း သို့ မဟုတ်
သူမမိသားစုသည် ဘယ်ဝါဖြစ်ကြောင်းကို ဘယ်တော့မှ ပြန်မမှတ်မိလောက်တော့ဟု အစက တွေးထင်ထားမိခဲ့ခြင်း ဖြစ်သည် ။အခုနက ပေါ်ထွက်လာသည့် မှတ်ဥာဏ်တစ်ပိုင်းတစသည်
သူမကို အအံ့သြကြီး အံ့သြသွားစေမိ၏ ။သူမသည် ကိုယ့်ဘ၀မှန်ကို စကာ သံသယ၀င်မိလိုက်သည် နှင့် ချက်ချင်းပင် သူမ ပိုင်ဆိုင်ခဲ့သည့် ထိုမှတ်ဥာဏ်တို့ က ထိုးထွက်လာခဲ့လေသည် ။ ထိုမှတ်ဥာဏ်တို့ ကို ပြန်ရနိုင်ဖို့ ရာ သူမ မျှော်လင့်လို့  ရနေသေးသည်လား ။
မူလမှတ်ဥာဏ်များ ပြန်ရနိုင်ဖို့  မျှော်လင့်ချက်လေး ထွက်လာသည်ကို သိလိုက်မိ၍ ရီဝမ်ဝမ်သည် အလွန်အမင်း ပျော်ရွှင်မိသွားသည် ။
သို့ သော်လည်း သူမ၏မိဘများ ကွယ်လွန်သွားကြလေပြီ ဆိုသည့် အချက်ကိုမူ လက်ခံဖို့ ရာ ခဲယဉ်းနေလေသည် ။သူမ၏မိဘအရင်းအချာနှစ်ပါးမှာ ဤလောကကြီးကနေ ထွက်သွားနှင့်ကြလေပြီ ။ ထို့ ပြင်
သူမ၏အဘိုးသည်လည်း အသက်ရှင်နေသေးသည်လား၊ ဘယ်ကို ရောက်နေလေသည်နည်း သူမ မသိရသေး ။ရီဝမ်ဝမ်သည် သောင်းပြောင်းရောထွေးနေသည့် စိတ်ခံစားချက်တို့ ကို ချိုးနှိမ်ပစ်လိုက်ပြီး ခေါင်းထဲက ထိုးကိုက်နေခြင်း သက်သာသွားသည် ကို စောင့်ပြီးနောက်
ရီ အိမ်တော်ဆီ ထပ်မောင်းသွားလိုက်သည် ။သူမ ကားထဲက အထွက်တွင် ရီမူဖန်သည်လည်း အိမ်တော်သို့  ပြန်ရောက်လာလေသည် ။
ရီမူဖန်သည် ကားသော့ကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး
ရီဝမ်ဝမ်ဆီသို့  မြန်မြန်လျှောက်လာသည် ။"၀မ်ဝမ်…နေကောင်းရဲ့လား"
ရီမူဖန်သည် ထိုမသိမသာလေး စိတ်လွတ်နေသည့် ရီဝမ်ဝမ်ကို ကြည့်ကာ တိတ်တိတ်လေး မေးလာသည် ။
YOU ARE READING
ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Romanceစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။